သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအရေး ဖြေရှင်းနိုင်ရန် နည်းလမ်းများနှင့် ပတ်သက်၍ဆွေးနွေးရန် မြန်မာနိုင်ငံ
ကို လာရောက်ရန် စီစဉ်နေကြောင်း သိရှိရသည်။
Ekmeleddin Ihsanoglu ဦးဆောင်မည့် OIC ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးအချို့ လည်း လိုက်ပါလာကြမည်ဖြစ်ကြောင်း မလေးရှားအခြေစိုက် Bernama သတင်းတရပ်က ဆိုသည်။
မြန်မာသမ္မတ က OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်ခွင့်ပြုမည် မဟုတ်ကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့က ပြော
ဆို လိုက်ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့ကကျင်းပပြီးစီးသွားသည့်OIC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး
CFM မှ ထိုခရီးစဉ် သွားရောက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ရက်ကိုမူ မသတ်မှတ်ရသေးပေ။
ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုဒဏ်သင့် ဒေသများအတွင်း လူသားချင်း စာနာသောအကူအညီများ လိုအပ်မှုကို ချင့်တွက်ထောက်ဆမည်ဖြစ်ပြီးစီမံကိန်းတရပ်ချမှတ်နိုင်ရန်လည်း မြန်မာအာဏာပိုင်များနှင့်လည်းပူးပေါင်းဆောင်
ရွက်သွားမည်ဟု OIC က ဆိုသည်။
ပင်လယ်နီနှင့် အေဒင် ပယ်လယ်ကွေ့ ထိစပ်သည့် Djibouti တွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ကျင်းပသည့် OIC ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသား အခွင့်အရေးများ ပြန်လည်ရရှိရေးနှင့် ဒုက္ခသည်များ အမြန်ဆုံးပြန်လာနိုင်ရေးအတွက် ပိုမိုကြိုးစားအားထုတ်ကြ
ရန် အဖွဲ့ဝင် ၅၇ နိုင်ငံအား တိုက်တွန်းဆော်သြလိုက်သည်။
မဇ္ဈိမသတင်းဌာန
No comments:
Post a Comment