Pages

Pages - Menu

Friday, December 21, 2012

သမ္မတရုံးသို့ ပေးထားသော နိုင်ငံရေးအကျဉ်းသား စာရင်းထဲမှ မလွတ်မြောက်သေးသူ ၂၀၀ ခန့်ကျန်

နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့ထားသော နိုင်ငံရေး အကျဉ်းသား စာရင်း ၃၃၀ ကျော်ထဲမှ လွတ်မြောက်ရန်
နောက်ထပ် နိုင်ငံရေး အကျဉ်းသား၂၀၀ နီးပါးကျန်ရှိ နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင်
ဦးထွန်းကြည် က ပြောကြား သည်။
 နိုင်ငံရေး အကျဉ်သား စာရင်းများကို နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ကစက်တင်ဘာလ၁၁ရက်နေ့
တွင် နိုင်ငံတော်သမ္မတ ရုံးထံ တင်ပြထားပြီး ဖြစ်ကြောင်း ယင်းအဖွဲ့ ထံမှ သိရသည်။“၁၇/၁ ပုဒ်မ နဲ့ တရားစွဲ
ခံထားရတဲ့ တိုင်းရင်းသား တွေ ရှိသေးတယ်။ သူ့တို့က တိုင်းရင်းသား နယ်မြေတွေ ဖြစ်လို့ နိုင်ကျဉ်း အဖွဲ့က စာရင်းပြုစုဖို့ ခက်ခဲ တယ်။ တောင်ယာတွေမှာယာခုတ်မျှစ်ချိုးနဲ့ စစ်ကြောင်းနဲ့ တွေ့လို့ KNUသတင်းပေး ဆို
ပြီး ပါသွားတာတွေ ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်ထောင်စု အစိုးရ က ကျန်ရှိ နေသေးသော အကျဉ်းသားများ ကိစ္စကို ပြည်ထဲရေး ဝန်ကြီး ဌာနနှင့် အခြား သက်ဆိုင်ရာ အစိုးရ ဌာနများနှင့် အဖွဲ့အစည်း များအကြားယခုနှစ်ဒီဇင်ဘာလမကုန်မီညှိနှိုင်း ဆွေးနွေးမှုများ

စတင် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံတကာ စံများ၊ ကျင့်ထုံးများ နှင့်အညီ အကျဉ်းသား များ၏ ပြစ်မှုများ
၊ ပြစ်ဒဏ်များ ကို ပြန်လည် စဉ်းစား သုံးသပ်နိုင်ရန်စီမံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသမ္မတရုံးဝက်ဆိုက်
တွင် ထုတ်ပြန် ထားသည်။

ဒီဇင်ဘာလ နောက်ဆုံးထားပြီး လုပ်လိမ့်မယ်လို့ အစိုးရက ပြောထားလို့ နိုင်ငံရေး အကျဉ်းသား တွေကို ထပ်

လွှတ်ပေးဖို့ မျှော်လင့်တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ဆိုသည်။

နိုင်ငံတော် သမ္မတရုံး ထံသို့ နိုင်ငံရေး အကျဉ်းသား စာရင်းကို ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား

များ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) နှင့် ပြည်တွင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ တို့က တင်ပြထားကြောင်း ယင်းနိုင်ငံရေး အကျဉ်းသား များထံမှ သိရသည်။
 

The Voice Weekly 

No comments:

Post a Comment