ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီခွဲက ပိုးသတ်ဆေး ထည့်သည့် ကော်ဘူးဖြင့် အရက်များ ထည့်သောက်သူ ၂
ဦး သေဆုံး သွားကြောင်း သိရသည်။ဖြစ်စဉ်မှာ ရှမ်းပြည်နယ် မူဆယ်မြို့ ပွိုင့် ၄၅၆၁ ကုန်းအနီး နွားခြံတွင်
နေထိုင်သူဘိုမင်း (၄၆)နှစ် (ဘ) ဦးဘိုကာယူနှင့်ကူးမား ၄ဝ နှစ် (ဘ) ဦးဒန်ဗဟာဒူးတို့ နှစ်ဦးသည်ပိုးသတ်
ဆေးထည့်သည့်ကော်ဘူးအဖြူရောင်အတွင်း အရက်များထည့်ကာ နွားခြံတွင်အတူသောက်နေရာမှ အဆိပ်
မိသည်ကို သိရှိသဖြင့်
ဝဝးဝ၃နာရီတွင်လည်းကောင်း၊ကူးမား မှာ နံနက် ၁ နာရီခွဲတွင်လည်းကောင်း သေဆုံးသွားသဖြင့်မူဆယ်
ရဲစခန်းမှ ဘိုမင်းအား သေမှု သေခင်း အမှတ်စဉ် ၁၅/၂ဝ၁၂ ဖြင့်လည်းကောင်း ၊ ကူးမား အား သေမှုသေ
ခင်း အမှတ်စဉ် ၁၆/ ၂ဝ၁၂ အရ လည်းကောင်း ရေးဖွင့်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်
ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment