ဒေါ်အောင်ဆန်းစုကြည်သည်ဒီဇင်ဘာလအတွင်း ပြည်တွင်းခရီး နှစ်ခုထွက်မည်ဖြစ်ကာဇန်န၀ါရီတွင်ကိုရီးယားနိုင်
ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိဖြစ်သောနတ်မောက်မြို့
ခရီးစဉ်စီစဉ်ပြီးမှ ကျန်းမာရေးအပါအ၀င်မကွေးတိုင်းဒေသကြီးအတွင်း မြို့များသို့ ကြားဖြတ်ရွေးကောက်ပွဲကာလ
အခြေအနေကြောင့်မသွားဖြစ်ခဲ့သည့်အတွက်ယခုဒီဇင်ဘာ၁၁ ရက်တွင် နှစ်ရက်တာသွားရောက်မည်ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်စီစဉ်မှုများတွင် အနီးကပ်ပါဝင်သူတစ်ဦးက ပြောကြားသည်။
ရောက်ခြင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်လည်းဖြစ်၊ ယင်းဒေသခံလည်းဖြစ်သည့်
ဒေါက်တာတင်မျိုးဝင်းက “ကြားဖြတ်တုန်းက မြိတ်ကိုသွားပြီးတော့
အဲဒီကိုလည်း လာမယ်လို့ ကတိပြုထားတဲ့နေရာလည်းဖြစ်တယ်။သူတစ်ခါမှမရောက်ဖူးတဲ့ နေရာလည်းဖြစ်တော့
အဲဒီကိုလည်း လာမယ်လို့ ကတိပြုထားတဲ့နေရာလည်းဖြစ်တယ်။သူတစ်ခါမှမရောက်ဖူးတဲ့ နေရာလည်းဖြစ်တော့
သွားဖို့ဖြစ်သွားတာပါ။ ကျွန်းစုမြို့နယ်၊ ကော့သောင်းနဲ့ ကံမော်မြို့တို့ကို ရောက်ပါမယ်။ နှစ်ညအိပ်ပါ” ဟု ဖြေကြား
သည်။
လွှတ်တော် ခေတ္တရပ်နားထားစဉ် ကာလအတွင်း မုံရွာမြို့သို့ သွားရောက်ကာ လတ်တလော ဖြစ်ပွားနေသည့်လက်
လွှတ်တော် ခေတ္တရပ်နားထားစဉ် ကာလအတွင်း မုံရွာမြို့သို့ သွားရောက်ကာ လတ်တလော ဖြစ်ပွားနေသည့်လက်
ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စကြား ၀င်ဖြေရှင်းပေးရန် ဒေသခံကျေးရွာသားများနှင့် တွေ့ဆုံခဲ့သလို မိန့်
ခွန်းလည်း နှစ်ကြိမ်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ပြည်တွင်းခရီးစဉ်များ ရပ်နားထားခဲ့ပြီး ၎င်း၏
ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ပြည်တွင်းခရီးစဉ်များ ရပ်နားထားခဲ့ပြီး ၎င်း၏
ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်
ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့နောက် ဗြိတိန်၊ အမေရိကန် အပါအ၀င် ပြည်
ပနိုင်ငံများသို့ သွားရောက်ကာ မကြာသေးမီက အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
လွှတ်တော်အစည်းအဝေးများ ဇန်န၀ါရီလအတွင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်
လွှတ်တော်အစည်းအဝေးများ ဇန်န၀ါရီလအတွင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်
တော်အစည်းအဝေးရှိချိန်များတွင် နေပြည်တော်ရှိ နေအိမ်၌သာနေထိုင်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက
ပြောကြားသည်။
7days News:
No comments:
Post a Comment