Pages

Pages - Menu

Wednesday, December 5, 2012

မျက်မမြင်သင်္ကေတစာများဖြစ်ပေါ်လာရန် နပိုလီယံ ကူညီခဲ့

မျက်မမြင် သင်္ကေတ စာများကို ပြင်သစ် လူမျိုး Braille တီထွင် ဖန်တီးခဲ့ တယ်လို့ သိကြပေမယ့် အမှန်တော့ နပိုလီယံက ဘိုနာပတ်က စခဲ့တာ ဖြစ် ပါတယ်။ သက္ကရာဇ် ၁၈၀၀ ကျော်ကာလအတွင်း အင်ပါယာထောင်ဖို့ စစ်ခင်းတဲ့ နပိုလီယံဟာ တိုက်ပွဲတွင်း အမိန့်ပေးမှုကို အသံထွက် ပြောချင်သူ မဟုတ်ပါဘူး။ ကိုယ်ရဲ့  စစ်ဗျူဟာကို အခြားလူမှာ ဆိုးလို့ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်တစ်ခုနဲ့ တစ်ခု ဆက်သွယ်ရေးမှာလည်း ကြားဖြတ် ထောက် လှမ်းမှုကြောင့် ပေါက်ကြားမှာ စိုးတဲ့အတွက် စစ်ဗိုလ် အချင်းချင်းသာ နားလည်တဲ့ စာသင်္ကေတတစ်မျိုးကို ဖန်တီးဖို့ စီစဉ် ခဲ့ပါတယ်။ နပိုလီယံရဲ့  စေခိုင်းမှုကြောင့် Charles Barbier ဖန်တီးပေးခဲ့ ပါတယ်။ သို့ပေမယ့် အားနည်းချက် များစွာ ရှိနေတဲ့အတွက် နပိုလီယံ အသုံးမပြုခဲ့ပါဘူး။ စစ်ကာလတွင်း ဖြစ်တဲ့အတွက် စာသင်္ကေတ တီထွင်မှု အပေါ် နပိုလီယံ အချိန်မပေးနိုင်ခဲ့ပါဘူး။

၁၈၂၁ ခုနှစ်အရောက်မှာတော့ Barbier ဟာ ပြင်သစ် မျက်မမြင် အမျိုးသား သိပ္ပံကျောင်း သွားရောက်ခဲ့ပါတယ်။ နပိုလီယံနဲ့ အတူ ဖန်တီးထားတဲ့ စာသင်္ကေတကို မျက်မမြင် Louis Braille ထံပေးအပ်ပြီး Braille ဟာ အားနည်းချက်များကို ပြန်လည် ရေးသားပြင်ဆင်ပေးပါတယ်။ နောက်တော့ ကမ္ဘာတစ်လွှားက မျက်မမြင်အားလုံး အသုံးပြုနိုင်တဲ့ ပြီပြည့်စုံသော လူမူဆက်ဆံရေး စာသင်္ကေတကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မျက်မမြင် စာသင်္ကေတ ဆိုရင် အင်္ဂလိပ်လို Braille လို့ခေါ်တွင်စေခဲ့ပါတယ်။

သို့ပေမယ့် ယင်းစာသင်္ကေတ ဖြစ်လာဖို့အတွက် ပြင်သစ် စစ်သေနာပတိ နပိုလီယံက စတယ်ဆိုတာကိုတော့ လူသိနည်းခဲ့ပါတယ်။


  International news for myanmar 

No comments:

Post a Comment