Pages

Pages - Menu

Thursday, December 27, 2012

သီချင်းက မဟောင်းသေးတာလား ခေတ်က မပြောင်းသေးတာလား ( ဒီမိုကရေစီရပြီးချိန်ထိ လယ်သမားတွေရဲ့ဘ၀ကို တိုးတတ်အောင်လုပ်မပေးနိုင်သေး) ဆောင်းပါး

သီချင်းက မဟောင်းသေးတာလား ခေတ်က မပြောင်းသေးတာလား

ရေးသားသူ- သင်းရီ

“ဘယ်အစားလဲလို့ .. မေးခဲ့ကြရင်ဖြင့် ...လယ်သမားပဲဗျို့ ကျွေးမွေးတဲ့ သခင်တွေ .. စကား ပြိုင်ချေ အားပြိုင်ချေ.. အများ ထက်သာနိုင်ပေ .. ဒို့လယ်သမားတွေ.. လူတို့ဌာနေ အာဟာရဖြန့်ကာဝေ ...”

လွတ်လပ်ရေးမရမီ သူ့ကျွန်ဘ၀ စစ်ကြိုခေတ်က ခေတ်စားခဲ့သော ခေတ်ဟောင်း သီချင်းတစ်ပုဒ်ဖြစ်သည်။ ဒဂုံဆရာတင် ရေးပြီး အဆိုတော် မောင်ပွကြီးက သီဆိုခဲ့သည်။ လယ်သမားတွေကို အာဟာရ ကျေးဇူးရှင်များအဖြစ် ဂုဏ်ပြု စပ်ဆိုခဲ့သည့် “ဒို့လယ်သမား” သီချင်းဖြစ်၏။ သီချင်းထဲတွင်ပါသည့် စာသားတွေကလည်း လယ်သမားများနှင့် ပီဘိထိုက်တန်သော စာသားတွေဖြစ်လေသည်။

သို့သော် လယ်သမားတို့ဘ၀က ဓားမနောက်ပိတ် ဓားခွေးဆိုသကဲ့သို့ပင် နောက်တန်းအောက်တန်းမှာသာ နေခဲ့ကြရသည်။ သူ့ကျွန်ဘ၀အခါတုန်းကလည်း အင်္ဂလိပ်တို့ တင်သွင်းလာသည့် ချစ်တီးတို့လက်တွင် လယ်သိမ်း ယာသိမ်း လှည်းသိမ်း ... နောက်ဆုံး သမီးကိုပါ အသိမ်းပိုက်ခံရသည့် ဘ၀မျိုးတွေနှင့်သာ ကြုံခဲ့ကြရသည်။ ထို့ကြောင့်ပင် ထန်းတစ်ပင် လယ်သမား အရေးအခင်းလို၊ ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံကြီးတွေလို အုံကြွတော်လှန်မှုကြီးများ ပေါ်ပေါက်လာခဲ့ကြရသည်။

လွတ်လပ်ရေးရခဲ့ကာ ကိုယ့်မင်းကိုယ့်ချင်းနှင့် ဒီမိုကရေစီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၁၀ နှစ်တာ ဒီမိုကရေစီ အမြည်းအစမ်းကာလ အချိန်အခါတွင်လည်း စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံ၏ အဓိကလူတန်းစားဖြစ်သည့် လယ်သမားတို့ဘ၀က အသက်၀၀ ရှူနိုင်လာသည့်တိုင် ရှေ့တန်းသို့မူ ရောက်မလာခဲ့သေး။

၁၉၆၂ တွင် စစ်တပ်မှ အာဏာသိမ်းကာ ဆိုရှယ်လစ်အရေခြုံခဲ့သည်တိုင် ဆိုရှယ်လစ်စနစ်၏ အဓိကအခြေခံလူတန်းစားဖြစ်သည့် အလုပ်သမား၊ လယ်သမားတို့၏ဘ၀က ဖွတ်သထက်ညစ်၊ နစ်သထက်ကျွံဘ၀တွင်သာ ငုတ်ရိုက်ထားသလို အနည်ထိုင်ခဲ့ကြရလျက် ရေပေါ်ဆီအာဏာရှင်တို့သာ ပြောင်ပြောင်ရောင်ရောင်ရှိခဲ့ကြသည်။ သို့နှင့်ပင် ၂၆ နှစ်အကြာ၌ ကျောင်းသားများက ဦးဆောင်ကာ နိုင်ငံနှင့်အ၀န်းမှ တောင်သူလယ်သမားအများစုကြီး ပါဝင်ဆင်နွှဲသော တစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချရေး ၁၉၈၈ သြဂုတ်လ ၈ ရက် ပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရသည်။

လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ကိုးကွယ် စိုက်ပျိုး သိုလှောင် ရောင်းချပိုင်ခွင့်များကို အခြေခံသည့် ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြသည်။

သို့သော် ဒီမိုကရေစီ ကြက်ဦးမတွန်နိုင်သေးမီမှာပင် စစ်အုပ်ချုပ်ရေး၏ အကြွင်းမဲ့အာဏာနှင့်အတူ ပါလာသည့် ခရိုနီများ၏ လက်ဝယ်တွင် လယ်သမားတို့၏ လယ်ယာမြေတို့ စိတ်ရှိတိုင်း ခြယ်လှယ်ခံခဲ့ကြပြန်၏။   လယ်လုပ်သူ လယ်မပိုင်ဘဲ လယ်လုပ်ပိုင်ခွင့်သာရှိသည့် ဥပဒေက လယ်သမားတို့အား ကယ်သူမဲ့ဘ၀သို့သာ တွန်းပို့ခဲ့လေသည်။

သို့သော် ထုသားပေသားရနေသည့် လယ်သမားတို့အဖို့ကား လက်ဝယ်ရှိနေသမျှသေးသော လယ်ကလေးတွေကို လုပ်ပိုင်ခွင့်ရနေသေးသည်ကိုပင် နတ်သိကြားပေးသည့် ဆုလာဘ်တစ်ခုနှယ် ၀မ်းမြောက်ဝမ်းသာ ဖြစ်လို့မဆုံးနိုင်ကြ။ ထွန်တုံး ထွန်တံနှင့် မြေကြီး လက်ဆုပ် လုပ်ပိုင်ခွင့်လေးရှိနေသေးလျှင်ပင် နေပျော်သည့်ဘ၀ တစ်ခုကို ပိုင်ဆိုင်နေရခြင်း ဖြစ်သည်ဟု တွေးမြင်ခံစားတတ်ကြသူများ ဖြစ်လေ၏။

နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း၊  နတ်တော်ဆို တစ်မျှော်တစ်ခေါ် လယ်ကွင်းပြင်ကြီးက နံနက်စောစော ဆောင်းနေခြည်အောက်တွင် ကြည့်လိုက်တိုင်း ၀င်းထိန်နေတတ်သည်။ နှင်းမှုန်ဖွေးဖွေးလေးတွေ ခိုသီးရွှဲစိုနေသော စပါးနှံတွေက အိတွဲငိုက်ကျနေလိုက်လို့ ..။ မြောက်လေဖြူးဖြူးမှာ ဘယ်ညာ ယိမ်းကလို့ ...။

လယ်သမားတစ်ယောက်အဖို့တော့ လယ်ကန်သင်းဆုံတွင်ရပ်ကာ အဲ့သည့် ရွှေဝါရောင်လယ်ကွင်းကြီးကို ကြည့်ရမြင်ရရုံနှင့်ပင် တစ်မိုးလုံး ရွှံ့ထဲ၊ ရေထဲ နွားနှင့်အတူ ကုန်းရုန်းလာခဲ့ရသည့် အမောတွေက ပြေသည်။ ကောက်သင်းရနံ့တွေ လှိုင်နေသည့် မြောက်ပြန်လေကို တစ်ဝကြီး ပြင်းပြင်းရှိုက်ရှူလိုက်ရင်းလည်း ဆောင်းသီးနှံအတွက် အစိုဓာတ်မီအောင် အမြန်ထွန်ဖို့ ယက်ဖို့ အားယူရသည်။ ငွေပေါ်ချိန်နီးပြီမို့ စိတ်လက်ပေါ့ပါး ပျော်ရွှင်နေတတ်ကြသည်။

ဟိုယခင် မြန်မာ့ဆိုရှယ်လစ်ဆိုသည့် ခေတ်အခါတုန်းကတော့ စပါးပေါ်သည်နှင့် တာဝန်ကျေ စပါး၊ တပ်မတော် ရိက္ခာစပါး၊ ဟိုစပါး သည်စပါး၊ ဘာညာစပါးနှင့်ပင် တလင်းထဲ စပါးမကျန်တတ်။ တာဝန်ကျေစပါး မချနိုင်သဖြင့် ရဲစခန်းထဲ ကိုယ့်ထမင်းထုပ်နှင့်ကိုယ်သွား အချုပ်ခံရလိုခံရနှင့် စပါးပေါ်ချိန်မြင်ကွင်းက မလှပခဲ့။ လယ်သမား ဆန်ဝယ်စားခဲ့ရသည့်ခေတ်။

ယခုတော့ တောင်းခဲ့သည့် ဒီမိုကရေစီရနံ့လေး သဲ့သဲ့ရလာသလိုရှိသဖြင့် လယ်ယာထွက်ပစ္စည်းတွေကို လွတ်လပ်စွာ သိုလှောင် ကြိတ်ခွဲ၊ သယ်ယူရောင်းချခွင့် ရှိလာသောကြောင့် အထိုက်အလျောက်တော့ဖြင့် လယ်သမားဘ၀ထူထူထောင်ထောင်ရှိလာပြီဟု ဆိုရမည်လားမသိ။ သို့သော် သိပ်တော့ဖြင့်လည်း ထူးထူးခြားခြား တိုးတက်လာမှုတွေမရှိလှ။ တိုးတက်လာနိုင်အောင်လည်း နည်းပေးလမ်းပြ ပို့ချသင်ကြား ထောက်ပံ့ကူညီမှုတွေ မမြင်ရသေး။ လုပ်ငန်းသုံး ပစ္စည်းကိရိယာနှင့် နည်းပညာတွေက ဟိုဘက်ရာစုထဲမှာပင် အိပ်မောကျနေဆဲဆိုလျှင်လည်း မှားမည်မဟုတ်။

သို့သော် လယ်သမားဆိုသည်က သူ့လယ်သူ့မြေလေးပေါ် အပိတ်အပင် အတားအဆီး အနှောင့်အယှက်ကင်းကင်း ရာသီဥတုမှန်မှန်ကန်ကန်လေးနှင့် ကိုယ်စိုက်ချင်တာလေးကိုစိုက်ပျိုးနေရလျှင် လူဖြစ်ရကျိုးနပ်လိုက်တာဟု ရောင့်
ရဲပျော်ရွှင်နေတတ်သူတွေ ဖြစ်လေသည်။

သို့သော် သည်နှစ်ထဲတွင်တော့ မြန်မာပြည် မြေလတ်ပိုင်းဒေသ တော်တော်များများမှ လယ်သမားတွေ ၀မ်းမမြောက်နိုင်ကြ။ စပါးတွေ နို့ရည်တည်ပြီး အောင်ချိန်ကျခါမှ နောက်မိုးက တာ့တာလုပ်သွားသည်။ တော်သလင်းလ ဆန်းကတည်းကပင် မိုးက ပြန်စောင်းတောင်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။ ရာသီမိုးကိုသာ အမှီပြုသည့် အခြေအနေတွင် လယ်သမားတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြရသည်။ ရေစီးရေလာရှိသေးသည့် ချောင်းနှင့် အင်း နှင့် နီးသည့် လယ်တချို့ ရေစုပ်စက်ဖြင့် ရေတင်ကာ အသက်ဆက်နိုင်ခဲ့သေးသော်လည်း အများစုကြီးကမူ ဆေးမမီတော့သည့် ကိုယ့်သားသမီးဝေဒနာသည်ကို သည်အတိုင်း လက်ပိုက်ကာ ငုတ်တုတ်ထိုင် ကြည့်နေလိုက်ကြရသလို ရင်ထဲမချိကြ။

တကယ်တော့ ကောက်တစ်ပင် လယ်တစ်ကွက် ဖြစ်လာဖို့ဆို သည်က လုပ်အား၊ ငွေအားရင်းနှီး မတည်ရမှုတွေက မနည်းလှ။ မျိုးစပါး၊ ထွန်ခယက်ခ၊ ပျိုးနုတ်ခ၊ ကောက်စိုက်ခ၊ ရိတ်သိမ်းခ၊ သယ်ယူခြွေလှေ့ခ စုစုပေါင်းလိုက်သည့်အခါ လယ်တစ်ဧက စရိတ်စုစုပေါင်း ငွေခြောက်သောင်း ခုနစ်သောင်းအောက်တွင်မရှိ။ ကိုယ်တိုင်ပါဝင်ရသည့် လုပ်အားခမပါသေး။ ထွန်သမား ထယ်သမား၊ ပျိုးနုတ်ကောက်စိုက်၊ ကောက်ရိတ်လုပ်သားတွေ မနက်အစော ထမင်းကြမ်း ရေနွေးလှလှပပဖြစ်အောင် စီမံပို့ပေးရတာမပါသေး။ ကောက်လှိုင်းတိုက် လက်စားလိုက်ကူညီသူ လယ်နီးနား၊ အိမ်နီးနားချင်းတွေကို ညနေမှောင်တရီကျွေးမွေးပြုစုရတာ မပါသေး။

လယ်ယာလုပ်ငန်းခွင်၏ နောက်ဆုံးအဆင့် စပါးလှေ့စပါး ယပ်ကာတလင်းထဲ စပါးပုံမြင်ရပြီဆိုသည့်အခါ စပါးယပ်အလုပ်ကူသူတွေနှင့် အိမ်နီးချင်းတွေကို ကျတော့ ငါးပေါပေါနှင့် ချက်သည့် မြန်မာ့ရိုးရာ မုန့်ဟင်းခါး။ ဒါကလည်း အစဉ်အလာ လယ်သမား ထုံးဓလေ့ပေမို့ ကျွေးရမွေးရ အကုန်အကျများလှဟု မစဉ်းစားကြ။ ဤသည်ပင် ဒါနတစ်ခုဖြစ်လေသည်။

သို့သော် လယ်တွေကိုဖြင့် မြေဆီဝအောင် မကျွေးနိုင်ကြတော့။ သုံးမျိုးစပ်ဓာတ်မြေသြဇာ တစ်အိတ်က ငွေနှစ်သောင်းခွဲ ဖြစ်နေပြီ။ တစ်ဧကကို ဓာတ်မြေသြဇာ ကျွေးမည်ဆို တစ်အိတ်။ ထိုတစ်အိတ်တန်ဖိုးကိုပါ ထည့်တွက်လျှင် လယ်တစ်ဧက ကုန်ကျစရိတ်က ငွေတစ်သိန်းနား ကပ်သွားပြီ။ စပါးထွက်နှုန်းက အကောင်းအဆိုး ပျမ်းမျှတစ်ဧက တင်း ၄၀ မျှသာ ရှိသည်ဆိုသည့်အခါ တွက်ခြေမကိုက်တော့။ သည်တော့လည်း ငါ့လယ်အနေတော် ဇယော်ဇယရှိ တော်ရောပေါ့ဖြင့် ဓာတ်မြေသြဇာမကျွေးနိုင်ကြတော့။ သဘာဝ မြေသြဇာနွားချေးက လှည်းတစ်စီး ငွေလေးထောင်။ နွားကောင်ရေက ပေါပေါကိုင်နိုင်သည်မဟုတ်သဖြင့် လယ်မြေအနှံ့နွားချေးဝယ်ချဖို့ကလည်း မလွယ်။

စပါးပေါ်ချိန်ဆို ကုန်သည်ပွဲစားတွ ၀ယ်သည့်ဈေးက စပါးတင်းတစ်ရာကို ငွေသုံးသိန်းပဲပေးကြ၏။ နှောင်းပိုင်းအထိ ထားနိုင်မည်ဆိုလျှင်တော့ သုံးသိန်းခွဲသာသာ ရတတ်သည်။ များသောအားဖြင့် လယ်သမားတွေကတော့ ထိုအချိန်အထိ စောင့်နိုင်အားမရှိကြ။ စပါးပေါ်ချိန်ပေါက်ဈေးနှင့်ပင် ရောင်းကြရသည်။ သည်တော့ တစ်ဧကထွက်သည့် စပါးတင်း ၄၀ က ငွေတစ်သိန်းနှစ်သောင်း။ ထိုရငွေထဲမှ ဓာတ်မြေသြဇာဖိုးမပါ။  စရိတ်စက လုပ်အားခ တိုလီမိုလီကို ပြန်နုတ်သည့်အခါ ထွန်ပြင် ထယ်ပြင်နှင့် တန်ခူးကဆုန်မှ အစပြု လုပ်ငန်းခွင်ဝင်ခဲ့သည့် လယ်သမားတစ်ယောက်အတွက် နတ်တော်၊ ပြာသိုစပါးပေါ်ချိန်အရောက်တွင် လုပ်ခဲ့ရသည့် လယ်တစ်ဧက မှ ငွေငါးသောင်းမျှလောက်သာ အဖတ်တင်လေတော့သည်။

သည်နှုန်းဖြင့် တွက်သည့်အခါ လယ်လေးဆယ်စိုက်(ဆယ်ဧက) ပိုင်သည့် လယ်ပိုင်တစ်ယောက်အဖို့ စပါးတစ်ရာသီ၏ ၀င်ငွေက ငွေငါးသိန်းမျှသာရှိလေ၏။

သို့တိုင်လည်း အနောက်တောင်ဆီမှ မိုးလေးညို့ တိမ်ရိပ်ဆင်သည့် မိုးဦးကျ လေဦးကျဆို ထွန်ထယ်ပြင်ရင်း လယ်သမားတို့ ပျော်ကြသည်ပဲ။

သို့သော် သည်နှစ်လို မိုးမမှန် လေမမှန် ရာသီဥတုဖောက်ပြန်ပြီဆိုလျှင်တော့ လယ်သမားတို့ စိတ်မချမ်းသာကြတော့။ စားစရာမရှိကာမှနေ၊ လျော်စရာတော့ ရှိရမည်ဆိုသည့် မြန်မာစကားက ရှိသေးသည်။ ဘဏ်ကြွေးက မဆပ်ဘဲနေလို့မရ။ ဆပ်ရလေဦးမည်။ သူ့ငွေ ယူထားမိသည်ပဲ။ ပြီး လယ်သမားဘ၀ ဆိုသည်က ဘယ်လောက်ပင် ခေတ်တွေပြောင်းခဲ့ဆိုဦး၊ နောက်တွင်သာ ကျန်နေခဲ့မြဲ ရှိသေးသည်မို့ ရုံးပြင်ကနားနှင့် ရင်ဆိုင်ရမည့် ကိစ္စတွေဆို ကြောက်တတ်ကြသည်။ သည်တော့ အစိုးရထံမှချေးထားသည့် ဘဏ်ငွေက ဆပ်ရမည့်အချိန်ဆို ရှိတာမရှိတာ၊ စပါး အောင်တာ မအောင်တာ အပထား မရှိ၊ ရှိတာ ရောင်းချပေါင်နှံကာ ဆပ်ကြရသည်။

မနှစ်ကလည်း မိုးလယ်နှင့် မိုးနှောင်း မိုးအလွန်ကောင်းသဖြင့် လယ်တွေရေနစ်ကုန်ကြသည်။ လယ်သိမ်းချိန်တိုင်အောင်ပင် ကန်သင်းတွေပေါ် ရေတွေလျှံနေတုန်း။ လုပ်ရကိုင်ရအတော်ပင် ကသီခဲ့ကြရသည့်အပြင် ရေနစ်စပါးတွေက ထွက်နှုန်းမကောင်းခဲ့။ ထွက်နှုန်းတွေ မကောင်းလေမှ စပါးဈေးကလည်း မကောင်း။ သည်တုန်းကလည်း စားစရာမရှိနေစေ လျော်စရာဖြင့်ရှိရပေမပေါ့နှင့်ပင် ဘဏ်ကြွေးဆပ်ဖို့ နွားပေါင်ဖဲ့၍ ရောင်းခဲ့ကြရသေးသည်။

