Pages

Pages - Menu

Saturday, December 15, 2012

ကမ္ဘာ့ အရှည်ဆုံး မြန်နှုန်းမြင့် မီးရထားလမ်း တရုတ် နိုင်ငံ၌ ဖွင့်လှစ်မည်


ကမ္ဘာ့ အရှည်ဆုံး မြန်နှုန်းမြင့် မီးရထားလမ်း တရုတ် နိုင်ငံ၌ ဖွင့်လှစ်မည်


ကမ္ဘာ့ အရှည်ဆုံး မီးရထားလမ်း တစ်ခုဖြစ်သော ပေကျင်း-ကွမ်ကျိုး မြန်နှုန်းမြင့် ရထားလမ်းကို ဒီဇင်ဘာ ၂၆ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း China Central ရုပ်သံ ဌာန၏ ကြေညာချက်များ အရ သိရသည်။

အဆိုပါ ရထားလမ်းသည် ပေကျင်းမြို့နှင့် ကွမ်ကျိုးမြို့ အကြား ဆက်သွယ် ဖောက်လုပ် ထားသော ရထားလမ်း ဖြစ် ကြောင်း၊ ၎င်းမြို့ နှစ်မြို့ကြား ခရီးအကွာ အဝေးသည
် ၂၂၉၄ ကီလိုမီတာ ရှိပြီး ယခင်က နာရီ ၂ဝ ကြာ မောင်းနှင်ရသော ခရီးကို ယခု အခါတွင် ၈ နာရီကြာ သာခုတ်မောင်း နိုင်တော့မည် ဖြစ်ကြောင်း ၎င်းသတင်း ဌာနက ဆက်လက် ပြောကြားခဲ့သည်။

ထိုမြန်နှုန်းမြင့် ရထားလမ်းသည် တရုတ်နိုင်ငံ မြောက်ပိုင်း ဟေဘေး ပြည်နယ်ရှိ ကျားကျွမ်းမြို့ နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့နှင့် နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ရှန်ကျန်း မြို့များကို ဖြတ်၍ ပြေးဆွဲ ခုတ်မောင်း မည် ဖြစ်ကြောင်း တရုတ် နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ရထားလိုင်းသစ် အတွက် လက်မှတ် ဈေးနှုန်းကို မီးရထား ဝန်ကြီး ဌာနက ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် ဒုတိယတန်း ထိုင်ခုံ တစ်လုံးအတွက် လက်မှတ်ခမှာ ယွမ် ၉ဝဝကျော် ကုန်ကျနိုင်ဖွယ် ရှိပြီး လက်ရှိဈေးနှုန်း ယွမ် ၂၅၃ ထက်ကျော်လွန် နိုင်ကြောင်း၊ အိပ်ခန်းတွဲ လက်မှတ် တစ်စောင်လျှင် ယွမ် ၄၅ဝ ဝန်းကျင် ရှိကြောင်း သိရသည်။

ယခုနှစ် ပထမ ၁၁ လ အတွင်း ရထားလမ်း တည်ဆောက်မှုနှင့် ရထားတွဲ ဝယ်ယူမှုများ အပါ အဝင် စုစုပေါင်း ကုန်ကျငွေသည် အမေရိကန် ဒေါ်လာ ၈၁ ဒသမ ၁ ဘီလီယံ ရှိကြောင်း မီးရထား ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။


အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

ကမ္ဘာ့ အရှည်ဆုံး မီးရထားလမ်း တစ်ခုဖြစ်သော ပေကျင်း-ကွမ်ကျိုး မြန်နှုန်းမြင့် ရထားလမ်းကို ဒီဇင်ဘာ ၂၆ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း China Central ရုပ်သံ ဌာန၏ ကြေညာချက်များ အရ သိရ
သည်။
အဆိုပါ ရထားလမ်းသည် ပေကျင်းမြို့နှင့် ကွမ်ကျိုးမြို့ အကြား ဆက်သွယ် ဖောက်လုပ်ထားသောရထားလမ်း
 ဖြစ် ကြောင်း၊ ၎င်းမြို့ နှစ်မြို့ကြား ခရီးအကွာ အဝေးသည် ၂၂၉၄ ကီလိုမီတာ ရှိပြီး ယခင်က နာရီ ၂ဝ ကြာ
မာင်းနှင်ရသော ခရီးကို ယခု အခါတွင် ၈ နာရီကြာ သာခုတ်မောင်း နိုင်တော့မည် ဖြစ်ကြောင်း ၎င်းသတင်း ဌာနက ဆက်လက် ပြောကြားခဲ့သည်။
ထိုမြန်နှုန်းမြင့် ရထားလမ်းသည် တရုတ်နိုင်ငံ မြောက်ပိုင်း ဟေဘေး ပြည်နယ်ရှိ ကျားကျွမ်းမြို့ နိုင်ငံ အလယ်
ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့နှင့် နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ရှန်ကျန်း မြို့များကို ဖြတ်၍ ပြေးဆွဲ ခုတ်မောင်း မည် ဖြစ်ကြောင်း တရုတ် နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ ရထားလိုင်းသစ် အတွက် လက်မှတ် ဈေးနှုန်းကို မီးရထားဝန်ကြီး ဌာနကထုတ်ပြန်ခြင်းမရှိသေးပေ
။သို့သော် ဒုတိယတန်း ထိုင်ခုံ တစ်လုံးအတွက် လက်မှတ်ခမှာ ယွမ် ၉ဝဝကျော် ကုန်ကျနိုင်ဖွယ် ရှိပြီး လက်
ရှိဈေးနှုန်း ယွမ် ၂၅၃ ထက်ကျော်လွန် နိုင်ကြောင်း၊ အိပ်ခန်းတွဲ လက်မှတ် တစ်စောင်လျှင် ယွမ် ၄၅ဝ ဝန်း
ကျင် ရှိကြောင်း သိရသည်။
ယခုနှစ် ပထမ ၁၁ လ အတွင်း ရထားလမ်း တည်ဆောက်မှုနှင့် ရထားတွဲ ဝယ်ယူမှုများ အပါ အဝင် စုစုပေါင်း ကုန်ကျငွေသည် အမေရိကန် ဒေါ်လာ ၈၁ ဒသမ ၁ ဘီလီယံ ရှိကြောင်း မီးရထား ဝန်ကြီး ဌာနက ပြောကြား
ခဲ့သည်။
မြ၀တီ

No comments:

Post a Comment