Pages

Pages - Menu

Saturday, November 10, 2012

ချယ်လ်ဆီးပရိသတ် တစ်ဦးအား ရဲကဖမ်းဆီး

လန်ဒန် - စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းတွင် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးနှင့် မန်ချက်စတာ
ယူနိုက်တက် တို့၏ပွဲတွင် လူမျိုးရေးခွဲခြားသော ကိုယ် အမူအရာလက္ခဏာကို ပြသခဲ့သည်ဟု ဆိုသော ချယ်
လ်ဆီးအသင်းကို အားပေးသည့်အသက်၂၈ နှစ်အရွယ်ရှိ သော ဘောလုံးပရိသတ်တစ်ဦးအားတနင်္လာ နေ့
က ဖမ်းဆီးလိုက်ကြောင်း စကော့ တလန်ယဒ်က ပြောသည်။

ချယ်လ်ဆီးက ၅-၄ ဖြင့် အနိုင်ရ သွားသော ထိုနေ့ကပွဲတွင်မန်ယူအသင်းမှတိုက်စစ်မှူးဝဲလ်ဘတ်ကို မျောက်
၏ အမူအရာမျိုးလုပ်ပြသည့် ပရိသတ် တစ်ဦး၏ ပုံကို ဗြိတိန်နိုင်ငံထုတ်သတင်းစာအတော်များများတွင် လွန်
ခဲ့သော သီတင်းပတ်က ဖော်ပြခဲ့ကြသည်။

အောက်တိုဘာ ၃၃ ရက်တွင် "စတန်း ဖို့ဒ်ဘရစ်ခ်ျ၌ လူမျိုးရေးခွဲခြားသောအပြုအမူလုပ်ပြခဲ့သည်ဟုဆိုသော
ကိစ္စ နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို စုံစမ်းစစ်ဆေးနေသောအရာရှိများကလူတစ်ယောက်ကိုဖမ်းဆီး
လိုက်ပါသည်"ဟု လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ကြေညာသည်။

ချိန်းဆိုထားချက်အရ လန်ဒန် အနောက်ပိုင်း ရဲစခန်းတစ်ခုသို့ ရောက်လာခဲ့သော အသက် ၂၈ နှစ်အရွယ်
ရှိ ထိုသူအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ချယ်လ်ဆီးကလပ်အသင်းကလည်း ထိုကိစ္စကို သီးခြားစုံစမ်းစစ်ဆေးလျက် ရှိပြီး ကြာသပတေးနေ့တုန်းက
ထိုသို့အမူအရာလုပ်ပြသူပရိသတ်မှာမည်သူမည်ဝါဖြစ်ကြောင်း ပြောဆိုနိုင်သူများအားမိမိတို့ကလပ်အသင်
နှင့် ဆက်သွယ်ကြရန် မေတ္တာရပ်ခံခဲ့သည်။


(အေအက်ဖ်ပီ),Myanmar Times

No comments:

Post a Comment