ရန်ကုန်၊ နိုဝင်ဘာ ၁၁
ယနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ်
ကန်တောင်ကျေးရွာ အနီးရှိ ရွှေတွင်း တစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး
ပိတ်မိနေကြောင်း ဒေသခံ တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
“ခုတောင် ငလျင်က ပြန်လှုပ်နေတယ်” ဟု ၄င်း က နေ့လည် ၁၂နာရီ ၁၅မိနစ် တွင် ပြောကြားသည်။
ရွှေတွင်းထဲတွင် ပိတ်မိနေသော ရွှေလုပ်သား ၁၁ဦးကို ဖော်ထုတ်ရန်
ကြိုးစားနေဆဲဖြစ်ပြီး အခြေနေ အသေးစိတ်ကို မသိရှိရသေးကြောင်း ၄င်းက
ဆက်လက်ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment