Pages

Pages - Menu

Friday, November 16, 2012

မိမိကိုယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံသားဟု ခံစားမိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အိန္ဒိယသိုမကြာမီကအလည်အပတ်ရောက်ရှိနေခဲ့သောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစု
ကြည်ကမိမိသည်အိန္ဒိယနှင့်ဝေးကွာသည်ဟုတစ်ခါမှမခံစားခဲ့မိကြောင်း၊မိမိကိုယ်ကိုတစ်စိတ် တစ်ပိုင်းအား
ဖြင့်အိန္ဒိယနိုင်ငံသားတစ်ဦးဟု ခံစားမိကြောင်း ပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယတွင် ငယ်စဉ်က ကျောင်းတက်ခဲ့ရာ နယူးဒေလီရှိ လေဒီရှရီရမ်အမျိုး
သမီးကောလိပ်၌ ကျောင်းသူ၊ ကျောင်းသားများ အား မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောခဲ့ခြင်းဖြစ်
သည်။

သူမက "ဒီခန်းမကြီးထဲကို ကျွန်မပြန်ရောက်လာရမယ်လို့ အမြဲပဲ သိခဲ့ပါတယ်။ ဒီမှာ ဂန္ဒီကြီးရဲ့ အကြိုက်ဆုံး
သီချင်းတစ်ပုဒ်ဖြစ်တဲ့ 'ရာဂူပတီရာဂတ်ဗ်ရာဂျာရမ်' သီချင်းကို ဆိုတတ်ဖို့ ကျွန်မ သင်ကြားခဲ့ရတာပါ"ဟု ပြော
သည်။

ထို့အပြင် သူမက မိန့်ခွန်း၌ မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်၍လည်း အိန္ဒိယ၏ အကူအညီ၊ အားပေး
မှု လိုအပ်ကြောင်းကို "ဒီမိုကရေစီဆီ ဦးတည်နေတဲ့ ကျွန်မတို့ရဲ့ တိုးတက်ပြောင်းလဲမှုမှာ ကျွန်မတို့ ရှင်တို့
ရဲ့ အကူအညီလိုအပ်ပါတယ်။

ကျွန်မတို့ ဒီမိုကရေစီရဖို့ ကြိုးစားနေပါတယ်။ ကျွန်မတို့ ရှင်တို့ရဲ့ ကူညီမှု လိုအပ်တယ်"ဟု ထည့်သွင်းပြော
ကြားသည်။

ဒေါ်စုသည် လေဒီရှရီရမ်အမျိုးသမီးကောလိပ်မှ ၁၉၆၀ နှစ်များ အစောပိုင်း၌  နိုင်ငံရေးသိပ္ပံဘွဲ့ ရရှိခဲ့သူဖြစ်
သည်။

7Day News

No comments:

Post a Comment