“နွားပေါင်ဖဲ့” ဆိုသည်က နွားနှစ်ကောင်ရှိသည့်အထဲမှ တစ်ကောင်ဖဲ့ရောင်းရခြင်းကို ဆိုသည်။ သည်ခေတ်ထဲ နွားပေါင်ဖဲ့ရပြီဆိုလျှင်တော့ လယ်သမားတစ်ယောက်အဖို့ လိုက်လို့မမီနိုင်တော့။ အောက်ထစ် ခိုင်းနွားတစ်ကောင်က သုံးသိန်းရှိသည်။ ထမ်းပိုးကောင်း အသားပြည့် နွားလှနွားချောချောဆို ငါးသိန်းအောက်မဆင်း။ ကိုယ်နှင့်အတူ မိုးထဲရေထဲမှ ဖက်ရုန်းလာခဲ့ကြရသည့် သည်ကောင်ကြီးတွေကို မရောင်းချင်ကြပေမင့် အစိုးရနှင့် ပတ်သက်သည့် ဘဏ်ကြွေးရုံးပြင်ကနားကိစ္စဆိုတော့ မနေရဲကြ။ ရှိတာလေးဖြင့် ရောင်းကြရမည်ပ။

သည်နှစ်လည်း သည်နှယ်ပင် ရင်ဆိုင်လာကြရပြန်သည်။ မိုးခေါင်သဖြင့် စပါးတွေ မအောင်ကြ။ အတော်များများမှာ တံစဉ်ပင် လွတ်ကြသည်။ တစ်ပင်မျှမရိတ်လိုက်ကြရ။ သို့သော်လည်း ယူထားမိခဲ့ကြသည့် ဘဏ်ကြွေးကတော့ ဆပ်ကြရလိမ့်မည်။ သည်နှစ် နွားပေါင်ထပ်၍ ဖဲ့ရလျှင် နွားပြုတ်ပေတော့မည်။

သက်ဆိုင်ရာ ကျေးရွာအုပ်စု တာဝန်ရှိသူတွေနှင့် တင်ပြတိုင်ပင် ဆွေးနွေးကြည့်တော့လည်း သည်အကြွေးက ဖေဖော်ဝါရီနောက်ဆုံးထား၍ မဆပ်မနေ ဆပ်ရမည်ဟု ဆိုကြသည်။ ရွှေ့လို့ ဆိုင်းလို့မရ။ ဘာတတ်နိုင်ပါမည်နည်း။ သည်လိုပဲ ကြံကြဖန်ကြရတော့မည်ထင်သည်။ ဘယ်တော့များမှ ရာသီဥတု သက်သက်ကိုသာ မှီခိုနေကြသည့် လယ်သမားဘ၀မှ လွတ်ပါမည်လဲတွေးတော့ ဘာကိုမျှ သဲကွဲစွာ မမြင်ကြရသေး။ လယ်သမားတွေ၏ တကယ့်အကျိုးစီးပွားကို တကယ်အစစ်အမှန် ရှေ့ရှုသည့် ခေတ်ကို ဘယ်တော့များမှ ရောက်ကြရပါမည်လဲ တွေးတော့လည်း အနာဂတ်က မှုန်တိမှုန်ဝါးရှိနေဆဲပင်။ 

ယခုတော့ ဒီမိုကရေစီ ကြက်ဦးတွန်ကာလသို့ ရောက်လာခဲ့သဖြင့် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးအသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရသည်။ နိုင်ငံတော်ဆီကလည်း ဆင်းရဲမွဲတေမှုလျှော့ချရေး အစီအမံ အသံတွေ ကြားလာရသည်။ မြန်မာနိုင်ငံ လူဦးရေ၏ အများဆုံးသော အခြေခံလူတန်းစားမှာ လယ်သမားတွေသာဖြစ်သဖြင့် တောင်သူလယ်သမား လူတန်းစားတို့၏ဘ၀များ တိုးတက်မလာနိုင်သေးသရွေ့ နိုင်ငံတော်သည်လည်း သီးခြားကင်းလွတ်ကာ တိုးတက်လာနိုင်စရာ  အကြောင်းကား  မမြင်။

ယနေ့ တောင်သူလယ်သမားများ၏ ဘ၀အခြေအနေကမူ လွတ်လပ်ရေးမရမီ သူ့ကျွန်ဘ၀တုန်းက လယ်သမားများ၏ ဘ၀ကို ထင်ဟပ်ရေးစပ်ခဲ့သည့် ဆရာရွှေတိုင်ညွန့်၏ “လယ်တောသူ” သီချင်းထဲမှအတိုင်းသာ ရှိနေချေသေးသည်။ ထိုသီချင်းကို ခေတ်ဟောင်းအဆိုတော်ကြီး စိန်ပါတီက ကရုဏာရသပါအောင် ပျစ်ပျစ် နှစ်နှစ် သီဆိုသွားခဲ့သည်။

“သြော် .. ၀မ်းစာရေးပေမို့ ပျော်ရွှင်ကာရယ် .. အေးရှာသေးတယ် ချမ်းရှာသေးတယ် .. အပင်ပန်းခံကာ မိုးရေထဲမှာ .. ပျိုးတွေလည်း ကြဲလို့ အမြဲနေ့စဉ်ဝယ်..သာယာတဲ့ ရွာနံဘေးမှာ လယ်တောသူတွေ တေးဆိုတယ်.. ဆင်းရဲသားပေမို့ နေကုန်အောင် ပင်ပန်းတယ် .. သဘောဖြူစွာ တော်သူအပေါင်း .. ယာပြင် စောင်းဝယ်.. နွားတွေကျောင်း လို့ နေရပါလေတယ်..”

