Pages

Pages - Menu

Tuesday, November 20, 2012

နိုင်ငံပိုင်သတင်းစာများအား ရပ်ဆိုင်းသင့်ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြည်ထောင်စု လွှတ်တော်သို့တင်ပြ

နိုင်ငံပိုင်သတင်းစာများအား ရပ်ဆိုင်းသင့်ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား  လှယ် ဦးသိန်းညွန့်က ပြည်ထောင်စု လွှတ်တော်သို့တင်ပြ

(၂၀၁၃) ခုမတ်လကုန် နောက်ပိုင်း ပြည်ထောင်စုလွှတ်တော်အား ပြန်ကြား ရေးဝန်ကြီး ဌာနမှ နိုင်ငံပိုင် သတင်း စာများ အခန်းကဏ္ဍနှင့် ပက်သက်၍အစီရင်ခံချိန်တွင် နို
င်ငံပိုင်သတင်း စာများ အား ရပ်ဆိုင်း သင့် ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စု လွှတ်တော် သို့တင် ပြခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ(၂၀)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ပဉ္စမပုံမှန် အစည်းအဝေး မနက်ပိုင်း အစီအစဉ်တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စား လှယ်များ နှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး ၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးခြင်း အခန်းကဏ္ဍတွင် ဦးသိန်းညွန့်က တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးသိန်းညွန့်က တင်ပြရာတွင်'' ကျွန် တော်တို့နိုင်ငံမှာ ယခုဒီမိုကရေစီအသွင်ကူး ပြောင်းဖို့ကြိုးစား နေချိန်မှာ နိုင်ငံပိုင်သတင်း စာတွေရဲ့အခန်းကဏ္ဍကိုမြှင့်တင်နေတာတွေ့ ရပါတယ်။ ဒီနေ့ ဒီမိုကရေစီ နိုင်ငံသွားမယ် ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့အတိတ်သမိုင်း ကိုပြန့်ကြည့်ရင် ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ သတင်းစာထုတ်ဝေမှုမရှိခဲ့ပါဘူး။ ပါတီအသီးသီးကပဲ သတင်းစာထုတ် ဝေခဲ့ တာပဲရှိခဲ့ ပါတယ်။ ဒါကြောင့် နိုင်ငံပိုင် သတင်းစာတွေရဲ့အခန်းကဏ္ဍကို ဒီလွှတ် တော်သက်တမ်း မှာပဲ ရပ်ဆိုင်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုလိုအလွဲသုံးစား မှုတွေကိုဖော်ပြရုံဖြင့် သာမက ဒီနေ့ကျွန် တော်တို့အရေးကြီးတဲ့ လွှတ်တော်ရဲ့ သတင်းတွေကိုတောင် နိုင်ငံပိုင် သတင်းစာ တွေထဲမှာ အနည်းအကျဉ်းလောက်ပဲဖော် ပြတာတွေ့ရပါ တယ်။ ကျွန်တော်တို့ဟာ ဒီနေ့ ပုဂ္ဂလိကကဏ္ဍကိုပြန်လည်မြှင့်တင်ပေး မယ်ဆိုရင် အခုပြန်ကြားရေး ဝန်ကြီးဌာနမှ အများ ပြည်သူ ဝန်ဆောင်မှုမီဒီယာဆိုပြီး တော့ဆောင်ရွက်မဲ့ အစီအစဉ်ကိုလည်း ပြန်လည်သုံးသပ် သင့်ပါတယ်။

ကျွန်တော်အကြံပြုချင်တာကတော့ ကျွန်တော်တို့ ဒီနေ့ အပြည်ပြည်ဆိုင်ရာ သတင်းဖြန့် ဝေခွင့်ကို ထုတ်ပြန်ဖို့လိုပါတယ်။ အခြေခံဥပဒေ ပုဒ်မ(၃၈၄)(က)အရပဲ သတင်း လွတ်လပ် မှုတွေ၊ မီဒီယာလွတ်လပ်မှုတွေ အားကောင်း ဖို့လိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မြန်မာ့အလင်း၊ ကြေးမုံဆိုတာ မူလထဲက ပုဂ္ဂလိကပိုင် သတင်းစာတွေပါ။ ဒါကြောင့် ပြန်ကြား ရေးဝန်ကြီးဌာန ရဲ့အလွဲသုံးစားမှုတွေ ကိုတွေ့ ရတဲ့အခါမှာ သတင်းတွေနဲ့ ပက်သက်ပြီး နိုင်ငံပိုင်သတင်းစာဆိုတဲ့ အခန်းကဏ္ဍ ကို ရုပ်သိမ်းသင့်ပါပြီ။ သမ္မတကြီးမိန့်ခွန်းပါ အတိုင်း ပုဂ္ဂလိကအခန်းကဏ္ဍ ကိုပြန်လည် လွှဲအပ်ခြင်းအားဖြင့် သတင်းမီဒီယာလွတ် လပ်မှု အတွက် ပိုပြီးမြှင့်တင်ဆောင်ရွက်နိုင် ပါမယ်။ ဒါကြောင့်(၂၀၁၃) ခုမတ်လကုန် နောက်ပိုင်း ပြည်ထောင်စုလွှတ်တော်ကို ပြန်ကြားရေးဝန်ကြီး ဌာနမှ ပြန်ပြီးအစီရင်ခံ တဲ့အခါမှာ အလွဲသုံးစားမှုတွေ လွှမ်းခြုံနေ တဲ့ နိုင်ငံပိုင်သတင်းစာ အခန်းကဏ္ဍ ကို ရပ် တန့်သင့်ပါကြောင်း'' ပြောကြား ခဲ့သည်။

