Pages

Pages - Menu

Sunday, November 18, 2012

ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြိုတွင် အိုဘားမားအား ကြိုဆိုသည့် ပုံဆွဲသူအား ဖမ်းဆီး

ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့နိုင်ငံတကာလေဆိပ်အနီးနေထိုင်သော ရွာသားများသည် နေအိမ်ခေါင်
မိုးများပေါ်တွင်အမေရိကန်သမ္မတအိုးဘားမားပုံကြီးများကိုကပ်ကာဘးကမှုတ်ဆေးဖြင့်SOS (အရေး
ပေါ်ကယ်ဆယ်ရေး အချက်ပေးသင်္ကေတ) စာလုံးကြီးများ ရေးသားခဲ့သဖြင့် ထိုသို့ပြုလုပ်သူရှစ်ဦကို
ကမ္ဘောဒီးယား ရဲအဖွဲ့က နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမားသည် ဖနွမ်းပင်မြို့၌ ကျင်းပမ
ည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် လာမည့် နိုဝင်ဘာ ၁၉၊ ၂၀ တွင် ဖနွမ်းပင်သို့ ရောက်ရှိမည်ဖြစ်ရာ လေယာဉ်ကွင်းကို ဆင်းသက်ပါက ကောင်းကင်မှ မြင်နိုင်စေရန် ရွာသားများက နေအိမ်ခေါင်မိုးများပေါ်တွင် အထက်ဖော်ပြပါအတိုင်း ဖန်တီးပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဖနွမ်းပင်လေဆိပ်ပြေးလမ်း တိုးချဲ့ရန်နှင့် လုံခြုံရေးဧရိယာ ချဲ့ထွင်ရန်အတွက် ဇူလိုင်လကတည်းက ပြောင်းရွှေ့ပေးကြရန် ၎င်းတို့ကို အစိုးရက အမိန့်ထုတ်ထားသော်လည်း နစ်နာကြေးမပေးဘဲ ပြောင်းရွှေ့ခိုင်းသဖြင့် မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးထိန်သိမ်းထားကြောင်းလည်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပြောကြားထားသည်။ 

messenger

No comments:

Post a Comment