Pages

Pages - Menu

Saturday, November 3, 2012

ချောင်းသာကမ်းခြေ တွင် သိမ်းဆည်းခံ လယ်မြေ ပြန်လည် ရရှိရေး လူအင်အား၂ဝဝကျော် ဆန္ဒထုတ်ဖော်

 
ဒေသ ဖွံ့ဖြိုးရေး အကြောင်းပြချက်  ဖြင့် သိမ်းဆည်း ထားခဲ့သော  ငွေဆောင်ယံ မြို့နယ်ခွဲ ချောင်းသာ  ကျေးရွာ ရှိ မြေဧက ၆၁၅.၇ ဧက ကို ပြန်လည်ရရှိရေး အတွက် ချောင်းသာကျေးရွာသား ၂ဝဝကျော် နိုဝင်ဘာ လ၂ ရက်  နေ့လည် ၁၂ နာရီခွဲ အချိန်တွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း ၄င်းဆန္ဒ ထုတ်ဖော်ပွဲ  ဦးဆောင်သူ ဦးသိပ္ပံစိုးက The Voice Weekly သို့ ပြောကြား
သည်။ယင်းသို့ ဆန္ဒထုတ်ဖော် ခဲ့ခြင်း အဓိက အကြောင်းရင်းမှာ ဒေသဖွံ့ဖြိုးရေး အတွက် ဟူသော အကြောင်းပြချက် ဖြင့် မြို့ မြေကွက် ဖော်ရန် ဟူ၍ သိမ်းယူ ခဲ့ခြင်း ဖြစ်ကြောင်း၊ စတင် သိမ်းယူစဉ် ကတည်းက တစ်နှစ် အတွင်း ၅ဝ ရာခိုင်နှုန်း ပြီးစီးမှု မရှိလျှင် မူလပိုင်ရှင် ဖြစ်သူများထံ ပြန်လည် ပေးအပ်မည် ဟု ၁၉၉၃ခုနှစ် က သဘော တူညီ ထားကြောင်း ၄င်းက ဆိုသည်။

"ခု တန်းစီပြီးတော့ ကြံခိုင်ရေး လမ်းအတိုင်း နှစ်ရာကျော် လောက် သွား နေတာပါ၊  ဘေးက လိုက်ကြည့်တဲ့ လူနဲ့ဆို ၃ဝဝ လောက်တော့ ရှိတယ်" ဟု ၄င်းက ဆိုသည်။

၂ဝ၁၁ခု အောက်တိုဘာ လ ၄ရက် နေ့တွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် မှ ချောင်းသာ  ACE ဟိုတယ် ခန်းမတွင် ရပ်မိ ရပ်ဖများ ကျေးရွာသူ ကျေးရွာသား များနှင့် တွေ့ဆုံ ကာ ၆လအတွင်း မတည်ဆောက် ဖြစ်ပါက နစ်နာသူ များအား ပြန်လည် စိစစ်ပြီး ပေးအပ်မည်ဟု ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။


 ၂ဝ၁၂ မေလ ၁၁ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင်ဖော်ပြချက် အရ အရင်  ဆောက်လုပ်ခွင့် ရသူများအား ၆လ အတွင်း ပြန်လည် မဆောက်လုပ် နိုင်ပါက ပြန်လည်  သိမ်းယူမည် ဟု ကြေငြာခဲ့ခြင်း ဖြစ်ကြောင်း၊ သို့အတွက် ကြောင့် ၄င်းတို့ အနေဖြင့်  မြေယာ စုံစမ်း စစ်ဆေးရေး ကော်မရှင် အား လာရောက်၍ု စစ်ဆေး ပေးစေလိုကြောင်း  ဒေသခံ များက ဆိုသည်။

"ကျနော်တို့ ထိုက်တန်တဲ့ လျော်ကြေး ရချင်ပါတယ်လို့ အာဏာပိုင် တွေကို ပြော ချင်ပါတယ်" ဟု ၄င်း ဆန္ဒ ထုတ်ဖော်ပွဲ တွင် ပါဝင်သူ ချောင်းသာ ကျေးရွာ (၇)ရပ် ကွက် နေ လယ်မြေ ဧက၉.၄၇ဧက နှင့် အုန်းခြံမြေ ၂ဧက သိမ်းယူခြင်း ခံခဲ့ရသူ ဦးတင်မြင့် က ပြောကြားသည်။

လယ်မြေ များအား သိမ်းယူစဉ် က နစ်နာကြေး တစ်စုံတစ်ရာ မျှ ရရှိခဲ့ခြင်း မရှိကြောင်း၊  အုန်းခြံမြေ များ သိမ်းယူ စဉ်က အုန်းသီးပင်တစ်ပင်အတွက် နစ်နာကြေး တစ်ထောင်ကျပ်သာ ရရှိခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။


The Voice Weekly

No comments:

Post a Comment