(၂၀၁၃) ခုမတ်လကုန် နောက်ပိုင်းပြည်ထောင်စုလွှတ်တော် ပြန်ကြား ရေးဝန်ကြီးဌာနမှနိုင်ငံပိုင်သတင်းစာ
များ အခန်းကဏ္ဍနှင့်ပက်သက်၍အစီရင်ခံချိန်တွင်နိုင်ငံပိုင်သတင်းစာများအားရပ်ဆိုင်းသင့် ကြောင်းသင်္ဃန်း
ကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စု လွှတ်တော် သို့တင် ပြခဲ့
ကြောင်း သိရသည်။ နိုဝင်ဘာ(၂၀)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ပဉ္စမပုံမှန် အစည်းအဝေး မနက်ပိုင်း အစီ
အစဉ်တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စား လှယ်များ နှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး ၏ အရေးကြီး
သော စစ်ဆေးတွေ့ရှိချက်များ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးခြင်း အခန်းကဏ္ဍ
တွင် ဦးသိန်းညွန့်က တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးသိန်းညွန့်က တင်ပြရာတွင်'' ကျွန် တော်တို့နိုင်ငံမှာ ယခုဒီမိုကရေစီအသွင်ကူး ပြောင်းဖို့ကြိုးစား နေချိန်မှာ နိုင်ငံပိုင်သတင်း စာတွေရဲ့အခန်းကဏ္ဍကိုမြှင့်တင်နေတာတွေ့ ရပါတယ်။ ဒီနေ့ ဒီမိုကရေစီ နိုင်ငံသွားမယ် ဆို
ရင် ကျွန်တော်တို့နိုင်ငံရဲ့အတိတ်သမိုင်း ကိုပြန့်ကြည့်ရင် ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ သတင်းစာထုတ်
ဝေမှုမရှိခဲ့ပါဘူး။ ပါတီအသီးသီးကပဲ သတင်းစာထုတ် ဝေခဲ့ တာပဲရှိခဲ့ ပါတယ်။ ဒါကြောင့် နိုင်ငံပိုင် သတင်း
စာတွေရဲ့အခန်းကဏ္ဍကို ဒီလွှတ် တော်သက်တမ်း မှာပဲ ရပ်ဆိုင်းသင့်ပါတယ်။ 
 
ဘာကြောင့်လဲဆိုရင် အခုလိုအလွဲသုံးစား မှုတွေကိုဖော်ပြရုံဖြင့် သာမက ဒီနေ့ကျွန် တော်တို့အရေးကြီးတဲ့ လွှတ်တော်ရဲ့ သတင်းတွေကိုတောင် နိုင်ငံပိုင် သတင်းစာ တွေထဲမှာ အနည်းအကျဉ်းလောက်ပဲဖော် ပြတာ
တွေ့ရပါ တယ်။ ကျွန်တော်တို့ဟာ ဒီနေ့ ပုဂ္ဂလိကကဏ္ဍကိုပြန်လည်မြှင့်တင်ပေး မယ်ဆိုရင် အခုပြန်ကြားရေး ဝန်ကြီးဌာနမှ အများ ပြည်သူ ဝန်ဆောင်မှုမီဒီယာဆိုပြီး တော့ဆောင်ရွက်မဲ့ အစီအစဉ်ကိုလည်း ပြန်လည်
သုံးသပ် သင့်ပါတယ်။

ကျွန်တော်အကြံပြုချင်တာကတော့ ကျွန်တော်တို့ ဒီနေ့ အပြည်ပြည်ဆိုင်ရာ သတင်းဖြန့် ဝေခွင့်ကို ထုတ်ပြန်
ဖို့လိုပါတယ်။ အခြေခံဥပဒေ ပုဒ်မ(၃၈၄)(က)အရပဲ သတင်း လွတ်လပ် မှုတွေ၊ မီဒီယာလွတ်လပ်မှုတွေ အား
ကာင်း ဖို့လိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မြန်မာ့အလင်း၊ ကြေးမုံဆိုတာ မူလ
ထဲက ပုဂ္ဂလိကပိုင် သတင်းစာတွေပါ။ ဒါကြောင့် ပြန်ကြား ရေးဝန်ကြီးဌာန ရဲ့အလွဲသုံးစားမှုတွေ ကိုတွေ့ ရတဲ့
အခါမှာ သတင်းတွေနဲ့ ပက်သက်ပြီး နိုင်ငံပိုင်သတင်းစာဆိုတဲ့ အခန်းကဏ္ဍ ကို ရုပ်သိမ်းသင့်ပါပြီ။ 
 
သမ္မတကြီးမိန့်ခွန်းပါ အတိုင်း ပုဂ္ဂလိကအခန်းကဏ္ဍ ကိုပြန်လည် လွှဲအပ်ခြင်းအားဖြင့် သတင်းမီဒီယာလွတ် လပ်မှု အတွက် ပိုပြီးမြှင့်တင်ဆောင်ရွက်နိုင် ပါမယ်။ 
 
ဒါကြောင့်(၂၀၁၃) ခုမတ်လကုန် နောက်ပိုင်း ပြည်ထောင်စုလွှတ်တော်ကို ပြန်ကြားရေးဝန်ကြီး ဌာနမှ ပြန်ပြီး
အစီရင်ခံ တဲ့အခါမှာ အလွဲသုံးစားမှုတွေ လွှမ်းခြုံနေ တဲ့ နိုင်ငံပိုင်သတင်းစာ အခန်းကဏ္ဍ ကို ရပ် တန့်သင့်
ပါကြောင်း'' ပြောကြား ခဲ့သည်။
 
 
နေပြည်တော်သတင်း
 
 
 

No comments:

Post a Comment