Pages

Pages - Menu

Thursday, November 1, 2012

Googleသည် မဟာပြိုင်ဘက် Appleကို ယှဉ်ပြိုင်ရန် Nexus 4 နှင့် Nexus 10 အမျိုးအစား Tabletကွန်ပျူတာကို စတင်မိတ်ဆက်

Nexus 10

Googleသည် မဟာပြိုင်ဘက် Appleကို ယှဉ်ရန်အတွက် Nexus 4မိုဘိုင်းလ်ဖုန်းနှင့် Nexus 10 အမျိုးအစား Tabletကွန်ပျူတာတို့ကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Appleက ဈေးကွက်အတွင်း iPhone 5နှင့် iPad miniတို
့ဖြင့် ထိုးဖောက်လာချိန်တွင် Googleကလည်း တုံ့ပြန်လာခြင်း ဖြစ်သည်။
LGက Hardwareပိုင်း တာဝန်ယူသော Nexus 4မိုဘိုင်းလ်ဖုန်းသည် Screenအကျယ် (၄.၇)လက်မ ရှိနေပြီး iPhone 5နှင့် အဓိက ယှဉ်ပြိုင်လာဖွယ် ရှိနေသည်။


Nexus 10
(Nexus 10)

ထို့အပြင် iPad miniအား စိန်ခေါ်ရန်အတွက် Screenအကျယ် (၇)လက်မရှိသော Nexus 7ကို Updateလုပ် အ
ဆင့်မြှင့် မွမ်းမံကာ ရောင်းချသွားရန်လည်း Googleက စီစဉ်ထားပြီး ဖြစ်သည်။ ထို့အပြင် Appleကို ရင်ဆိုင်
ရန် Music Service အသစ်တစ်ခုကိုလည်း Googleက မိတ်ဆက်လာခဲ့သည်။ Nexus 10မှာမူ (၁၀)လက်မအ
ရွယ် Screenနှင့် Tabletအကြီးဖြစ်ပြီး Apple၏ (၉.၇)လက်မ Screenနှင့် စတုတ္ထမျိုးဆက် iPadကို စိန်ခေါ်မည်
ဖြစ်သည်။

Nexus 4
(Nexus 4)

Googleသည် ဟာရီကိန်း ဆန်ဒီ ဝင်ရောက် တိုက်ခတ်မှုကြောင့် နယူးယော့ခ်တွင် ပြုလုပ်မည့် Nexus ထုတ်
ကုန်များ မိတ်ဆက်ပွဲကို ရွှေ့ဆိုင်းခဲ့ရသည်။ Nexus 10ကိုမူ Hardwareပိုင်း၌ Apple၏ ကမ္ဘာ့ရန် တောင်ကိုရီး
ယား ကုမ္ပဏီကြီး Samsungကတာဝန်ယူခဲ့သည်။Googleက Nexus 10သည် iPadထက် Screen Resolutionပိုင်း
 ပိုမို ကောင်းမွန်မည်ဟု ပြောကြားထားသည်။

(iPad Mini, Kindle Fire, Nexus 7 နှင့် iPad3 တို့၏ နှိုင်းယှဉ်ချက်)
ပေါင်စတာလင် (၃၁၉)တန် ထုတ်ကုန်ကို နိုဝင်ဘာလတွင် စတင်ရောင်းချမည် ဖြစ်ပြီး ယင်းသည် Google၏ Play Music Service ပါဝင်လာသည့် ပထမဆုံး ကိရိယာလည်း ဖြစ်လာခဲ့သည်။ 

Googleသည် Nexus 4ဖုန်းတွင် Charging စနစ်၌ Wireless နည်းပညာကို အသုံးပြုထားကြောင်းနှင့် Android 4.2ကို OSအဖြစ် အသုံးပြုထားကြောင်းလည်း ကြေညာသွားသည်။

Source: DailyMail

No comments:

Post a Comment