Pages

Pages - Menu

Monday, November 26, 2012

 ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားနှင့်ကား တိုက်မှု ဖြစ်ပွား

ha-26-11-6



ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားမိုင်တိုင်အမှတ် ၃၉၁/၁၃- ၁၄ ကြား နှင့် ညောင်ဦး-ကျောက်ပန်း
တောင်းသွား ကားလမ်းတို့ဆုံရာ နေရာတွင် နိုဝင်ဘာလ၂၅ ရက်နေ့၊ည ၇ နာရီအချိန်ခန့်က နေပြည်တော်
-ပုဂံ ၁၀၇ အဆန်မီးရထားနှင့် လိုက်ထရပ်ကား အဖြူရောင်တစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါ
သည်။
ညောင်ဦးမှ ကျောက်ပန်းတောင်းဘက်သို့ မောင်းနှင်လာသော လိုက်ထရပ်ကား အဖြူရောင်သည် ပုဂံတောင်ဇင်းကြားရှိ မြို့ပြအင်ဂျင်နီယာဌာန၊ တုရွင်းတောင် ကားလမ်းကူးဂိတ်အရောက် ပိတ်ထားသော သံလမ်းဂိတ်တံခါးအား ၀င်တိုက်ကာ နေပြည်တော်မှ ပုဂံဘူတာသို့ ၀င်ရောက်လာသော  မီးရထားစက်ခေါင်းနှင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်း၊
 
 ယာဉ်နှစ်စီးတိုက်မှုကြောင့် လိုက်ထရပ်ကားမောင်းသူ ယာနဖူးအနည်းငယ် ပေါက်ပြဲဒဏ်ရာ ရရှိခြင်းမှတစ်ပါး အခြားထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း၊ လိုက်ထရပ်ကားတွင် ယာဉ်မောင်းနှင့်အတူ ဇနီးဖြစ်သူလည်း လိုက်ပါလာကြောင်း သိရသည်။
 
''ရထားစက်ခေါင်း ၀ဲဘက်ခြမ်းနဲ့ ၀င်တိုးတာ။ ကားခေါင်းထဲကလူ ထွက်နိုင်အောင် ကားကိုနောက်ပြန်ဆွဲပြီး ထုတ်ရတယ်။ ကံသီလို့သာပေါ့'' ဟု အခင်းဖြစ်အရပ် ရောက်ရှိနေသော ဒေသခံတစ်ဦးက ပြောပါသည်။
 
အဆိုပါမီးရထားနှင့် ကားတိုက်မှုကြောင့် လိုက်ထရပ်ကားမောင်းသူ (၂၂) နှစ်အရွယ် ---၊ တောင်ဇင်းနယ်၊ ဘုန်းတော်ရွာ နေသူအား ညောင်ဦးရဲစခန်းမှ (ပ)၁၈၀/၂၀၁၂၊ မီးရထား အက်ဥပဒေပုဒ်မ ၁၂၉ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
Eleven Media Group

No comments:

Post a Comment