Pages

Pages - Menu

Thursday, November 1, 2012

ဘဏ်ထုတ်အချို့တွင် အစစ်မဟုတ်ဟု သံသယရှိဖွယ် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ ပါဝင်လာသဖြင့် ဂရုပြန်ရန်လို

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFsdjIWz6ZV75LQNr1yR9M9H7LdQp1kbf0_-IullarRP1gcFDJnD1waBMQOIJOn3o3g8CjGFtTERvCGItIS7wvnCO9NAjypcecufoT5ix1eZNpWor16tYtLok3jrVqDkIMz9gWvgmKK2Q/s400/01.jpg

အစစ်မဟုတ်ဟု သံသယဖြစ်ဖွယ်ရှိသော ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ဘဏ်များမှ ထုတ်ယူသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများတွင် ရောနှောပါဝင်နေခြင်းကြောင့် သတိထားသုံးစွဲသင့်ကြောင်းစီးပွားရေး လုပ်ငန်း
ရှင်များနှင့် ကိုယ်တွေ့ ကြုံ ရသူများက ပြောသည်။ 

ထိုကဲ့သို့ အစစ်မဟုတ်ဟု သံသယရှိဖွယ် ကျပ် ၅၀၀၀ တန် ငွေစက္ကူများကိုအသစ်အုပ်များတွင် တွေ့ရှိရခြင်း
 မဟုတ်ဘဲ ပြင်ပမှ တစ်ကျော့ပြန်လာသော ငွေစက္ကူများကို ပြန်လည်ထုတ်စည်းထားသည့်ဘဏ်ထုတ်အချို့
တွင်သာ တွေ့ရှိရခြင်း ဖြစ်ကြောင်း ယင်းတို့က ဆိုသည်။

အစစ်မဟုတ်ဟု သံသယရှိဖွယ် ဖြစ်နေသည့် ကျပ် ၅၀၀၀ တန်များကို မကြာခဏ တွေ့ရှိနေရသည်ဟု ပုဂ္ဂ
လိဘဏ်အချို့ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များထံမှ ကြားသိရခြင်းဖြစ်ပြီး ယင်းနှင့်စပ်လျဉ်း ကာ ပြည်
သူများအား သက်ဆိုင်ရာက အသိပညာပေး အစီအစဉ်များ ပြုလုပ်သင့်ကြောင်း ယင်းတို့ က ပြော သည်။ 
 
အဆိုပါ ကျပ် ၅၀၀၀ တန် ငွေစက္ကူကိစ္စနှင့် စပ်လျဉ်း၍ ပြည်တွင်းပုဂ္ဂလိကဘဏ် တစ်ခု၏ ထိပ်ပိုင်း တာဝန်
ရှိသူတစ်ဦးက “အခု ကျပ် ၅၀၀၀ တန်တွေကိုတော့ ဘဏ်မှာ အထူးစစ်ဆေးနေပါတယ်။ အရေ အတွက် ကို
တာ့ စက်နဲ့ရေတွက်ပြီး ကျန်တာကိုတော့ လက်နဲ့ ရေတွက်ပါတယ်။ 
 
တစ်ခါ တစ်ခါ ရောပြီးေ တာ့ ပါလာတာတွေ ရှိတယ်။ ကျပ် ၅၀၀၀ တန်အစစ်ကနံပါတ်လေးတွေမှာအဖုလေး
တွ ပါတယ်။ အစစ် မဟုတ် တဲ့ ကျပ် ၅၀၀၀ တန်က ချောနေတယ်။ လက်နဲ့ စစ်ဆေးကြည့်မှ သိနိုင်တယ်” ဟု
 ပြောသည်။

ယင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက “ကျပ် ၅၀၀၀ တန်
ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပညာပေးလုပ်ငန်းတွေ လုပ်ဖို့တော့ လောလောဆယ်မှာ မရှိသေးပါဘူး။ သတင်း
တွင် ဖော်ပြထားပါသည်။


ရန်ကုန် တိုင်း(မ်)

No comments:

Post a Comment