ဘင်္ဂလာဒေခ်ျ့နိုင်ငံနတ်မြစ်ကမ်းခြေတွင်တည်ရှိသောမြစ်နားရွာမှ ရခိုင် အမျိုးသား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB မှ ယမန်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။“ မနေ့ညနေ ၅ နာရီ အချိန်မှာမြစ်နားရွာထဲကို ၀င်လာပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါ တယ်။ ယာဘားဆေးပြားတွေလည်း သူတို့ဆီကမိတယ်လို့ကြားရပါတယ်။အတိအကျဘယ်လောက်မိတယ်ဆိုတာကိုတော့တိတိကျကျ မသိရ
သေးပါဘူး” ဟု
ရွာသား တစ်ဦးက ပြောသည်။
ဖမ်းဆီခံရသူများမှာဘုမောင်(ညလားကျေးရွာ)၊မောင်စောလှ(မြစ်နားရွာ)နှင့်သူအစ်ကိုတော်စပ်သူ ရဲစူး
ကျေးရွာ သားတစ်ဦးတို့ ဖြစ်ကြသည်။
ယနေ့ဘင်္ဂလာဒေခ်ျရုပ်သံဌာနများမှအဆိုပါ ဖမ်းဆီးမူအား ထုတ်လွှင့်ပြသရာ
သူတို့ထံမှ ယာဘားဆေးပြား သုံးထောင် ဖမ်းဆီးရမိသည်ဟု ရဲက ပြောသည်ဟု ဆိုသည်။
RABခေါ်ဘင်္ဂလာဒေခ်ျ့အထူးမူခင်းနှိမ်နှင်းရေးတပ်ဖွဲ့မှသတင်းအရသူတို့အားအနီးကပ် စောင့်ကြည့်နေသည်
မှာကြာနေပြီဖြစ်ကြောင်းနှင့်သေချာသည်နှင့်တပြိုင်နက်တည်းမြစ်နားရွာထဲသို့ဝင်ရောက် ဖမ်းဆီးခြင်း
ဖြစ်
သည်ဟု ကျေးရွာသားက ဆက်ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်ယာဘားဆေးပြားများကိုကာမအားတိုးဆေးအဖြစ်လူငယ်များ အကြား ဈေးကြီးကြီး
ပေး၍ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြရာ
မှောင်ခိုသမားများ အနေဖြင့် အဆိုပါ အခွင့်အရေးကို အသုံးချပြီး
ယာဘားဆေးပြားများကို မြန်မာနှင့် အိန္ဒိယ နိုင်ငံများက အကြီးအကျယ် မှောင်ခို
တင်သွင်းနေကြသည်။
နိုဝင်္ဘာလ၁၆ရက်နေ့ညနေပိုင်းကဒက္ကား-စစ်တကောင်းကားလမ်းမကြီးဘေးတွင်တည်ရှိသောကိုမီလာမြို့
တွင်အိန္ဒိယမှတင်သွင်းလာသောယာဘားဆေးပြားတစ်သိန်းလေးသောင်းကျော်ကိုRABက ဖမ်းဆီးရမိခဲ့
သည်။ စုစုပေါင်း ဆေးပြားတန်ဖိုးမှာ
တာကာ ၄၃ ဒဿမ ၂ သန်းကျော် ဖိုးရှိသည်ဟု ဆိုသည်။
နိုဝင်္ဘာလ ၂၀ရက်နေ့ကလည်း ယာဘားဆေးပြား ၄၅၀၀၀ကို သယ်ဆောင်လာသူ ၆ဦးနှင့်
အတူ ဒက္ကားမြို့ အ၀င် ကွာမလာလာမ်ပူ ရပ်ကွက်တွင် မှုခင်းနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ ကားတစီးပေါ်မှ ဖမ်းဆီး ရမိခဲ့သည်။
နိရဉ္စရာသတင်း
No comments:
Post a Comment