Pages

Pages - Menu

Thursday, November 29, 2012

အေးရှားဝေါလ်က ရှမ်းပြည်နယ်မှာ မြေထပ်သိမ်းမည်

အေးရှားဝေါလ်က ရှမ်းပြည်နယ်မှာ မြေထပ်သိမ်းမည် -

တရုတ်မြန်မာနယ်စပ်နှင့်နီးသော ရှမ်းပြည်နယ် မူဆယ်မြို့တ၀ိုက် ရွာ(၇) ရွာမှ တောင်ယာမြေတွေကို အေးရှားဝေါလ် ကုမ္ပဏီက အဓမ္မ သိမ်းဆည်း မည်ဟု သိရသည်။

မူဆယ်မြို့နယ် ဂျွန်ဂျော် မန်ဝန်း ဘန်လုံ မန်မော ဟူနား နမ်ခူမ် ဒုန်ခမ်း စတဲ့ ရွာများကိုဖြတ်ပြီး လမ်းဖေါက် လုပ်မည်ဖြစ်၍ လမ်းကြောင်းတလျှောက် လယ်မြေ တောင်ယာမြေများကို သိမ်းဆည်းသွားမည်ဖြစ်သည်။

ယခုကဲ့သို့ သိမ်းဆည်းမည့်ကိစ္စကို အေးရှားဝေါလ်ကုမ္ပဏီက အထက် အာဏာပိုင်များနှင့်သာ ပြောဆိုဆုံးဖြတ်ပြီး သိမ်းဆည်းမည့်နေရာများတွင် အလံများ လာရောက်စိုက်ထူထားလိုက်ပြီဖြစ်သည်။ အဆိုပါ ရွာများမှ သူကြီးများကို အသိပေးခြင်းမရှိပဲ ဆောင်ရွက်ခဲ့သည်။

အေးရှားဝေါလ်ကုမ္ပဏီမှ အသိမ်းခံရမည့် မြေပိုင်ရှင်များကို လျှော်ကြေးငွေ အနည်းငယ်ပေးအပ်မည် ဖြစ်သော်လည်း မြေပိုင်ရှင် တောင်ယာလယ်သမား များမှာ ၄င်းတို့လက်ငုတ်မြေကို ရောင်းချလိုစိတ် မရှိဟုဆိုသည်။

ပြောင်းခင်းဆွပ်ခူးခြင်း စပါးရိပ်သိမ်းချိန် ပြီးပါက အေးရှားဝေါလ်၏ လမ်းဖေါက်မည့်လုပ်ငန်း စတင်မည်ဖြစ်၍ မြေပိုင်ရှင်များ စိုးရိမ်လျှက် ရှိသော်လည်း ပြဿနာ ပြေလည်အောင် မည်သို့ဆောင်ရွက်ရမည်ကို မသိပဲဖြစ်နေသည်ဟု သိရသည်။ A

( Asia World ကုမ္ပဏီ သိမ်းဆည်းမည့် မြေနေရာကို တွေ့ရစဉ် )

အေးချမ်းမွန်မှ  Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Burma-Newselite
( Asia World ကုမ္ပဏီ သိမ်းဆည်းမည့် မြေနေရာကို တွေ့ရစဉ် )
တရုတ်မြန်မာနယ်စပ်နှင့်နီးသောရှမ်းပြည်နယ်မူဆယ်မြို့တ၀ိုက်ရွာ(၇) ရွာမှ တောင်ယာမြေတွေကို အေးရှားဝါလ်
ကုမ္ပဏီက အဓမ္မ သိမ်းဆည်း မည်ဟု သိရသည်။ မူဆယ်မြို့နယ် ဂျွန်ဂျော် မန်ဝန်း ဘန်လုံ မန်မော ဟူနား နမ်ခူမ်ဒုန်ခမ်းစတဲ့ရွာများကိုဖြတ်ပြီး လမ်းဖေါက်လုပ်မည်
ဖစ်၍ လမ်းကြောင်းတလျှောက် လယ်မြေ တောင်ယာမြေများကို သိမ်းဆည်းသွားမည်ဖြစ်သည်။

ယခုကဲ့သို့ သိမ်းဆည်းမည့်ကိစ္စကို အေးရှားဝေါလ်ကုမ္ပဏီက အထက် အာဏာပိုင်များနှင့်သာ ပြောဆိုဆုံးဖြတ်ပြီး သိမ်းဆည်းမည့်နေရာများတွင် အလံများ လာရောက်စိုက်ထူထားလိုက်ပြီဖြစ်သည်။ အဆိုပါ ရွာများမှ သူကြီးများ
ကို အသိပေးခြင်းမရှိပဲ ဆောင်ရွက်ခဲ့သည်။

အေးရှားဝေါလ်ကုမ္ပဏီမှ အသိမ်းခံရမည့် မြေပိုင်ရှင်များကို လျှော်ကြေးငွေ အနည်းငယ်ပေးအပ်မည် ဖြစ်သော်
လည်း မြေပိုင်ရှင် တောင်ယာလယ်သမား များမှာ ၄င်းတို့လက်ငုတ်မြေကို ရောင်းချလိုစိတ် မရှိဟုဆိုသည်။

ပြောင်းခင်းဆွပ်ခူးခြင်းစပါးရိပ်သိမ်းချိန် ပြီးပါက အေးရှားဝေါလ်၏လမ်းဖေါက်မည့်လုပ်ငန်းစတင်မည်ဖြစ်၍ မြေပိုင်
ရှင်များ စိုးရိမ်လျှက် ရှိသော်လည်း ပြဿနာ ပြေလည်အောင် မည်သို့ဆောင်ရွက်ရမည်ကို မသိပဲဖြစ်နေသည်ဟု သိရသည်။

  Burma-Newselite 

No comments:

Post a Comment