လက်ပံတောင်းတောင် ကြေး နီစီမံကိန်းဧရိယာအတွင်းတွင်ရှိ နေသောရွာများရှိ
ချောင်းရေ များတွင်အဆိပ်
သင့်နေသော ကြောင့် ထိုရေ များကို သောက်မိသည့်နွားများမှာ သေဆုံးသွား ကြောင်း၊မိုး ကြိုးပြင်ကျေးရွာ မှ နွား
ပိုင်ရှင် များက ပြောဆိုနေကြသည်။
““နွားတွေသောက်မိလို့ သေ သွားတာတော်သေးတယ်။ လူတွေ များသောက်မိရင်မလွယ်၊အရင်
တုန်းကတော့ အဲဒီချောင်းရေ တွေကို ရွာသူ/ ရွာသားတွေ သောက်သုံး ကြသေးတယ်။
အဲဒီ နွားတွေသေပြီးနောက်ပိုင်း လူ တွေလည်း မသောက်ရဲကြတော့ ဘူး။အဲဒီချောင်းရေကို သောက်မိ လို့ မသေပဲကျန်နေတဲ့နွားတွေ တောင် အခုဆေးကုနေရတယ်””ဟု မိုးကြိုးပြင်ကျေးရွာမှ နွားပိုင်ရှင် များက ဆို
သည်။
ထိုကဲ့သို့ ချောင်း ရေသောက်မိရင်သေဆုံးသွားသည် နွားကောင်ရေမှာ(၇)ကောင်ခန့် ရှိပြီဖြစ်ကြောင်း ရွာ
သူ/ရွာသား များက ထပ်မံပြောဆိုသည်။
ကြေးနီစီမံကိန်းဧရိယာ အ တွင်းတွင်ရှိနေသည့်ဆည်တဲကျေးရွာကရွာသူ/ရွာသားများကလည်း ယင်းချောင်း
မျေားကိုသောက်မိ သည့်ခွေး၊ဆိတ်စသည့် အိမ်မွေးတိရိစ္ဆာန်များလည်း မကြာ ခဏ သေဆုံးနေကြောင်း ယခင်က ထိုကဲ့သို့ဖြစ်ရပ်များမရှိခဲ့သော်လည်း ဦးပိုင်/၀မ်ပေါင် လက်ပံတောင်းေ တာင်ကြေးနီစီမံကိန်း
လုပ်ကိုင်နေသည်မှစ၍ ထိုကဲ့သို့ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ကြောင်း ရွာသူ/ ရွာသားများက ပြောဆိုနေကြ သည်။
အဆိုပါ ကြေးနီစီမံကိန်းဧရိ ယာအတွင်းရှိ ဆည်တဲ၊မိုးကြိုးပြင် တုံရွာမှရွာသူ/ရွာသားများပြောဆို ချက်များအရ မြန်မာ၊၀မ်ပေါင် ကော်ပါးလီမိတက် လုပ်ငန်းခွင် အတွင်းသို့ ၀င်ရောက်လေ့လာကြည့်ရာတွင် ရွာသူ/ရွာသားများ ပြောဆိုနေသည့် ချောင်းများမှာ ကြေးနီစီမံကိန်းရှိ စွန့်ပစ်ရေများ စီးဝင်နေသည်ဟု ယူဆပြီး(ဓာတ် ခွဲစမ်းသပ်လျှင် အဖြေထွက်နိုင် သည်)
စီမံကိန်းမှစွန့်ပစ်ပစ္စည်းနှင့် ရေများထည့်သွင်းရန်အတွက် မြေကြီးများကို တွင်းနက်ကြီးများ တူးဖော် ထား သည်ကို တွေ့ရှိခဲ့ရပါသည်။
Hot News Weekly
No comments:
Post a Comment