Pages

Pages - Menu

Monday, November 19, 2012

မိုင်းဆတ်မြို့တွင် သေနတ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 
ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့အ၀င်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့က တရားမ၀င် သေနတ်(၁)လက်၊ စိတ်ကြွရူး သွပ်ဆေးပြားများနှင့် ယိုးဒယားငွေစက္ကူများ သယ်ဆောင်လာသူ (၄)ဦးကို ဖမ်းမိခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာလ(၁၇)ရက် ညနေပိုင်းမှာ မိုင်းဆတ်မြို့အ၀င် စစ်ဆေးရေးဂိတ်မှာ သတင်းအရ တပ်ထိန်းအဖွဲ့၊ မြို့နယ် ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့မှ ရှာဖွေဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ တရားခံ(၄)ဦးကတော့ တိုက်ဂါး(ခဲရောင်)စီးနင်းလာတာဖြစ်ပြီး မိုင်းဆတ်မြို့ခံလူတွေလို့ သိရပါတယ်။
တရားခံ(၄)ဦးပုံ 
 
သိမ်းဆည်းရမိခဲ့တဲ့ပစ္စည်းတွေကတော့ အေကေ-47 (၁)လက်နဲ့ ကျည်ဆံ(၅၀)တောင့်ကျော်ပါရှိပြီး မူးယစ်ဆေးဝါး ကတော့ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၉၀၀)ကျော်၊ ကာလတန်ဖိုး(၂၄)သိန်းခန့်နဲ့ ယိုးဒယားနိုင်ငံသုံးငွေ ဘတ်(၈၀၀၀၀)ကျော်ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ တရားခံ(၄)ဦးကို မိုင်းဆတ်ရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက် ထားတယ်လို့ သိရပါတယ်။
 
 
ဖမ်းဆီးရမိသည့်ပစ္စည်းများနှင့် တရားခံများစီးလာသည့်ကားပုံ
 
shannnews 

No comments:

Post a Comment