Pages

Pages - Menu

Tuesday, November 13, 2012

ဆီးရီးယားဘက်မှ မော်တာကျည် ကျရောက်ပေါက်ကွဲပြီးနောက် အစ္စရေး တုံ့ပြန်ပစ်ခတ်

israel-syria-attack

အစ္စရေးစစ်တပ်သည်ဂိုလန်ကုန်းပြင်မြင့်သို့ဆီးရီးယားဘက်မှပစ်လွှတ်သော မော်တာကျည်ကျေ ရာက်   ပေါက် ကွဲပြီးနောက် တုံ့ပြန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တနင်္လာနေ့ ကတည်းက အစ္စရေး တပ်များသည် ဆီးရီးယား နယ်နိမိတ်ဘက်သို့ တုံ့ပြန် ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ဆီးရီးယား မော်တာကျည်ဆန်များသည် ဂိုလန်ဒေသသို့ ကျရောက် ပေါက်ကွဲခဲ့သလို ကျည်တစ် လုံးသည် အစ္စရေးစစ်တပ် အခြေစိုက်ရာ နေရာအပြင်ဘက်ကိုပင် ထိမှန်ခဲ့သည်။ ဂိုလန်ကုန်းပြင်မြင့် အလယ်ပိုင်းသို့ ကျရောက်ခဲ့သော မော်တာကျည်ဆန်ကြောင့် မိမိတို့ စစ်စခန်းတွင် ထိခိုက်သေဆုံးသူ မရှိကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


"လိုအပ်တဲ့ တုံ့ပြန်မှုအတိုင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က စစ်သားတွေဟာ တင့်ကား ကနေ ပြန်ပစ် ခဲ့ပါတယ်။ ပစ်မှတ် ဦးတည်ရာကတော့ မော်တာကျည်ဆန် စပြီး ပစ်လွှတ်ခဲ့တဲ့ နေရာကိုပါ။ ပြီးတော့ ဆီးရီးယား စစ်တပ်ရဲ့ ရွေ့လျား လက်နက်ကြီး ယာဉ်တစ်စင်းကို တိုက်ရိုက် ထိမှန်ကြောင်း အတည်ပြုချက် ရရှိခဲ့ပါ တယ်"ဟု အစ္စရေးစစ်ဘက်မှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ တယ်လ်အာဇီကာ စစ်စခန်း အနီးသို့ ဆီးရီးယားဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆန်များ ကျရောက်နေသည်မှာ ရက်ပိုင်းမျှ ရှိနေပြီဖြစ်သည်။
israel-syria-attack

အစ္စရေးသည် (၁၉၇၃)ခုနှစ်နောက်ပိုင်း ဆီးရီးယား စစ်ဘက် ယာဉ်တစ်စင်းကို တိုက်ရိုက် ပစ်ခတ်မှုသည် ယခု တစ်ကြိမ် ပထမဆုံး ဖြစ်သည်။ အတည်မပြုနိုင်သော သတင်းများက အစ္စရေးသည် တာမက်ဇ် အမျိုး အစား ဒုံးကျည်တစ်စင်းတည်းဖြင့် ဆီးရီးယား လက်နက်ကြီး အမြောက်ယာဉ်ကို ဖျက်ဆီး ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။ 
 
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းသည် ယခုကိစ္စ အ တွက် နှစ်ဖက် စစ်တပ်များအား အပစ်အခတ် ကင်းမဲ့ဇုန် သတ်မှတ်ချက်ကို ဆက်လက်လေးစား ရန် တောင်း ဆို တိုက် တွန်း ဖွယ် ရှိနေကြောင်း သိရှိရသည်။

Xinhua,planet

No comments:

Post a Comment