Pages

Pages - Menu

Sunday, December 9, 2012

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ နိုင်ငံသား စိစစ်မှု ယာယီပတ်စ်ပို့များ မလုပ်ပါက မြန်မာနိုင်ငံ ပြန်ပို့မည်

ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နိုင်ငံသားစိစစ်မှု ယာယီပတ်စ်ပို့လုပ်ရန် ၂၀၁၂၊ ဒီဇင်ဘာလ ၁၄ ရက်အား သတ်မှတ်ထားပြီး သတ်မှတ်ရက်အတွင်း ပတ်စ်ပို့ မပြုလုပ်ပါက ဖမ်းဆီးပြီး
နေရပ်ရင်း မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ကြေညာထားကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း မဟာချိုင်ရှိ စက်ရုံ၊အလုပ်ရုံများတွင် ၀င်ရောက် ဖမ်းဆီးနေမှုများရှိပြီး အလုပ်ရှင်က တာဝန်မယူသော အလုပ်သမားအချို့ ဗွက်တော၊ ဓနိတောများတွင် ပုန်းအောင်းနေကြရသောကြောင့် အ
ခက်အခဲများကြုံတွေ့နေရကြောင်း သိရှိရသည်။ 
 
ထွက်ပြေးတိမ်းရှောင်သူများသည် တရားမ၀င် ရွေ့ပြောင်းအလုပ်သမားများ၊ ယာယီ နိုင်ငံကူးလက်မှတ် ရှိ
သော်လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးသည့် အလုပ်သမားလက်မှတ် မရှိသောသူများဖြစ်
ပြီး အသက်အရွယ်ကြီးရင့်သူများနှင့် ကလေးသူငယ်များပါ ပါဝင်နေကြောင်း သိရပါသည်။
 
တိမ်းရှောင်နေရသူများအား လိုက်လံကူညီပေးနေသော ရွှေတွံတေးဆရာတော်က “''ခေါက်ဆွဲခြောက်နဲ့ ငါးသေတ္တာဘူးတွေကိုတော့ ထောက်ပံပေးထားတယ်။ ကယ်ရီကို ဘတ် ၁သောင်းခွဲပေးပြီး တက်လာသူ
တွေ၊ MOU နဲ့ တက်လာတဲ့သူတွေပဲ၊ မြန်မာအလုပ်သမားတွေကို ငဲ့ညှာပြီး ထိုင်းအစိုးရအနေနဲ့ အဆင်ပြေ
အောင် ဆောင်ရွက်စေချင်တယ်''ဟု မိန့်ကြားခဲ့သည်။
 
အလုပ်သမား ဥပဒေအရ MOU ပြုလုပ်စဉ်က ခေါ်ယူခဲ့သော အလုပ်ရှင်နှင့် အဆင်မပြေပါက နယ်စပ်အ
ထိ ပြန်လာပြီးမှ အခြားအလုပ်ရှင်ကို စောင့်ရကြောင်း၊ အလုပ်ရှင်နှင့် အဆင်မပြေသော အလုပ်သမားအချို့
က နယ်စပ်အထိ ပြန်မလာတော့ပဲ ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်ကြကြောင်းလည်း ထိုင်းနိုင်ငံ
ရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောပြပါသည်။
 
ထိုင်းနိုင်ငံတွင် ယခင်က အလုပ်သမား မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ပြီး မှတ်ပုံတင်ခ ဘတ် ၃၈၀၀ မှ ဘတ် ၅၀၀၀ လောက်အထိ ကုန်ကျခံရပြီး ၂၀၁၀ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူညီချက်အရ ယာယီနိုင်ငံကူး
လက်မှတ်များ ပြုလုပ်ပေးခဲ့ပါသည်။ 
 
ထိုသို့ပြုလုပ်ရာတွင်အလုပ်သမားမှတ်ပုံတင်နှင့်ယာယီနိုင်ငံကူးလက်မှတ်အတွက်စုစုပေါင်းဘတ်၁ သောင်း
ဝန်းကျင် ကုန်ကျသောကြောင့် အလုပ်သမားများအတွက် ခက်ခဲသည်ဟုလည်း သိရပါသည်။
 
အလုပ်လုပ်ခွင့် ဥပဒေအရ အလုပ်သမားလက်မှတ် ပြုလုပ်ပေးသော အလုပ်ရှင် တစ်ဦးတည်းထံတွင်သာ အလုပ်လုပ်ခွင့်ရပြီး အဆင်မပြေပါက အခြားအလုပ်ရှင်ထံ ပြောင်းလဲလုပ်ကိုင်ခွင့် မရှိသောကြောင့် အလုပ်
သမားအချို့ အခက်အခဲကြုံနေကြရပါသည်။ 
 
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့်ရှိပြီး ၁.၂ သန်းမှာ တရားဝင် အထောက်အ
ထားရှိသူဖြစ်ကာ ၃ သိန်းခန့်မှာ တရားမ၀င် ၀င်ရောက်နေထိုင်သူများဖြစ်ကြောင်း ထိုင်းနိုင်ငံအလုပ်သမား
ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါသည်။

ELEVEN MEDIA GROUP

No comments:

Post a Comment