Pages

Pages - Menu

Thursday, November 8, 2012

မလေးသွား ခိုးလှေနစ်၍ ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၆၀ သေဆုံး

မလေးသွား ခိုးလှေနစ်၍ ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၆၀ သေဆုံး


မလေးရှားကို သွားသည့် ခိုးလှေ တစ်စီး  နစ်သွားသဖြင့် လူပေါင်း ၆၀ နီးပါးခန့် သေဆုံးသွားကြောင်း ဘင်္ဂလာဒေခ်ျ့မှ ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော The Daily Star သတင်းစာက ရေးသား ဖေါ်ပြသည်။

စက်လှေသည် လူပေါင်း ၁၁၀ ခန့်ကို တင်ဆောင်ပြီး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေမှ မလေးရှားကို ထွက်ခွာစဉ် ယမန်နေ့ (နိုဝင်္ဘာလ ၇ ရက်)  နံနက်က ကမ်းခြေမှ ၂၅ကီလိုမီတာ အကွာ ပင်လယ်ထဲတွင် နစ်မြုပ်သွားသည်ဟ ဆိုသည်။

လှေပေါ်တွင် လိုက်ပါသွားသူ ၅၁ ဦး ကို နီးစပ်ရာ ငါးဖမ်း ဘုတ်များနှင့် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်တင်ခဲ့ရပြီး ကျန် လူ ၆၀ မှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်းစာက ရေးသားဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ရေတပ်မှ လူ (၁၁) ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယခုအခါ ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ထိုအထဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင် (သူတို့ အခေါ် ရိုဟင်ဂျာ) ဆိုသူ နှစ်ဦးပါဝင်ပြီး ကျန် ၉ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြသည်ဟု ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ စက်လှေသည် လူပေါင်း ၆၀ ခန့်ကိုသာ တင်ဆောင်နိုင်သော အရွယ်အစား စက်လှေ ဖြစ်သော်လည်း လူပေါင်း ၁၁၀ ကိုတင်ဆောင်ရာမှ အလေးချိန်များပြီး နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ ထုတ် New Age သတင်းစာက အသက်မသေဘဲ လွှတ်မြောက်လာသူ ကိုနာပါရာ ကျေးရွာမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဂျာမီယာ ဟူဆိန်ကို ကိုးကားပြီး ဖေါ်ပြရာတွင် စက်လှေပေါ်ရှိ လူပေါင်း ၁၁၀ ပါရှိပြီး  ထိုအထဲတွင် ရိုဟင်ဂျာ ၂၀- ၃၀ ခန့်ပါဝင်ကာ အများစုမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြောင်း ဖေါ်ပြသည်။

သို့သော်လည်း ပြည်ပ မြန်မာ သတင်းဌာ တချို့ကမူ အဖြစ်မှန်ထက် ချဲ့ကားပြီး  လှေနစ်ရာတွင် ပါဝင်သူများမှာ များမကြာမှီက ရခိုင် အရေး အခင်းကြောင်း ထွက်ပြေးလာသူ ရိုဟင်ဂျာ ဆိုသူများ ဖြစ်ကြောင်း ဖေါ်ပြကြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လူဦးရေ ထူထပ်ပြီး အလုပ်အကိုင် ရှားပါးမူဖြင့် မလေးရှားသို့ ခိုးလှေများဖြင့် ပွဲစားများကို ငွေပေး၍ မလေးရှားသို့ နှစ်စဉ် တရားမ၀င် ထွက်ခွာနေကြရာ ယခုလို အဖြစ်ဆိုးများနှင့် မကြာခဏ ကြုံတွေ့နေရသည်ဟု ဆိုသည်။

အသက်မသေဘဲ လွှတ်မြောက်လာသူ ဘင်္ဂလားဒေခ်ျ့ နိုင်ငံသား ဂျာမီယာ ဟူဆိန်က သူအနေဖြင့် ပွဲစားအား တာကာငွေ ၂၂၀၀၀ ပေးပြီး မလေးရှားသို့ အလုပ် လုပ်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၇  ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့ အပိုင် အုန်းကျွန်း (စိန့်မာတင် ကျွန်း) အနီးတွင် မလေးသွား ခိုးလှေ တစ်စီး နစ်မြုပ်ရာ လူပေါင်း ၁၂၈ ဦးတွင် ၆ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်ဟု သိရသည်။


ယမန်နေ့ ခိုးလှေ နစ်ရာမှ အသက်မသေဘဲ လွှတ်မြောက်လာသူများ။ (ဓါတ်ပုံ- စတား)

အေးချမ်းမွန်မှNarinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
မလေးရှားကိုသွားသည့်ခိုးလှေတစ်စီးနစ်သွားသဖြင့်လူပေါင်း၆၀နီးပါးခန့်သေဆုံးသွားကြောင်းဘင်္ဂလာဒေခ်ျ့မှထိပ်တန်းသတင်းစာ
တစ်စောင် ဖြစ်သော The Daily Star သတင်းစာ က ရေးသား ဖေါ်ပြ သည်။စက်လှေသည် လူပေါင်း ၁၁၀ ခန့်ကို တင်ဆောင်ပြီး ဘင်္ဂ
လာဒေခ်ျ့ကမ်းခြေမှမလေးရှားကိုထွက်ခွာစဉ်ယမန်နေ့(နိုဝင်္ဘာလ၇ရက်)နံနက်ကကမ်းခြေမှ၂၅ကီလိုမီတာ အကွာ ပင်လယ်ထဲတွင် နစ်မြုပ် သွား သည် ဟ ဆိုသည်။လှေပေါ်တွင် လိုက်ပါသွားသူ ၅၁ ဦး ကို နီးစပ်ရာ ငါးဖမ်း ဘုတ်များနှင့် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့မှ ကယ်တင်ခဲ့ရပြီး ကျန် လူ ၆၀ မှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်းစာ က ရေး သားဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ရေတပ်မှလူ(၁၁)ဦးကိုကယ်တင်နိုင်ခဲ့ပြီးယခုအခါဖမ်းဆီးထိန်းသိမ်းထားကြောင်းထိုအထဲတွင်မြန်မာနိုင်ငံမှမွတ်ဆလင်
(သူတို့အခေါ်ရိုဟင်ဂျာ)ဆိုသူစ်ဦးပါဝင်ပြီးကျန်၉ဦးမှာဘင်္ဂလာဒေခ်ျ့နိုင်ငံသားများဖြစ်ကြသည်ဟုဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက
 ပြောသည်။

အဆိုပါ စက်လှေသည် လူပေါင်း ၆၀ ခန့်ကိုသာ တင်ဆောင်နိုင်သော အရွယ်အစား စက်လှေ ဖြစ်သော် လည်း လူပေါင်း ၁၁၀ ကိုတင်ဆောင်ရာမှ အလေးချိန်များပြီး နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ထုတ် New Age သတင်းစာက အသက်မသေဘဲ လွှတ်မြောက်လာသူ ကိုနာ ပါရာ ကျေးရွာမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဂျာမီယာဟူဆိန်ကိုကိုးကားပြီးဖေါ်ပြရာတွင်စက်လှေပေါ်ရှိလူပေါင်း၁၁၀ပါရှိပြီးထိုအထဲတွင်ရိုဟင်ဂျာ၂၀-၃၀ခန့်ပါဝင်ကာအများစု
မှာ ဘင်္ဂ လာဒေခ်ျ့နိုင်ငံ သားများ ဖြစ်ကြောင်း ဖေါ်ပြသည်။

သို့သော်လည်းပြည်ပမြန်မာသတင်းဌာတချို့ကမူအဖြစ်မှန်ထက်ချဲ့ကားပြီးလှနစ်ရာတွင်ပါဝင်သူ များမှာများမကြာမှီကရခိုင်အရေး
အခင်းကြောင်းထွက်ပြေးလာသူရိုဟင်ဂျာဆိုသူများ ဖြစ်ကြောင်း ဖေါ်ပြကြသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်လူဦးရေထူထပ်ပြီးအလုပ်အကိုင်ရှားပါးမူဖြင့်မလေးရှားသို့ခိုးလှေများဖြင့်ပွဲစားများကိုငွေပေး၍ မလေးရှား
သို့ နှစ်စဉ် တရားမ၀င် ထွက်ခွာနေကြရာ ယခုလို အဖြစ်ဆိုးများနှင့် မကြာ ခဏ ကြုံတွေ့နေရသည်ဟု ဆိုသည်။

အသက်မသေဘဲလွှတ်မြောက်လာသူဘင်္ဂလားဒေခ်ျနိုင်ငံသားဂျာမီယာဟူဆိန်ကသူအနေဖြင့်ပွဲစားအားတာကာငွေ ၂၂၀၀၀ ပေးပြီး
မလေးရှားသို့အလုပ်လုပ်ရန်သွားေ ရာက်ခြင်း ဖြစ်ေ ကြာင်း ပြောဆိုသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့ အပိုင် အုန်းကျွန်း (စိန့်မာတင် ကျွန်း) အနီးတွင် မလေးသွား ခိုးလှေ တစ်စီး နစ်မြုပ်ရာ လူပေါင်း ၁၂၈ ဦးတွင် ၆ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်ဟု သိရသည်။


Narinjara Media

No comments:

Post a Comment