Pages

Pages - Menu

Tuesday, November 27, 2012

ခွင့်ပြုချက်မရှိဘဲ ဘုရားများပင့်လာသူ ဖမ်းခံရ

၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၆၂၀ အချိန် ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ နောင်နွန်း ပူးပေါင်း စစ်ဆေးရေးစခန်းတွင်ကျိုင်းတုံမှတာချီလိတ်သို့သွားမည့်ပင်လုံမြို့၊ရပ်ကွက်(၁)နေ ထွန်းမြင့်(၃၈)နှစ်မောင်း
နှင်၍ ဇနီးဖြစ်သူ နန်းခမ်းဆာ(၂၈)နှစ်လိုက်ပါလာသော ယ/xxxx DT YAMAHA ဆိုင်ကယ်အား ရှာဖွေခဲ့ရာ ဆိုင်ကယ်ကယ်ရီယာခုံပေါ်ရှိ ခရီးဆောင်အိတ်အတွင်းမှဂျာနယ်စက္ကူများဖြင့်ထုပ်ထားသည့် ကြေးသွန်း
ဘုရား ၄ ဆူနှင့် ရဟန္တာပုံတော် ၁ ဆူတို့အား သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ ထွန်းမြင့်နှင့်နန်းခမ်းဆာတို့သည်သာသနာရေးဦးစီးဌာန၏ခွင့်ပြုမိန့်မပါရှိဘဲသယ်ဆောင်
လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကျိုင်းတုံရဲစခန်း (ပ)၂၅၆/၂၀၁၂ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူ
ထားကြောင်း သတင်းရရှိသည်။




ရဲဇာနည်

No comments:

Post a Comment