Pages

Pages - Menu

Wednesday, November 7, 2012

ယနေ့ (နိုဝင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်ဆွေးနွေးမည့် အကြောင်းအရာများ

ယနေ့ (နိုဝင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်

၁) အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥ ပဒေကြမ်းအား ပြည်သူ့ လွှတ်တော်ကပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အမျိုးသား လွှတ်ေ တာ် ကိုယ် စားလှယ် တစ်ဦးက ဆွေးနွေးခြင်း။
၂) အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ နတ်ရွာစံ သီပေါမင်းတရားကြီးနှင့် မိဖုရားတို့ ရုပ်အလောင်းများမှ အရိုးများ ကို မြန်မာနိုင်ငံ သို့ ပြန်လည် သယ်ဆောင် ပေးပါရန် အဆိုအား လွှတ်တော် ကိုယ်စားလှယ် (၁၄) ဦး က ဆွေးနွေးခြင်း။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်း။ အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၃) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ တိုင်းရင်းသား ပြည်နယ်တို့တွင် ယဉ်ကျေးမှုနှင့် အနု ပညာ ကောလိပ်ကျောင်း တစ်ကျောင်းစီ ဖွင့်လှစ်ပေးရန် အဆိုတင်သွင်းခြင်း။

အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

EMG

No comments:

Post a Comment