Pages

Pages - Menu

Thursday, November 15, 2012

ရန်ကုန်အပါဝင် ပြည်နယ်နှင့်တိုင်း အသီးသီးမှ အကျဉ်းထောင်များမှ အကျဉ်းသားများလွတ်မြောက်မှုအခြေနေ

ယနေ့ အကျဉ်းသားများလွှတ်ပေးရာတွင် ကလေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦးမှမလွတ်ပဲ၊ တပ်ပြေးမှုဖြင့်ထောင်ကျနေသည့်အကျဉ်းသားတစ်ဦးသာလွတ်ကြောင်းသိရသည်။အင်းစိန်ထောင်မှအကျဉ်း
သား ၃၆ ဦးလွှတ်မည်ဟု သိရပြီး၊ ယင်းတို့အနက် အမျိုးသမီး ၇ ဦးခန့်ပါဝင်ကြောင်း၊ ယခုအချိန်တွင်အမျိုးသ
မီးများကို စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း၊အင်းစိန်မှလွှတ်မည့်အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသား 
မပါဝင်ဟု သိရကြောင်း အင်းစိန်ထောင်ရှေ့သို့ရောက်နေသည့် သတင်းထောက်က သတင်းပေးပို့ပါသည်။

အင်းစိန်အကျဉ်းထောင်မှ လွှတ်ပေးသည့်အကျဉ်းသားများတွင် တပ်ပြေးမှုဖြင့် အကျဉ်းကျနေသူ ၁၅ ဦးခန့်
ပါဝင်ကြောင်း အင်းစိန်အကျဉ်းထောင်ဝယ် တပ်ပြေးမှုဖြင့်ထောင်ဒဏ်(၅)နှစ်အကျဉ်းကျနေကာ ယနေ့လွတ်
မြောက်လာခဲ့သည့်လှုငယ်တစ်ဦးကပြောပြသည်။

ယင်းတို့အပြင် နိုင်ငံခြားအကျဉ်းသား(၁)ဦးပါဝင်ပြီး မည်သည့်နိုင်ငံသားဖြစ်ကြောင်းကိုမူ အတိအကျမသိရ
သေးချေ။


သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား ၄ ဦးလွှတ်မည်ဟုသိရပြီး၊ သာယာဝတီအကျဉ်းထောင်ဝယ်အ
ကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုလင်္ကျာထွန်း မပါဝင်ကြောင်းသတင်းရရှိသည်။
 
မန္တလေး အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၂၆ ဦးလွှတ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

ယင်းတို့မှာ နိုင်ငံခြားသား ၂ ဦး၊ တပ်ပြေး ၁၇ ဦး၊ HIV ရောဂါရှိနေသူ ၆ ဦး၊ သက်ကြီးအကျဉ်းသား ၁ ဦးတို
့ဖြစ်ကြောင်းသိရသည်။

ယင်း ၂၆ ဦးအနက် အမျိုးသမီးအကျဉ်းသူ ၂ ဦးပါဝင်ကြောင်းသိရသည်။ နိုင်ငံရေးအကျဉ်းသား ပါ/မပါ ကိုမူ
မသိရသေးချေ။ ယခုအချိန်အထိမူ အကျဉ်းသားများကို မလွှတ်သေးကြောင်းသိရသည်။
 
မန္တလေး အိုးဘိုအကျဉ်းထောင်မှနိင်ငံခြားသားတရုတ်အကျဉ်းသား၂ဦးကိုယနေ့၁၀နာရီခွဲခန့်တွင်စတင်
လွတ်ပေးလိုက်ပြီဖြစ်ကြောင်း ပေါ်ပြုလာနယူစ်း မန်းသတင်းထောက်က သတင်းပေးပို့သည်
 
ဆက်လက်ရရှိသောသတင်းများကိုတင်ပေးသွားပါမည်..........................
 
ပေါ်ပြုလာမြန်မာ, ကိုလတ်(ပန်ဘဲတန်း), 
 

No comments:

Post a Comment