Pages

Pages - Menu

Friday, November 16, 2012

အမေရိကန် F-22 တိုက်လေယာဉ် ဖလော်ရီဒါတွင် ပျက်ကျ

အမေရိကန် F-22 တိုက်လေယာဉ် ဖလော်ရီဒါတွင် ပျက်ကျ

အမေရိကန် လေတပ်မှ F-22 တိုက်လေယာဉ် တစ်စင်းသည် ကြာသပတေးနေ့က ဖလော်ရီဒါတွင် ပျက်ကျ
ခဲ့ကြောင်း သိရှိရသည်။ Raptorဟု လူသိများသည့် အမေရိကန်လေတပ် မဟာဗျူဟာမြောက် တိုက်လေ
ယာဉ်သည် ဖလော်ရီဒါရှိ တင်ဒေါလ် လေတပ်အခြေစိုက် စခန်းတွင် ပျက်ကျခဲ့ပြီး လေယာဉ်မှူးသည် ဘေး
အန္တရာယ် ကင်းရှင်းစွာ ထွက်ခွာ လွတ်မြောက်ခဲ့ကြောင်း အခြေစိုက်စခန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
လေ့ကျင့်ပျံသန်းမှု ပြုလုပ်နေစဉ် အဆိုပါ ဒေါ်လာ သန်း(၁၅၀)တန် လေယာဉ် ပျက်ကျသွားခြင်းဟုအခြေစိုက်
စခန်း ပြောရေးဆိုခွင့်ရ အမျိုးသမီး အက်ရှ်လေရိုက်က ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သော လေယာဉ်သည် အမေရိက လေတပ်က အသုံးပြုသည့် တိုက်
လေယာဉ်များအနက် ခေတ်အမီဆုံး စစ်ဆင်ရေး ယန္တရားလည်း ဖြစ်သည်။ အမေရိကန်သည် နည်းပညာ ပျံ
့နှံ့မည် စိုးရိမ်သဖြင့် Raptorများ ရောင်းချမှုကို အခြားမည်သည့်နိုင်ငံသို့မျှ ခွင့်မပြုဘဲ အမေရိကန် စစ်ဘက်
တွင်သာ အသုံးပြုစေသည်။ ယခုပျက်ကျသော လေယာဉ်သည် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း မီးသတ်
သမားများက လျင်မြန်စွာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ရိုက်က ဆိုသည်။

လေယာဉ်မှူး၏ အမည်ကို မကြေညာသော်လည်း မည်သည့် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရမှုမျိုးမှ မဖြစ်
ပ်ါခဲ့ကြောင်း လေတပ်က ပြောကြားထားသည်။ အဆိုပါ အခြေစိုက် စခန်းသည် (၂၀၁၁)ခုနှစ်က Raptorများ ပျံသန်းမှုကို ခေတ္တ ရပ်ဆိုင်းထားခဲ့ဖူးသည်။

 ပြဿနာမှာ လေယာဉ်မှူးထံသို့ အောက်စီဂျင် ထောက်ပံ့မှု ပြတ်တောက်သွားခြင်းကြောင့် လေယာဉ်မှူးများ မူးဝေရခြင်းကြောင့်ဟု ဆိုသည်။ F-22 တိုက်လေယာဉ်မှူး နှစ်ဦးက မိမိတို့သည် ယင်းလေယာဉ်များသည် လုံ
ခြုံရေးဆိုင်ရာ စိုးရိမ်ရသည်ဟု ယူဆသဖြင့် ဆက်လက် မောင်းနှင်ခြင်း မပြုဘဲ နုတ်ထွက်ခဲ့ကြောင်း CBSသို့
 ပြောဆိုခဲ့ဖူးကြောင်း သိရှိရသည်။

Source: Yahoo

No comments:

Post a Comment