
လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား
အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချ
သည့်
ဆန္ဒဖော်ထုတ်မှုကို ရဟန်းရှင်လူ အင်အား ၅၀ ခန့်က ယနေ့(ဒီဇင်ဘာလ ၁ရက်နေ့)ညနေ
၎နာရီ၂၀မိနစ်
အချိန်တွင် မြေနီကုန်းလမ်းဆုံမှ ဗားကရာလမ်းအတိုင်း
ကြည့်မြင့်တိုင်ဘက်သို့ ဦးတည်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်နေကြပြီး
တရုတ်သံရုံးရှေ့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။



အဆိုပါ လမ်းလျောက်ဆန္ဒ
ထုတ်ဖော်နေသူများသည် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ၏
ဓါတ်
ပုံများကိုင်ဆောင်ပြီး "လက်ပံတောင်းတောင်တွင် သံဃာတော်များ အကြမ်းဖက်
ဖြိုခွင်းရသဖြင့် ဆန္ဒထုတ်ဖော်နေ
ခြင်းဖြစ်ပြီး ပြည်သူများ
ပူးပေါင်းပါဝင်ကြပါရန် " ဟုကြွေးကြော်လျက်ရှိကြောင်း သိရသည် ။
Eleven Media Group




No comments:
Post a Comment