Pages

Pages - Menu

Sunday, November 11, 2012

ရွှေဘို ငလျင်ကြောင့် ရွှေဘို မြို့ထောင့်စေတီ ထီးတော်စောင်းသွားပြီး စိန်ဖူးတော် ပြုတ်ကျ ခဲ ဆောက်လုပ်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတနာသိင်္ခမြစ်ကူးတံတားမှာ ပြိုကျ

ယနေ့နံနက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် တည်ဆောက်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတနာသိင်္ခမြစ်ကူးတံတားမှာ ပြိုသွားပြီဖြစ်ကြောင်း၊ ယင်း တံတားမှာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၅၉ မိနစ်တွင် စုံစမ်းသိရှိရသည်။ TheVoice 
==========================================================================
ငလျင်နောက်ဆက်တွဲသတင်း : ရွှေဘို မြို့ထောင့်စေတီ မှာ ယနေ့နံနက်က လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထီးတော်စောင်းသွားပြီး စိန်ဖူးတော် ပြုတ်ကျ ခဲ့ကြောင်း ရွှေဘိုမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုသူရိန်က ဖုန်းဖြင့် ပြောကြားသည်။
ရွှေဘိုကျောက်မြောင်း ရှိတည်ဆောက်လျှက်ရှိသော ဧရာဝတီ မြစ်ကူတံတား စီမံကိန်းတွင် ပြိုကျ ပျက်စီးမှုများရှိပြီး လူအချို့ထိခိုက်ဒဏ်ရာရ ကာ သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသော်လည်း အသေးစိပ်ကို အတည်ပြု၍ မရသေးပေ။
7DayNewsJournal 

No comments:

Post a Comment