Pages

Pages - Menu

Friday, November 30, 2012

လက်ပန်းတောင်းတောင်အရေးကိစ္စနှင့် ပတ်သက်၍ အထက်မြန်မာပြည်မှသံဃာတော်များသဘောထားကြေညာချက်ထုတ်ပြန်

လက်ပန်းတောင်းတောင်အရေးကိစ္စနှင့် ပတ်သက်၍ အထက်မြန်မာပြည်မှသံဃာတော်များသဘောထားကြေညာချက်ထုတ်ပြန်

ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှ ၂ နာရီခွဲထိ လက်ပန်းတောင်းတောင်အရေးတွင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍
ဆန္ဒပြတောင်းဆိုခဲ့သော မန္တလေးမှသံဃာများက ကြေညာချက်တစ်စောင် ယနေ့ နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ သံဃာတော်များ၏တောင်းဆိုချက်အပြည့်အစုံမှာ- (က) လက်ပန်းတောင်းတောင်တွင် သံဃာတော်များနှင့် ပြည်သူများအပေါ် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်စွာ အကြမ်း
ဖက်နှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ခြင်းကို

အပြင်းအထန် ရှုတ်ချသည်။
(ခ) ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက သံဃာတော်များအား တရားဝင် ၀န်ချတောင်းပန်ရ
မည်။

(ဂ) အကြမ်းဖက်ဖြိုခွင်းခဲ့မှုနှင့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ တာဝန်အရှိဆုံးဖြစ်သော
 ပြည်ထောင်စုအစိုးရမှ သံဃာတော်များနှင့် ပြည်သူများ ကျေနပ်လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ
 တာဝန်ယူဖြေရှင်းပေးရမည်။

(ဃ) အကြမ်းဖက်ဖြိုခွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိကြသော သံဃာတော်များနှင့် ပြည်သူများကို ပြည့်စုံလုံလောက်
သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် တစ်စုံတစ်ရာနစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးရမည်။

(င) ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်ဆုံးပြန်လွှတ်ပေးရမည်။

7Day News Journal 

No comments:

Post a Comment