ပြည်တွင်း၌မိုဘိုင်းဖုန်းဖြင့်အင်တာနက်အသုံးပြုသူအရေအတွက်မှာ၂၀၁၁နှစ်ကုန်ပိုင်းက ငါးသောင်းကျော်
သာ ရှိခဲ့ရာမှ နောက်ဆုံး စာရင်း များအရ လေးသိန်းငါးသောင်းကျော်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုပုံစံသည် မိုဘိုင်းဖုန်း
အင်တာနက်စနစ်သို့ သိသာစွာ ကူးပြောင်းလာနေပြီဖြစ်ကြောင်းပြည်တွင်း
အခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်
မှ
တာဝန်ရှိသူများက ပြောကြားသည်။ ယခုလက်ရှိ မြန်မာနိုင်ငံ၏
မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ဦးရေ၄၅၀၀၀၀ကျော်ပမာဏမှာစီဒီအမ်အေ၈၀၀မဂ္ဂါဟက်ဇ်ဖုန်းများနှင့်ဂျီအက်စ်အမ် ဖုန်းလိုင်း နှစ်ခုပေါင်း
တွင် အသုံးပြုနေသည့်နှုန်း ဖြစ်သည်။
“ယခုနောက်ပိုင်းဖုန်းကတ်တွေဝယ်ရင်အင်တာနက်လိုင်းကိုပါတစ်ခါတည်းလျှောက်လာကြတယ်။ အရင်လို
လည်းအင်တာနက် လျှောက်တဲ့စနစ်က သိပ်မကြာတော့တာရယ်၊ အင်တာနက် သုံးလို့ကောင်းတဲ့
စမတ်ဖုန်း
တွေများလာတာရယ်ကြောင့် ဖုန်းလိုင်းလျှောက်တာနဲ့
အင်တာနက်လိုင်းကိုပါ လျှောက်လာကြတယ်။ အခု နှစ်လယ်လောက်မှာ အင်တာနက်
အသုံးပြုတဲ့သူတွေ သိသိသာသာ တက်လာတယ်” ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ
တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုလင်းလင်းက ပြောသည်။
ထို့ပြင်အွန်လိုင်းပေါ်မှပြည်တွင်းပြည်ပသတင်းများကိုသုံးစွဲသူများကအချိန်နှင့်တစ်ပြေးညီ သိရှိလိုမှုများက
မြန်မာနိုင်ငံ၏မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုမှုရာခိုင်နှုန်းကိုမြင့်တက်လာစေသည့် အချက်ဟု ပြည်တွင်း
ကွန်ပျူတာ ပညာရှင်အချို့က ဆိုသည်။
သို့သော် မြန်မာ့အင်တာနက် မြန်နှုန်းသည် မိုဘိုင်းဖုန်းများအပေါ် အသုံးပြုရာ၌ စီဒီအမ်အေ ဖုန်းလိုင်းပေါ် အသုံးပြုရသောအင်တာနက်လိုင်းများကကောင်းမွန်သော်လည်းဂျီအက်စ်အမ် ဖုန်းလိုင်းပေါ် အသုံးပြုရသော
အင်တာနက်လိုင်းများက အလုပ်မဖြစ်ကြောင်း သုံးစွဲသူ များထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅
ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်

No comments:
Post a Comment