Pages

Pages - Menu

Friday, November 2, 2012

စီရော်နယ်လ်ဒိုနှင့် မော်ရင်ဟိုတို့အား PSG က ခေါ်ယူရန်စီစဉ်ဟုဆို

စီရော်နယ်လ်ဒိုနှင့် မော်ရင်ဟိုတို့အား PSG က ခေါ်ယူရန်စီစဉ်ဟုဆို

ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း (PSG)အသင်းသည် ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် ဟိုဆေး မော်ရင်ဟိုတို့
အား ပေါင်စတာလင် သန်း(၁၀၀) အကုန်အကျခံ ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာ
သည်။
ကာတာကုဋေကြွယ်သူဌေးများ၏ ကျောထောက်နောက်ခံဓနအင်အားကြောင့် ငွေကို စိတ်တိုင်းကျ သုံးစွဲနိုင်
သော PSGသည် စပိန်ချန်ပီယံ ရီးယဲလ်အသင်းမှ တိုက်စစ်မှူး ရော်နယ်လ်ဒို၊ နည်းပြ မော်ရင်ဟိုတို့အား ချိန်
ရွယ်နေခြင်း ဖြစ်သည်။


အဆိုပါ ပေါ်တူဂီသား နှစ်ဦးလုံးသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလိုနာအသင်း စပိန်ဘောလုံးလော
ကအား လွှမ်းမိုးထားမှုကို တွန်းလှန်ကာ လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်အောင် အဓိက ကူညီပေးခဲ့
သူများ ဖြစ်သည်။ ရော်နယ်လ်ဒိုသည် ပရော်ဖက်ရှင်နယ် ရေးရာ အခြေအနေ တစ်ရပ်ကြောင့် အသင်းတွင် မပျော်မရွှင် ဖြစ်နေကြောင်း ဝန်ခံထားဖူးသည်။

သတင်းများကမူ ရော်နယ်လ်ဒိုသည် တစ်နှစ်လျှင် အခွန်နုတ်ပြီး ပေါင်စတာလင် (၁၄.၅)သန်းမျှ တောင်းဆို
ထားကာ ရီးယဲလ်က မလိုက်လျောသည့်အတွက် စိတ်ပျက်နေခြင်းဟု ဖော်ပြထားသည်။ ရော်နယ်လ်ဒိုသည် ရာသီကုန်တွင် ဘာနေဗျူးမှ ထွက်ခွာမည်ဟုလည်း သတင်းထွက်နေသည်။

မ်ာရင်ဟိုမှာမူ လက်ရှိ PSGနည်းပြ ကာလို အန်ဆလော့တီထက် စွမ်းဆောင်ရည်ပိုင်းသာလွန်မည်ဟု PSG
အသင်း တာဝန်ရှိသူများက ယုံကြည်နေသဖြင့် အစားထိုးရန် ရည်ရွယ်ထားခြင်းဟု သိရှိရသည်။

Source: DailyMail

No comments:

Post a Comment