Pages

Pages - Menu

Friday, November 30, 2012

နှစ်ရှည်ထောင်ဒဏ်ကျခံပြီး ပြန်လည် လွှတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဆန်းဇော်ထွေး ဗြိတိသျှသံရုံးရှေ့၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်


ရန်ကုန်၊ နိုဝင်ဘာ ၃၀

အကျဉ်းထောင်အတွင်း ၁၃ နှစ်ကျော် နှစ်ရှည်ထောင်ဒဏ်ကျခံပြီး ပြန်လည် လွှတ်မြောက်လာသော နိုင်ငံရေး အ
ကျဉ်းသားဟောင်း ကိုဆန်းဇော်ထွေးမှ လက်ပန်းတောင်းတောင်ကိုလွှတ်ပေးပါစာတန်းကိုပါအကျီင်္ကို ၀တ်ဆင်ပြီး
လှုံ့ဆော်မှုတစ်ခုကို နိုဝင်ဘာလ ( ၃၀) ရက်နေ့ နေ့လည်၁နာရီကရန်ကုန်မြို့ ဗဟိုစာတိုက်ကြီးနှင့် British Council 
တို့တွင် ပြုလုပ်ခဲ့သည်။
“၁၉၉၉ ခုနှစ်က ကျွန်တော် မုံရွာသွားတော့ စံပယ်တောင် ရှိသေးတယ်။ ကျွန်တော် ထောင်ကလွတ်ပြီး အခု တစ်
ခါက် မုံရွာရောက်သွားတော့ ဒေသခံတွေရဲ့ပြောပြချက်အရ စံပယ်တောင် မရှိတော့ဘူးဆိုတာ သိရတယ်။ 
 

အခု လည်း ကြေးနီစီမံကိန်းကြောင့် လက်ပန်းတောင်းတောင် တစ်ဝက်လောက် ဖြိုချပြီးနေပြီ။ ထို စီမံကိန်းအနီး
တစ်ဝိုက်ရှိ ကျေးရွာတွေမှာ အက်ဆစ်နံ့တွေ ပျံ့နှံ့နေတယ်။ ဒေသခံတွေ ထိုအက်ဆစ်ငွေ့တွေကို ရှူရှိုက်နေရတာ
ကြာင့် ကိုယ်လက်အင်္ဂါတွေ ပျက်ဆီးဆုံးရှုံး နတာတွေ ကျွန်တော်တွေ့မြင်ခဲ့ရတယ်။ 
 

ဒါ့ကြောင့် ယခုစာတန်းပါ အင်္ကျီကို ထိုစီမံကိန်းမရပ်သရွေ့ ၀တ်ဆင်လှုံဆော်သွားမယ်။ဒီနေ့ညနေ ၅ နာရီ ဆူးလေ
ဘုရားမှာ ဆန္ဒပြလှုံ့ဆော်သွားမယ်"ဟု ကိုဆန်းဇော်ထွေးမှ ပြောကြားသည်။

 
စောမြင့်နိုင်  
The Myanma Age

No comments:

Post a Comment