Pages

Pages - Menu

Tuesday, November 13, 2012

လေမြို့မြစ် သဲသောင်ပေါ် ရွှေမှုန်များ တွေ့ရှိ

http://khonumthungburmese.org/wp-content/uploads/2012/11/Damsite-map1.jpg




ချင်းပြည်နယ်အတွင်း ဒုတိယအကြီးဆုံးမြစ်ဖြစ်သည် လေးမြို့မြစ် (ပလက်ဝ နယ်) သဲသောင်ပေါ် တွင် ရွှေမှုန်လေးတွေ တွေ့ရသည်ဟု ယနေ့ဆိုသည်။
“ မြစ်ကမ်းနံဘေးက ကျောက်တွေကို ခွဲကြည့်ယင် အထဲမှာ ရွေဝါရောင် အပြောက်ကလေးတွေ ရှိတယ်၊ သဲပေါ်မှာလည်း ရွှေမှုန်လေးတွေတွေ့ ရတယ်၊ အဲဒါတွေကို တရုတ်တွေက ယူသွားကြ တယ်” ဟု ဆက်ပြောသည်။

အဆိုပါဒေသသည် ၂၀၀၉ ခုနှစ်မှ စပြီး ShwetaungHydropower Co.Ltd, Juction Model and High Tech Company (Myanmar), China Datang Overseas Investment Co.Ltd, နှင့် Hydro China Xibei Engineering Company တို့မှ တရုတ် အင်ဂျင်နီယာ ၁၀ဦးနှင့် မြန်မာ အင်ဂျင်နီယာ တစ်ဦးတို့က ကွပ်ကဲပြီး ရေကာတာကို တည်ဆောက်ခဲ့ကြသည်။
 
လေးမြို့မြစ်သည် သဲသောင်၊ ကျောက်များ ပေါများသဖြင့် အနာဂါတ် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ၁၉၆၀ ခုနှစ်တုန်းက ဘူမိဗေဒ ပညာရှင်များ လေ့လာချက်အရ ဤ ဒေသတွင် ရေနံကြောများရှိသည်ဟု ပြောကြသည်။
 
ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ယခုနှစ်ဇန္န၀ါရီလ၂၇ရက်နေ့မှာကွင်းလာဆင်းခဲ့တယ်၊ဒါပေမဲ့ ရေကာတာ
အကောင်အထည်ဖော်မှုကိုယခုနှစ်မိုးရာသီမှာရပ်နားလိုက်တာဖြစ်တယ်၊ရဲတွေနဲ့ဒေသခံတွေကိုတော့ အ
စောင့်ချ ထား တယ်” ဟု ကိုဖေချေ ရပ်ရွာလူကြီးတဦးက ပြောသည်။
 
လေးမြိုမြစ်ကိုတမံပိတ်ပြီးရေကာတာတည်ဆောက်မည်ဆိုပါကမြစ်ကိုအမှီပြုပြီးနေထိုင်စားသောက်နေသည့်
ရွာပေါင်း၆၀ခန့်ရှိပြီးလူဦးရေအားဖြင့်၂၀၀၀၀နီးပါးရှိမည်ဟုခန့်မှန်းရပြီးရေကာတာတည်ဆောက်မှုကို မလို
လား ကြကြောင်း သိရသည်။
 
“ရေကာတာ ဆိုးကျိုးကောင်းကျိုးတွေကို ကျတော်တို့က နားမလည်ဘူး၊ ရေကာတာ တည်ဆောက်လို့ ရွာတွေ ပြောင်း ရွေ့ခိုင်းမယ်၊ ဥယာဉ်ခြံ၊ စိုက်ခင်းတွေ ဆုံးရှူံးမယ် ဆိုတာကိုပဲ စိုးရိမ်နေရတယ်” ဟု ဒေသခံ တဦးက ဆိုသည်။
 
ယင်းကိစ္စနှင့်ပါတ်သက်ပြီးဒေသခံလူငယ်များဦးဆောင်ဖွဲ့စည်းသည့်“လေးမြို့ကိုကယ်တင်ပါ” အဖွဲ့မှ ရေကာ
တာ ဆက်လက် မတည်ဆောက်ရေး လှုပ်ရှားနေကြသည်။
 
ကျတော့်စိုက်ခင်းကိုသိန်း၀၀လျော်ကြေးပေးယင်တောင်မှ လက်ခံမှာမဟုတ်ဘူး၊ အကြောင်းက သိန်း ၂၀၀ ကတခါပဲရတာ၊ကျတာ့်ခြံကနှစ်စဉ်ဝင်ငွေရမယ့်ဟာလေ”ဟုသံထောင်ရွာက ဒညင်းခြံပိုင်ရှင်တဦးက ပြော
သည်။
 
အဆိုပါဒေသတွင် ဒညင်း၊ ရာဘာ၊ ကျွန်းသစ်နှင့် နှစ်ရှည်စားသုံးသီးနှံများ၊ ပဲအမျိုးမျိုး၊ မြေပဲ၊ ငရုတ်၊ ၀ ဥ အဓိက ဖြစ် ထွန်းပြီး ချင်းပြည်နယ်၏ အနာဂါတ်ခိုကိုးရာ စပါးကျီဖြစ်လာနိုင်သည်ဟု ဆိုသည်။
ခိုနှုမ်းထုန် 

No comments:

Post a Comment