ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အ.ထ.က
ကျောင်းခွဲရှိတက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ကြမည့် ကျောင်းသား/ကျောင်း
ရွှေညောင်ပင်ကျေးရွာ အ.ထ.က ကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူများသည်၁၉၉၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်
အထိသက္ကသိုလ်ဝင်စားမေးပွဲကိုသက္ကလစံပြကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုခဲ့ရာ ကျန်
မာရေး၊ နေထိုင်ရေး၊လုံခြုံရေးပြည့်စုံမှုကြောင့် စိတ်လက်ချမ်းသာစွာဖြင့် ဖြေဆိုခဲ့ကြ၍မြို့နယ်အဆင့်တွင်
ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအဆင့် များရရှိခဲ့သောကျောင်းတစ်ကျောင်းဖြစ်ပြီးအောင်ချက်ရာခိုင်နှုန်း
မြင့် မားသည့်ကျောင်းလည်းဖြစ်ပါသည်။
ယခုနှစ်၂၀၁၂-၂၀၁၃ပညာသင်နှစ်က၀မြို့နယ်၊သရက်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း
သစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုရမည်ဟု မြို့နယ်ပညာရေးမှူးမှ ညွန်ကြားလာခဲ့ပါသည်။
၎င်းကျောင်း သည်စာမေးပွဲဆိုမည့် ကျောင်းသား/ ကျောင်းသူများအတွက် တည်ခိုနားနေရန်နေရာ၊ကျန်းမာ
ရေး၊ ရေမီး၊ လုံခြုံ ရေးများမပြည့်စုံသောဒေသတစ်ခုဖြစ်ပါသည်။တစ်ရွာနှင်တစ်ရွာ နေ့ချင်းပြန်သွားရောက်
ဖြေဆိုရန် မလွယ်ကူသောနေရာဒေသလည်းဖြစ်သည့်အ တွက် ယခင်ဖြေဆိုနေကျနေသားကျပြီးသောသက္က
လစံပြကျေးရွာ အ ထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုလိုပါကြောင်း၊ကျောင်း၏ အောင်ချက်ကောင်း
ခြင်း ညံ့ခြင်းသည် ကလေးသူငယ်ကျောင်းသားကျောင်းသူများ၏ စိတ်ချမ်းသာမှုနှင့်ပါ သက်ဆိုင်ကြောင်း
ကျောင်းသားမိဘ ဆရာအသင်းဥက္ကဌဦးကျော်လွင်မှပြောကြားပါသည်။ကျောင်းသား/ သူများ၏
စိတ်ချမ်းသာ
မှုဆန္ဒ၊ မိဘများ၏ ပံ့ပိုးနိုင်မှု၊ဆရာ/ဆရာမများ၏
သွားလာနေထိုင်ရေး တို့နှင့်သင့်လျှော်သော က၀မြို့နယ်၊
သက္ကလစံပြကျေးရွာ
စာစစ်ဌာနတွင် ဆက်လက်ဖြေဆိုလိုပါကြောင်း၊မြို့နယ်ပညာရေးမှူးက ဖြေစေလိုသော
သရက်ကုန်းကျေးရွာစာစ စ်ဌာနအသစ်တွင်ဖြေဆိုရန် ဆန္ဒမရှိပါ ကြောင်း၊
ရွှေညောင်ပင်ကျေးရွာရှိကျောင်းသားမိဘများမှညွန်ကြားရေး မှူးချုပ်၊ မြန်မာနိုင်ငံ စာစစ်ဌာနချုပ်၊အောက်
မြန်မာပြည်၊နေပြည်တော်သို့ လိပ့်မူပြီး နိုဝင်ဘာ(၁၀)ရက်နေ့တွင်ပေးပို့ခဲ့ကြောင်းနှင့် တက္ကသိုလ် ၀င်စာမေးပွဲ
စာစစ်ဌာန ပြောင်းလဲခြင်းသည်ကျောင်းသား/သူများကို အခက်အခဲဖြစ်စေကြောင်း ကျောင်းသားမိဘများ မှ
ပြောဆိုပါသည်။
The Hot News
ကျောင်းခွဲရှိတက္ကသိုလ်ဝင်စာမေးပ

No comments:
Post a Comment