လွတ်လပ်ရေးမရခင် သူ့ကျွန်ဘ၀က လယ်သမားများ၏ဘ၀ကို ရေးစပ်သီဆိုခဲ့သည့် သည်သီချင်းသံလေးက လွတ်လပ်ရေးရပြီး၍ ၆၅ နှစ်နီးပါးရှိသည့် ယခုတိုင် ခေတ်မီနေဆဲဖြစ်နေသည်။ သီချင်းက ခေတ်နောက်သို့ အပြေးလိုက်လာခဲ့သည်တော့ မဟုတ်တန်ရာ။ ခေတ်က မရွေ့ဘဲ ရပ်နေတာထင်ပါရဲ့ တွေးမိတော့ စိတ်ထဲမှာဖြင့် အမှန်မချမ်းသာ။

“ဘယ်အစားလဲလို့ .. မေးခဲ့ကြရင်ဖြင့် ...လယ်သမားပဲဗျို့ ကျွေးမွေးတဲ့ သခင်တွေ .. စကား ပြိုင်ချေ အားပြိုင်
ချေ.. အများ ထက်သာနိုင်ပေ .. ဒို့လယ်သမားတွေ..လူတို့ဌာနေ အာဟာရဖြန့်ကာဝေ ...” လွတ်လပ်ရေးမရ
မီ သူ့ကျွန်ဘ၀ စစ်ကြိုခေတ်က ခေတ်စားခဲ့သော ခေတ်ဟောင်း သီချင်းတစ်ပုဒ်ဖြစ်သည်။ 


ဒဂုံဆရာတင် ရေးပြီး အဆိုတော် မောင်ပွကြီးက သီဆိုခဲ့သည်။ လယ်သမားတွေကိုအာဟာရ ကျေးဇူးရှင်များ
အဖြစ် ဂုဏ်ပြု စပ်ဆိုခဲ့သည့် “ဒို့လယ်သမားသီချင်းဖြစ်၏။ သီချင်းထဲတွင်ပါသည့် စာသားတွေကလည်းလယ်
သမားများနှင့် ပီဘိထိုက်တန်သော စာသားတွေဖြစ်လေသည်။သို့သော်လယ်သမားတို့ဘ၀က ဓားမနောက်
ပိတ် ဓားခွေးဆိုသကဲ့သို့ပင် နောက်တန်းအောက်တန်းမှာသာနေခဲ့ကြရသည်။

သူ့ကျွန်ဘ၀အခါတုန်းကလည်းအင်္ဂလိပ်တို့တင်သွင်းလာသည့်ချစ်တီးတို့လက်တွင်လယ်သိမ်းယာသိမ်းလှည်း
သိမ်း ... နောက်ဆုံး သမီးကိုပါ အသိမ်းပိုက်ခံရသည့် ဘ၀မျိုးတွေနှင့်သာ ကြုံခဲ့ကြရသည်။ထို့ကြောင့်ပင်ထန်း
တစ်ပင် လယ်သမား အရေးအခင်းလို၊ ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံကြီးတွေ
လို အုံကြွတော်လှန်မှုကြီးများ ပေါ်ပေါက်လာခဲ့ကြရသည်။

လွတ်လပ်ရေးရခဲ့ကာ ကိုယ့်မင်းကိုယ့်ချင်းနှင့် ဒီမိုကရေစီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၁၀ နှစ်တာ ဒီမို

ကရေစီ အမြည်းအစမ်းကာလ အချိန်အခါတွင်လည်း စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံ၏ အဓိကလူ
တန်းစားဖြစ်သည့်လယ်သမားတို့ဘ၀ကအသက်၀၀ရှူနိုင်လာသည့်တိုင် ရှေ့တန်းသို့မူ ရောက်မလာခဲ့သေး။

၁၉၆၂ တွင် စစ်တပ်မှ အာဏာသိမ်းကာ ဆိုရှယ်လစ်အရေခြုံခဲ့သည်တိုင်ဆိုရှယ်လစ်စနစ်၏အဓိကအခြေခံ

လူတန်းစားဖြစ်သည့် အလုပ်သမား၊ လယ်သမားတို့၏ဘ၀က ဖွတ်သထက်ညစ်၊နစ်သထက်ကျွံဘ၀တွင်သာ
ငုတ်ရိုက်ထားသလိုအနည်ထိုင်ခဲ့ကြရလျက် ရေပေါ်ဆီအာဏာရှင်တို့သာ ပြောင်ပြောင်ရောင်ရောင်ရှိခဲ့ကြ 
သည်။ သို့နှင့်ပင် ၂၆ နှစ်အကြာ၌ ကျောင်းသားများက ဦးဆောင်ကာနိုင်ငံနှင့်အ၀န်းမှ တောင်သူလယ်သမား
အများစုကြီးပါဝင်ဆင်နွှဲသောတစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချရေး၁၉၈၈ သြဂုတ်လ ၈ ရက် ပြည်သူ့အရေး
တော်ပုံကြီး ပေါ်ပေါက်လာခဲ့ရသည်။

လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ကိုးကွယ် စိုက်ပျိုး သိုလှောင် ရောင်းချပိုင်ခွင့်များကို အခြေခံသည့် ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြသည်။

သို့သော်ဒီမိုကရေစီ ကြက်ဦးမတွန်နိုင်သေးမီမှာပင်စစ်အုပ်ချုပ်ရေး၏အကြွင်းမဲ့အာဏာနှင့်အတူပါလာသည့်

ခရိုနီများ၏ လက်ဝယ်တွင် လယ်သမားတို့၏ လယ်ယာမြေတို့ စိတ်ရှိတိုင်း ခြယ်လှယ်ခံခဲ့ကြပြန်၏။လယ်လုပ်
သူ လယ်မပိုင်ဘဲ လယ်လုပ်ပိုင်ခွင့်သာရှိသည့် ဥပဒေက လယ်သမားတို့အား ကယ်သူမဲ့ဘ၀သို့သာ တွန်းပို့
ခဲ့လေသည်။

သို့သော် ထုသားပေသားရနေသည့် လယ်သမားတို့အဖို့ကား လက်ဝယ်ရှိနေသမျှသေးသော လယ်ကလေး

တွေကို လုပ်ပိုင်ခွင့်ရနေသေးသည်ကိုပင်နတ်သိကြားပေးသည့်ဆုလာဘ်တစ်ခုနှယ်ဝမ်းမြောက်ဝမ်းသာ ဖြစ်
လို့မဆုံးနိုင်ကြ။ ထွန်တုံး ထွန်တံနှင့် မြေကြီး လက်ဆုပ် လုပ်ပိုင်ခွင့်လေးရှိနေသေးလျှင်ပင် နေပျော်သည့်ဘ၀ တစ်ခုကို ပိုင်ဆိုင်နေရခြင်း ဖြစ်သည်ဟု တွေးမြင်ခံစားတတ်ကြသူများ ဖြစ်လေ၏။

နှစ်စဉ်နှစ်တိုင်းတန်ဆောင်မုန်း၊နတ်တော်ဆိုတစ်မျှော်တစ်ခေါ်လယ်ကွင်းပြင်ကြီးက နံနက်စောစော ဆောင်း

နခြည်အောက်တွင် ကြည့်လိုက်တိုင်း ၀င်းထိန်နေတတ်သည်။ နှင်းမှုန်ဖွေးဖွေးလေးတွေ ခိုသီးရွှဲစိုနေသော စ
ပါးနှံတွေက အိတွဲငိုက်ကျနေလိုက်လို့ ..။ မြောက်လေဖြူးဖြူးမှာ ဘယ်ညာ ယိမ်းကလို့ ...။

