အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်
အိန္ဒိယနိုင်ငံသို့ ဒီဇင်ဘာလ ၂၀ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှတာဝန်ရှိသူ
ဆက်လက်ပြောကြားခဲ့သည်။
အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒီဇင်ဘာလ
၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်သည် အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့၏ မိတ်ဖက်ဖြစ်မှု
နှစ် (၂၀) ပြည့်မြောက်သောနှစ် ဖြစ်သည်။
အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်မှာ "ASEAN-India Partnership for
Peace and Shared Prosperity" ဖြစ်ကြောင်းနှင့် အဆိုပါထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ
ခေါင်းဆောင်များနှင့် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းတို့ တက်ရောက်မည်ဖြစ်ကြောင်း
သိရသည်။
အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းသည်သမ္မတဦးသိန်းစိန်၏ဖိတ်ကြားချက်အရ မြန်မာနိုင်
ငံသို့ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်မှ ၂၉ ရက်အထိချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း
နှစ်နိုင်ငံခေါင်းဆောင်များသည် အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်
သည့် လုပ်ဆောင်ဖွယ်ရာများကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်းသဘောတူညီခဲ့သည်။အဆို
ပါခရီးသည် နှစ်ပေါင်း ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး၏ ပထမဦးဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်
သည်။
သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ချစ်ကြည်ရေးခရီးသွား
ရောက်ခဲ့သည်။
Eleven Media:
No comments:
Post a Comment