Pages

Pages - Menu

Tuesday, December 4, 2012

"လက်ပံတောင်းသံဃာတော်များအရေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဆောင်ရွက်သွားမည်"

နေပြည်တော်၊ ဒီဇင်ဘာ ၎

ယနေ့နက် ၁၁ နာရီတွင် နေပြည်တော် ရှိ လွှတ်တော်အဆောက် အအုံ I-12 တွင်ပြုလုပ်သောလက်ပံတောင်း
တောင်ကိစ္စ စုံစမ်းစစ်ဆေးရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေး၌ ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်း
စုကြည်က "ယခု ဖြစ်ပွားခဲ့သည့် ကိစ္စမှာ ယခင်ကာလများက ပွင့် လင်းမြင်သာမှု အားနည်းခဲ့ ၍ ဖြစ်ကြောင်း
 ပြောကြားခဲ့သည်။ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ ပြည်သူလူထု၏
ပူးပေါင်းဆောင်ရွက်မှုနှင့် ဥပဒေစိုးမိုးမှုရှိမှာသာ လျင် နိုင်ငံတော် ၏ အကျိုးနှင့် လျော်ညီသည့် အဖြေရရှိနိုင်မှာ ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကိစ္စကို
အရင်ဆုံးစတင်ဆောင်ရွက် သွား မည် ဖြစ်ကြောင်း သပိတ်စခန်းတွင်ဖြစ်ပွားခဲ့ သည့် ကိစ္စရပ်များ၊သံဃာတော် များနှင့် ပတ်သတ်သည့် ကိစ္စများကို ဥက္ကဌ
ကိုယ်တိုင်ဆောင်ရွက် သွားမည် ဖြစ်ပြီး ကျန်အဖွဲ့ဝင်များအနေဖြင့်

(က)ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းေ၇းအတွက် နိုင်ငံတကာပြဌန်းချက်များဆောင်ရွက်
သင့်သည့် နည်းပညာများ အသုံးပြု၍စနစ်တကျ ဆောင်ရွက် ခြင်းရှိမရှိ၊
(ခ)ကြေးနီစီမံကိန်းကြောင့် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်
ရာက်မှုများ၊
(ဂ) ကြေးနီစီမံကိန်းဆောင်ရွက် ခြင်းကြောင့်နိုင်ငံတော် ပြည်သူလူထုနှင့်အနာဂတ်မျိုးဆက်များအတွက်အကျိုး
ရှိမ ရှိ အဖွဲ့ ၃ ဖွဲ့ ဖွဲ့ စည်းပြီးတပြိုင်တည်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း"ပြောကြားသွားသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အား စုံစမ်းစစ်ဆေးရန်တာဝန်ပေးသည့်အခြားကိစ္စများကို လိုအပ်သလို အမြန်ဆုံး
စုံစမ်းစစ်ဆေးသွားမည် ဖြစ်ပြီး၊ ကော်မရှင် အနေဖြင့် သတင်းထုတ်ပြန်ချက်များကို အခါ အားလျော်စွာထုတ်ပြန်
သွားမည်ဖြစ်ကြောင်းသိရသည်။



Popular Myanmar News 

No comments:

Post a Comment