လယ်သမားတစ်ယောက်အဖို့တော့လယ်ကန်သင်းဆုံတွင်ရပ်ကာအဲ့သည့် ရွှေဝါရောင်လယ်ကွင်းကြီးကိုကြည့်

ရမြင်ရရုံနှင့်ပင်တစ်မိုးလုံးရွှံ့ထဲ၊ ရေထဲ နွားနှင့်အတူကုန်းရုန်းလာခဲ့ရသည့်အမောတွေက ပြေသည်။ ကောက်
သင်းရနံ့တွေလှိုင်နေသည့် မြောက်ပြန်လေကိုတစ်ဝကြီး ပြင်းပြင်းရှိုက်ရှူလိုက်ရင်းလည်း ဆောင်းသီးနှံအ
တွက် အစိုဓာတ်မီအောင် အမြန်ထွန်ဖို့ ယက်ဖို့ အားယူရသည်။ ငွေပေါ်ချိန်နီးပြီမို့ စိတ်လက်ပေါ့ပါး ပျော်ရွှင်
နေတတ်ကြသည်။

ဟိုယခင် မြန်မာ့ဆိုရှယ်လစ်ဆိုသည့် ခေတ်အခါတုန်းကတော့စပါးပေါ်သည်နှင့်တာဝန်ကျေ စပါး၊တပ်မတော်

ရိက္ခာစပါး၊ ဟိုစပါးသည်စပါး၊ဘာညာစပါးနှင့်ပင်တလင်းထဲစပါးမကျန်တတ်။တာဝန်ကျေစပါး မချနိုင်သဖြင့်
ရဲစခန်းထဲ ကိုယ့်ထမင်းထုပ်နှင့်ကိုယ်သွား အချုပ်ခံရလိုခံရနှင့် စပါးပေါ်ချိန်မြင်ကွင်းက မလှပခဲ့။ လယ်သမား ဆန်ဝယ်စားခဲ့ရသည့်ခေတ်။

ယခုတော့ တောင်းခဲ့သည့် ဒီမိုကရေစီရနံ့လေး သဲ့သဲ့ရလာသလိုရှိသဖြင့်လယ်ယာထွက်ပစ္စည်းတွေကို လွတ်

လပ်စွာ သိုလှောင် ကြိတ်ခွဲ၊ သယ်ယူရောင်းချခွင့် ရှိလာသောကြောင့် အထိုက်အလျောက်တော့ဖြင့် လယ်သ
မားဘ၀ထူထူထောင်ထောင်ရှိလာပြီဟု ဆိုရမည်လားမသိ။သို့သော်သိပ်တော့ဖြင့်လည်း ထူးထူးခြားခြား တိုး
တက်လာမှုတွေမရှိလှ။ တိုးတက်လာနိုင်အောင်လည်း နည်းပေးလမ်းပြ ပို့ချသင်ကြား ထောက်ပံ့ကူညီမှုတွေ မမြင်ရသေး။ လုပ်ငန်းသုံး ပစ္စည်းကိရိယာနှင့် နည်းပညာတွေကဟိုဘက်ရာစုထဲမှာပင်အိပ်မောကျနေဆဲဆို
လျှင်လည်း မှားမည်မဟုတ်။

သို့သော် လယ်သမားဆိုသည်က သူ့လယ်သူ့မြေလေးပေါ် အပိတ်အပင် အတားအဆီး အနှောင့်အယှက်ကင်း

ကင်းရာသီဥတုမှန်မှန်ကန်ကန်လေးနှင့်ကိုယ်စိုက်ချင်တာလေးကိုစိုက်ပျိုးနေရလျှင်လူဖြစ်ရကျိုးနပ်လိုက်တာ
ဟု ရောင့်ရဲပျော်ရွှင်နေတတ်သူတွေ ဖြစ်လေသည်။

သို့သော် သည်နှစ်ထဲတွင်တော့ မြန်မာပြည် မြေလတ်ပိုင်းဒေသ တော်တော်များများမှ လယ်သမားတွေ ၀မ်း

မမြောက်နိုင်ကြ။ စပါးတွေ နို့ရည်တည်ပြီး အောင်ချိန်ကျခါမှ နောက်မိုးက တာ့တာလုပ်သွားသည်။ တော်သ
လင်းလ ဆန်းကတည်းကပင် မိုးက ပြန်စောင်းတောင်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။ ရာသီမိုးကိုသာ အမှီပြုသည့်အခြေအနေတွင်လယ်သမားတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြရသည်။ ရေစီးရေလာရှိသေး
သည့် ချောင်းနှင့်အင်း နှင့်နီးသည့်လယ်တချို့ ရေစုပ်စက်ဖြင့် ရေတင်ကာအသက်ဆက်နိုင်ခဲ့သေးသော်လည်း
အများစုကြီးကမူ ဆေးမမီတော့သည့် ကိုယ့်သားသမီးဝေဒနာသည်ကိုသည်အတိုင်းလက်ပိုက်ကာ ငုတ်တုတ်
ထိုင် ကြည့်နေလိုက်ကြရသလို ရင်ထဲမချိကြ။

တကယ်တော့ ကောက်တစ်ပင် လယ်တစ်ကွက် ဖြစ်လာဖို့ဆို သည်က လုပ်အား၊ ငွေအားရင်းနှီး မတည်ရမှု

တွေက မနည်းလှ။ မျိုးစပါး၊ ထွန်ခယက်ခ၊ ပျိုးနုတ်ခ၊ ကောက်စိုက်ခ၊ရိတ်သိမ်းခ၊သယ်ယူခြွေလှေ့ခ စုစုပေါင်း
လိုက်သည့်အခါလယ်တစ်ဧကစရိတ်စုစုပေါင်း ငွေခြောက်သောင်း ခုနစ်သောင်းအောက်တွင်မရှိ။ ကိုယ်တိုင်
ပါဝင်ရသည့် လုပ်အားခမပါသေး။ ထွန်သမား ထယ်သမား၊ ပျိုးနုတ်ကောက်စိုက်၊ ကောက်ရိတ်လုပ်သားတွေ မနက်အစော ထမင်းကြမ်း ရေနွေးလှလှပပဖြစ်အောင်စီမံပို့ပေးရတာမပါသေး။ ကောက်လှိုင်းတိုက်လက်စား
လိုက်ကူညီသူ လယ်နီးနား၊ အိမ်နီးနားချင်းတွေကို ညနေမှောင်တရီကျွေးမွေးပြုစုရတာ မပါသေး။

လယ်ယာလုပ်ငန်းခွင်၏ နောက်ဆုံးအဆင့် စပါးလှေ့စပါးယပ်ကာတလင်းထဲစပါးပုံမြင်ရပြီဆိုသည့်အခါ စပါး

ယပ်အလုပ်ကူသူတွေနှင့် အိမ်နီးချင်းတွေကို ကျတော့ ငါးပေါပေါနှင့် ချက်သည့် မြန်မာ့ရိုးရာ မုန့်ဟင်းခါး။ ဒါ
ကလည်း အစဉ်အလာ လယ်သမား ထုံးဓလေ့ပေမို့ ကျွေးရမွေးရ အကုန်အကျများလှဟု မစဉ်းစားကြ။ ဤ
သည်ပင် ဒါနတစ်ခုဖြစ်လေသည်။

သို့သော် လယ်တွေကိုဖြင့် မြေဆီဝအောင် မကျွေးနိုင်ကြတော့။သုံးမျိုးစပ်ဓာတ်မြေသြဇာတစ်အိတ်က ငွေနှစ်

သောင်းခွဲ ဖြစ်နေပြီ။တစ်ဧကကိုဓာတ်မြေသြဇာ ကျွေးမည်ဆိုတစ်အိတ်။ထိုတစ်အိတ်တန်ဖိုးကိုပါ ထည့်တွက်
လျှင် လယ်တစ်ဧက ကုန်ကျစရိတ်က ငွေတစ်သိန်းနား ကပ်သွားပြီ။ စပါးထွက်နှုန်းက အကောင်းအဆိုး ပျမ်း
မျှတစ်ဧက တင်း ၄၀မျှသာရှိသည်ဆိုသည့်အခါ တွက်ခြေမကိုက်တော့။သည်တော့လည်းငါ့လယ်အနေတော်
ဇယော်ဇယရှိ တော်ရောပေါ့ဖြင့် ဓာတ်မြေသြဇာမကျွေးနိုင်ကြတော့။ သဘာဝ မြေသြဇာနွားချေးက လှည်း
တစ်စီး ငွေလေးထောင်။ နွားကောင်ရေက ပေါပေါကိုင်နိုင်သည်မဟုတ်သဖြင့် လယ်မြေအနှံ့နွားချေးဝယ်ချ
ဖို့ကလည်း မလွယ်။

စပါးပေါ်ချိန်ဆို ကုန်သည်ပွဲစားတွ ၀ယ်သည့်ဈေးက စပါးတင်းတစ်ရာကို ငွေသုံးသိန်းပဲပေးကြ၏။ နှောင်းပိုင်း

အထိ ထားနိုင်မည်ဆိုလျှင်တော့ သုံးသိန်းခွဲသာသာ ရတတ်သည်။ များသောအားဖြင့် လယ်သမားတွေက
တော့ ထိုအချိန်အထိ စောင့်နိုင်အားမရှိကြ။ စပါးပေါ်ချိန်ပေါက်ဈေးနှင့်ပင် ရောင်းကြရသည်။သည်တော့တစ်
ဧကထွက်သည့် စပါးတင်း ၄၀ က ငွေတစ်သိန်းနှစ်သောင်း။ ထိုရငွေထဲမှ ဓာတ်မြေသြဇာဖိုးမပါ။ စရိတ်စက လုပ်အားခ တိုလီမိုလီကို ပြန်နုတ်သည့်အခါ ထွန်ပြင် ထယ်ပြင်နှင့် တန်ခူးကဆုန်မှ အစပြု လုပ်ငန်းခွင်ဝင်ခဲ့
သည့် လယ်သမားတစ်ယောက်အတွက် နတ်တော်၊ ပြာသိုစပါးပေါ်ချိန်အရောက်တွင် လုပ်ခဲ့ရသည့် လယ်
တစ်ဧက မှ ငွေငါးသောင်းမျှလောက်သာ အဖတ်တင်လေတော့သည်။

သည်နှုန်းဖြင့် တွက်သည့်အခါ လယ်လေးဆယ်စိုက်(ဆယ်ဧက) ပိုင်သည့် လယ်ပိုင်တစ်ယောက်အဖို့ စပါး

တစ်ရာသီ၏ ၀င်ငွေက ငွေငါးသိန်းမျှသာရှိလေ၏။

သို့တိုင်လည်း အနောက်တောင်ဆီမှ မိုးလေးညို့ တိမ်ရိပ်ဆင်သည့် မိုးဦးကျ လေဦးကျဆို ထွန်ထယ်ပြင်ရင်း လယ်သမားတို့ ပျော်ကြသည်ပဲ။

သို့သော် သည်နှစ်လို မိုးမမှန် လေမမှန် ရာသီဥတုဖောက်ပြန်ပြီဆိုလျှင်တော့ လယ်သမားတို့ စိတ်မချမ်းသာ

ကြတော့။စားစရာမရှိကာမှနေ၊ လျော်စရာတော့ရှိရမည်ဆိုသည့် မြန်မာစကားက ရှိသေးသည်။ဘဏ်ကြွေး
က မဆပ်ဘဲနေလို့မရ။ ဆပ်ရလေဦးမည်။ သူ့ငွေ ယူထားမိသည်ပဲ။ ပြီး လယ်သမားဘ၀ ဆိုသည်က ဘယ်
လောက်ပင် ခေတ်တွေပြောင်းခဲ့ဆိုဦး၊ နောက်တွင်သာ ကျန်နေခဲ့မြဲ ရှိသေးသည်မို့ ရုံးပြင်ကနားနှင့် ရင်ဆိုင်
ရမည့် ကိစ္စတွေဆို ကြောက်တတ်ကြသည်။ သည်တော့ အစိုးရထံမှချေးထားသည့် ဘဏ်ငွေက ဆပ်ရမည့်
အချိန်ဆို ရှိတာမရှိတာ၊ စပါး အောင်တာ မအောင်တာ အပထား မရှိ၊ ရှိတာ ရောင်းချပေါင်နှံကာ ဆပ်ကြရ
သည်။

မနှစ်ကလည်း မိုးလယ်နှင့် မိုးနှောင်း မိုးအလွန်ကောင်းသဖြင့် လယ်တွေရေနစ်ကုန်ကြသည်။ လယ်သိမ်းချိန်

တိုင်အောင်ပင် ကန်သင်းတွေပေါ် ရေတွေလျှံနေတုန်း။ လုပ်ရကိုင်ရအတော်ပင် ကသီခဲ့ကြရသည့်အပြင် ရေ
နစ်စပါးတွေက ထွက်နှုန်းမကောင်းခဲ့။ ထွက်နှုန်းတွေ မကောင်းလေမှ စပါးဈေးကလည်း မကောင်း။ သည်
တုန်းကလည်း စားစရာမရှိနေစေ လျော်စရာဖြင့်ရှိရပေမပေါ့နှင့်ပင် ဘဏ်ကြွေးဆပ်ဖို့ နွားပေါင်ဖဲ့၍ ရောင်း
ခဲ့ကြရသေးသည်။

