Pages

Pages - Menu

Saturday, December 8, 2012

မောင်တောမြို့နယ် ဘကုန်းနားကျေးရွာရှိ မွတ်စလင်မ်ဈေးဆိုင်ခန်းများ မီးရှို့ ဖျက်ဆီးခံရ

မောင်တောမြို့နယ် ဘကုန်းနားကျေးရွာရှိ မွတ်စလင်မ်ဈေးဆိုင်ခန်းများကို ဒေသတွင်းတာဝန်ကျ နစက များက ယခုလ ၅ ရက်နေ့ည ၉ နာရီ ၀န်းကျင်ခန့်တွင် မီးရှို့ ဖျက်ဆီးမှုပြုခဲ့သဖြင့် ဆိုင်ခန်း အချို့ ပျက်ဆီးသွားကြောင်း သိရသည်။

“ည ၈နာရီလောက်မှာ နစက ရောက်တယ်။ ၂ယောက်ကို ဖမ်းတယ်။ ပြန်လွတ်ပေးဖို့ ၀ိုင်းတောင်းဆိုတော့ လွတ်ပေးပြီး ဈေးဆိုင်ခန်းတွေကို မီးရှို့သွားတယ်″ ပာု မီးရှို့ခံရသည့်ကျေးရွာအုပ်စု အတွင်းရှိ ရိုပာင်ဂျာတစ်
ဦးက myanmarmuslim.net သို့ပြောသည်။

အကြောင်းပြချက်မဲ့ ဖမ်းဆီးမှုကို ရွာသားများက ၀ိုင်းဝန်းကန့်ကွက်သဖြင့် သေနတ် ၂ ချက်ဖောက်ကာ ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။

ဘကုန်းနားကျေးရွာရှိ မွတ်စလင်မ်ဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိပြီး ဆိုင်ခန်း ၅ဆိုင်ကို နစက အဖွဲ့ဝင်များက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Ref by: myanmarmuslim.net

No comments:

Post a Comment