Pages

Pages - Menu

Sunday, November 18, 2012

“ဥပဒေဘောင်ကျော်လျှင် ရဲကိုလည်း ပြန်အမှုဖွင့်လို့ရတယ်”

ပဲခူးတိုင်းပေါင်းတည်မြို့နယ် ကြူတောကန်အုပ်စု နတ်ပုတီးကျေးရွာတွင် နိုဝင်ဘာ(၁၀)ရက်နေ့ည(၉နာရီ၃၀)အချိန်က မူးယစ်ဆဲဆိုသူကို ရဲတပ်ဖွဲ့မှဖမ်းဆီးအရေးယူသည့်ဖြစ်စဉ်တွင်နယ်ထိန်းရဲတပ်ဖွဲ့ဝင်            တစ် ဦးနှင့် အပေါင်းအပါတစ်ဦး မှ ရိုက်နှက် ခဲ့ ကြောင်း ဖမ်းဆီး ခံရသူက ထွက်ဆိုတိုင်ကြားပြီးနောက် နယ်ထိန်းရဲတပ်ဖွဲ့ဝင်မှလည်း ၀တ္တရားနှောင့်ယှက်မှုဖြင့် ပြန်လည်တရားစွဲဆိုသည့် အမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်
။ကျေးရွာသားတို့၏တိုင်ကြားချက်တွင်မအေးစန္ဒာနေအိမ်၌ ရှိနေစဉ် အကိုဖြစ်သူ ဖိုးချို (၃၀)နှစ် နှင့်ရာအိမ်မှုးကိုအောင်မြင့် တို့စကားများသဖြင့် ကိုအောင်မြင့်မှရဲစခန်းသို့တိုင်ကြားရာ ကျေးရွာအုပ်ချုပ်ရေးမှုး ကိုဟန်စိုးနှင့်အတူ နယ်ထိန်း ဒုတပ်ကြပ် အောင်ကျော်မင်းနှင့် နိုင်လင်းအောင်ဆိုသူ တို့အရပ်ဝတ်ဖြင့် ရောက်ရှိလာပြီး ကိုဟန်စိုးမှ နယ်ထိန်းအားဖမ်းဆီးရန်ပြောရင်း ဖိုးချို၏ရင်ဘတ် ကိုတွန်း၍ခြံပြင်သို့ထွက်သွားစဉ် ရဲတစ်ဦးမှ ဖိုးချိုအားလက်ဖြင့် ရိုက်သဖြင့် ဖိုးချို၏ညီမများဖြစ်သောမချိုချိုဝင်း၊မစန္ဒာစိမ်း၊မအေးစန္ဒာတို့မှဝိုင်းဆွဲရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုင်ကယ်မှတုတ်ဖြင့် ၀ိုင်းဆွဲသူများကိုဆက်ရိုက်ခဲ့သည် ဆိုသည်။
၎င်းနေ့ညကဖိုးချိုအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိုဟုလည်းသိရသည်။နယ်ထိန်းဒုတပ်ကြပ်အောင်ကျော်မင်းနှင့် နိုင်လင်းအောင်တို့ ၏ရိုက်နှက်မှုကြောင့် ဖိုးချို၏ညာဖက်မျက်လုံးသွေးခြေဥ၊လယ်ဂုတ်၊ဘယ်ညာလက်ပြင်တို့တွင် အညိုမဲစွဲ အရေပြားပွန်းပဲ့၊ညာနံရိုးပေါ်အရေပြားပွန်းပဲ့ ဒဏ်ရာတို့ရရှိခဲ့သည်။အမှုမှနယ်ထိန်းဒုတပ်ကြပ် အောင်ကျော်မင်းနှင့် နိုင်လင်းအောင်တို့အားပေါင်းတည်ရဲစခန်းမှ (ပ) ၃၉၆၊၁၂ ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။
 နယ်ထိန်းဒုတပ်ကြပ်အောင်ကျော်မင်းမှလည်း ဖိုးချို၏ညီမ မချိုချိုဝင်းမစန္ဒာစိမ်း၊မအေးစန္ဒာတို့ သုံးဦးမှ ၀င်ရောက်သတ်ပုတ်သဖြင့် နယ်ထိန်း ဒုတပ်ကြပ်၏ညာပါး၊လည်ဂုတ်၊ရင်ဘတ်နှင့်ကျောတို့တွင် ဒဏ်ရာများရခဲ့သည်ဟုဆိုကာတိုင်ကြားခဲ့သဖြင့် နယ်ထိန်းဒုတပ်ကြပ်အောင်ကျော်မင်းကို ဒဏ်ရာများရရှိအောင် ၀င်ရောက်သတ်ပုတ်သည့် ညီအစ်မ သုံးဦးကို (ပ)၃၇၀၊၁၂ ပုဒ်မ ၃၃၂ ဖြင့် ပြန်လည်အမှုဖွင့်ထားသည်။၁၉.၁၂.၂၀၁၁ နေ့ကလည်း ပေါင်းတည်မြို့နယ်အင်းကြီးရွာသားကိုမြင့်လှို်င်ကို ပေါင်းတည်အပိုင် မှတ်တိုင်ရဲစခန်းမှရဲတပ်ဖွဲ့ ၀င်များ ရိုက်နှက်မှုကြောင့် ကိုမြင့် လှိုင်မှ ရဲတပ်ဖွဲ့ဝင်သုံးဦးကို အမှုဖွင့်ခဲ့ရာ (ပ)၂၈၂/၁၁ ပုဒ်မ ၃၂၅ ဖြင့် အရေးယူဆောင်ရွက်ခဲ့သည်။

မောင်ဆွေအင်း(PDE)
The Hot News

No comments:

Post a Comment