Pages

Pages - Menu

Friday, November 9, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း ဗဟိုစီမံကိန်း Master Paln အတွက် ဆပ်ကော်မတီခြောက်ခု မြန်မာ-ထိုင်း ပူးတွဲဖွဲ့စည်း

ထိုင်းနှင့် မြန်မာအစိုးရ တာဝန်ရှိသူများသည် ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက် ဗဟိုစီမံကိန်း Master Plan ကို သုံးလအတွင်း အပြီးသတ်ရေးဆွဲရန်၊ အခြေခံအဆောက်အအုံပိုင်း ရင်းနှီးမြှုပ်နှံမှုများကို လာ
မည့်နှစ်ဧပြီလတွင်စတင်နိုင်ရန်ဆပ်ကော်မတီခြောက်ခုခွဲ၍လုပ်ဆောင်သွားရေး သဘောတူညီမှုရခဲ့သည်။
နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သော ထိုင်း-မြန်မာ အဆင့်မြင့်ပူးတွဲကော်မတီ (JHC)၏ ပထမအကြိမ်စည်းဝေး
ပွဲတွင်ယခုသဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ထိုပွဲသို့ မြန်မာနိုင်ငံဒုသမ္မတဦးဥာဏ်ထွန်း ခေါင်းဆောင်သော
အဖွဲ့နှင့် ထိုင်းနိုင်ငံဘက်မှ လက်ထောက်ဝန်ကြီးချုပ် ကစ်တီရက်နာရာခွန် ဦးဆောင်သောအဖွဲ့တို့ တက်
ရောက်ခဲ့ကြသည်။ 
 
လက်ထောက်ဝန်ကြီးချုပ် ကစ်တီရက်က "ဆွေးနွေးပွဲမှာ ကျွန်တော်တို့ဟာ မြန်မာခေါင်းဆောင်တွေကို ထိုင်း
ဟာ ဒီစီမံကိန်းထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ပြီး အားသာမှုယူဖို့ ရည်ရွယ်ချက်မရှိပါဘူးလို့ သေချာအာမခံ
ခဲ့ပါတယ်။ 
 
ဒီ စီမံကိန်းဟာ မဟာမဲခေါင်ဒေသခွဲအတွင်းက ပြည်သူတွေနဲ့ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးကို အကျိုးအမြတ်
ဖြစ်ထွန်းစေမှာ အမှန်ပါ။ စီမံကိန်းဟာ အရွယ်အစားကြီးမားလှတာကြောင့် နှစ်နိုင်ငံစလုံး နီးကပ်စွာပူးတွဲ
ဆောင်ရွက်သွားဖို့ လိုပါတယ်"ဟု ပြောသည်။

ယခု ဖွဲ့စည်းလိုက်သော ဆပ်ကော်မတီများတွင် အခြေခံအဆောက်အအုံဆိုင်ရာ ကော်မတီမှာ စီမံကိန်း၏ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဦးစီးဆောင်ရွက်သွားမည်ဖြစ်သည်။ စွမ်းအင်ဆိုင်ရာ ဆပ်ကော်မတီမှာ စက်ရုံများ အဆင်သင့်ဖြစ်ရေး၊ လောင်စာနှင့် ဓာတုဗေဒစက်မှုလုပ်ငန်းများအတွက် အစီ
အစဉ်ချမှတ်ပေးရေးများ လုပ်ဆောင်သွားမည်ဖြစ်သည်။
 
ကော်မတီအားလုံးသည်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံရှိ နေပြည်တော်၌တစ်ကြိမ်ထပ်မံတွေ့ဆုံမည်ဖြစ်သည်။ထို့နောက် နှစ်နိုင်ငံပူးတွဲကော်မတီ အစည်းအဝေးကို မတ်လအတွင်း ကျင်းပမည်ဖြစ်သည်။ ထားဝယ်ရေ
နက်ဆိပ်ကမ်းအတွက် အခြေခံအဆောက်အအုံများကိုဧပြီလတွင်စတင်မည်ဖြစ်ပြီး၂၀၁၅ အမီ ပြီးစီးမည်ဟု
မျှော်မှန်းထားသည်။

-Ref:The Nation, 7days News Media

No comments:

Post a Comment