“နွားပေါင်ဖဲ့” ဆိုသည်က နွားနှစ်ကောင်ရှိသည့်အထဲမှ တစ်ကောင်ဖဲ့ရောင်းရခြင်းကို ဆိုသည်။ သည်ခေတ်

ထဲ နွားပေါင်ဖဲ့ရပြီဆိုလျှင်တော့ လယ်သမားတစ်ယောက်အဖို့ လိုက်လို့မမီနိုင်တော့။ အောက်ထစ် ခိုင်းနွား
တစ်ကောင်က သုံးသိန်းရှိသည်။ ထမ်းပိုးကောင်းအသားပြည့် နွားလှနွားချောချောဆိုငါးသိန်းအောက်မဆင်း။
ကိုယ်နှင့်အတူ မိုးထဲရေထဲမှ ဖက်ရုန်းလာခဲ့ကြရသည့် သည်ကောင်ကြီးတွေကို မရောင်းချင်ကြပေမင့် အစိုး
ရနှင့် ပတ်သက်သည့် ဘဏ်ကြွေးရုံးပြင်ကနားကိစ္စဆိုတော့ မနေရဲကြ။ ရှိတာလေးဖြင့် ရောင်းကြရမည်ပ။

သည်နှစ်လည်း သည်နှယ်ပင် ရင်ဆိုင်လာကြရပြန်သည်။ မိုးခေါင်သဖြင့် စပါးတွေ မအောင်ကြ။ အတော်များ

များမှာ တံစဉ်ပင် လွတ်ကြသည်။ တစ်ပင်မျှမရိတ်လိုက်ကြရ။သို့သော်လည်းယူထားမိခဲ့ကြသည့် ဘဏ်ကြွေး
ကတော့ ဆပ်ကြရလိမ့်မည်။ သည်နှစ် နွားပေါင်ထပ်၍ ဖဲ့ရလျှင် နွားပြုတ်ပေတော့မည်။

သက်ဆိုင်ရာ ကျေးရွာအုပ်စု တာဝန်ရှိသူတွေနှင့် တင်ပြတိုင်ပင် ဆွေးနွေးကြည့်တော့လည်း သည်အကြွေး

က ဖေဖော်ဝါရီနောက်ဆုံးထား၍ မဆပ်မနေ ဆပ်ရမည်ဟု ဆိုကြသည်။ ရွှေ့လို့ ဆိုင်းလို့မရ။ ဘာတတ်နိုင်ပါ
မည်နည်း။ သည်လိုပဲ ကြံကြဖန်ကြရတော့မည်ထင်သည်။ ဘယ်တော့များမှ ရာသီဥတု သက်သက်ကိုသာ မှီ
ခိုနေကြသည့် လယ်သမားဘ၀မှ လွတ်ပါမည်လဲတွေးတော့ ဘာကိုမျှ သဲကွဲစွာ မမြင်ကြရသေး။ လယ်သမား
တွေ၏ တကယ့်အကျိုးစီးပွားကို တကယ်အစစ်အမှန် ရှေ့ရှုသည့် ခေတ်ကို ဘယ်တော့များမှ ရောက်ကြရပါ
မည်လဲ တွေးတော့လည်း အနာဂတ်က မှုန်တိမှုန်ဝါးရှိနေဆဲပင်။

ယခုတော့ ဒီမိုကရေစီ ကြက်ဦးတွန်ကာလသို့ ရောက်လာခဲ့သဖြင့် တောင်သူလယ်သမား အကျိုးစီးပွား ကာ

ကွယ်ရေးအသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရသည်။ နိုင်ငံတော်ဆီကလည်း ဆင်းရဲမွဲတေမှု
လျှော့ချရေး အစီအမံ အသံတွေ ကြားလာရသည်။ မြန်မာနိုင်ငံ လူဦးရေ၏ အများဆုံးသော အခြေခံလူတန်း
စားမှာ လယ်သမားတွေသာဖြစ်သဖြင့် တောင်သူလယ်သမား လူတန်းစားတို့၏ဘ၀များ တိုးတက်မလာနိုင်
သေးသရွေ့ နိုင်ငံတော်သည်လည်း သီးခြားကင်းလွတ်ကာ တိုးတက်လာနိုင်စရာ အကြောင်းကား မမြင်။

ယနေ့ တောင်သူလယ်သမားများ၏ ဘ၀အခြေအနေကမူ လွတ်လပ်ရေးမရမီ သူ့ကျွန်ဘ၀တုန်းက လယ်သ

မားများ၏ ဘ၀ကို ထင်ဟပ်ရေးစပ်ခဲ့သည့် ဆရာရွှေတိုင်ညွန့်၏ “လယ်တောသူ” သီချင်းထဲမှအတိုင်းသာ ရှိ
နေချေသေးသည်။ ထိုသီချင်းကို ခေတ်ဟောင်းအဆိုတော်ကြီး စိန်ပါတီက ကရုဏာရသပါအောင် ပျစ်ပျစ်
 နှစ်နှစ် သီဆိုသွားခဲ့သည်။

“သြော် .. ၀မ်းစာရေးပေမို့ ပျော်ရွှင်ကာရယ် .. အေးရှာသေးတယ် ချမ်းရှာသေးတယ် .. အပင်ပန်းခံကာ မိုးရေ

ထဲမှာ .. ပျိုးတွေလည်း ကြဲလို့ အမြဲနေ့စဉ်ဝယ်..သာယာတဲ့ ရွာနံဘေးမှာ လယ်တောသူတွေ တေးဆိုတယ်.. ဆင်းရဲသားပေမို့ နေကုန်အောင် ပင်ပန်းတယ် .. သဘောဖြူစွာ တော်သူအပေါင်း .. ယာပြင် စောင်းဝယ်.. 
 နွားတွေကျောင်း လို့ နေရပါလေတယ်..”

လွတ်လပ်ရေးမရခင် သူ့ကျွန်ဘ၀က လယ်သမားများ၏ဘ၀ကို ရေးစပ်သီဆိုခဲ့သည့် သည်သီချင်းသံလေးက လွတ်လပ်ရေးရပြီး၍ ၆၅ နှစ်နီးပါးရှိသည့် ယခုတိုင် ခေတ်မီနေဆဲဖြစ်နေသည်။ သီချင်းက ခေတ်နောက်သို့ အပြေးလိုက်လာခဲ့သည်တော့မဟုတ်တန်ရာ။ ခေတ်ကမရွေ့ဘဲ ရပ်နေတာထင်ပါရဲ့ တွေးမိတော့ စိတ်ထဲမှာ

ဖြင့် အမှန်မချမ်းသာ။

ရေးသားသူ- သင်းရီ

7days News:

No comments:

Post a Comment