မဲဆောက်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ နံနက် လင်းအားကြီးအချိန်တွင်
ထိုင်လုံခြံရေး အရာရှိများ ၊လ.၀.က များပါဝင်သော ပူးပေါင်းအဖွဲ့များက စက်ရုံများ၏ အိပ်ဆောင်များ ၊မြန်မာပြည်သားများနေထိုင်သည့် တန်းလျား
များသို့
အင်အားဖြင့် ၀င်ရောက်ဖမ်းစီးကြရာ ယနေ့ မဲဆောက်အချုပ်တွင်
လူများပြည့်နေကြောင်း သိရပါတယ်။ မြ၀တီ-မဲဆောက်
နယ်စပ်လှေဂိတ်များတွင်လည်း မြန်မာဘက်သို့ ယာယီရှေင်တိမ်းရန်အတွက်
မြန်မာများဖြင့်
ပြည်နေပြီး မြ၀တီသို့ လှေများဖြင့် နံနက်မှစတင်ကာ
ကူးနေကြကြောင်း သိရပါတယ်။
တစ်ချို့မြန်မာများကတော့ ထိုင်းရဲများ၏ ဖမ်းစီးခြင်းမှ လွတ်ကင်းရန်ရည်ရွယ်ချက်ဖြင့် နေအိမ်များတွင် မနေရဲဘဲ လယ်ကွင်းများ၊ခြုံဘုတ်များတွင်သွားရောင်အိပ်စက်ကြပြီး အေးချမ်းသော ဆောင်ရာသီ၏ဒဏ်ကိုခံနေကြရကြောင်း
တစ်ချို့မြန်မာများကတော့ ထိုင်းရဲများ၏ ဖမ်းစီးခြင်းမှ လွတ်ကင်းရန်ရည်ရွယ်ချက်ဖြင့် နေအိမ်များတွင် မနေရဲဘဲ လယ်ကွင်းများ၊ခြုံဘုတ်များတွင်သွားရောင်အိပ်စက်ကြပြီး အေးချမ်းသော ဆောင်ရာသီ၏ဒဏ်ကိုခံနေကြရကြောင်း
လည်း သိရပါတယ်။
စက်ရုံ-အလုပ်ရုံပိုင်ရှင်များကလည်း လက်မှတ်မရှိသူများကို တာဝန်မယူသဖြင့်
ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ပြောပြပါတယ်။
မိုးမခ
မိုးမခ
ရွှေ့ပြောင်းသတင်းထောက် (ခေတ္တမဲဆောက်)
No comments:
Post a Comment