Pages

Pages - Menu

Saturday, November 17, 2012

မြစ်ကြီးနား-ပူတာအို လမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်လျက် ရှိသည့် စစ်ကြောင်းများအား ကေအိုင်အေအဖွဲ့က အကြမ်းဖက် တိုက်ခိုက်

ကချင်ပြည်နယ်ပူတာအိုမြို့သည်မစ် ကြီးနားမြို့မှ ၂၁၈ မိုင်အကွာတွင်ရှိပြီး သာမန်အချိန် မော်တော်ယာဉ်ဖြင့် တစ်ညအိပ်ခရီးသာသွားရောက်ရသဖြင့်လမ်းပန်းဆက်သွယ်မှုလွယ်ကူပြီးကုန်စည်စီးဆင်းမှု အဆင်ပြေချာမွေ့ ကာ ဒေသခံတိုင်းရင်းသားများ၊ ဝန်ထမ်းများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားအခြေ အနေများ တိုးတက် ကောင်းမွန် သည့် ဒေသဖြစ်ပါသည်။ သို့သော် ၂ဝ၁၁ ခုနှစ် ဇွန် ၉ ရက်မှ စ၍ ကေအိုင်အေအဖွဲ့၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် မြစ်ကြီးနား-ပူတာအိုလမ်းကြောင်းပေါ်ရှိတံတား၁၅စင်းပျက်စီးခဲ့ရပြီးဒသခံပြည်သူများ၏စားဝတ်နေရေး ခက်ခဲခဲ့ရသည်။ဒေသခံပြည်သူများစားသောက်ရေးအဆင်ပြေစေရန်အတွက်နိုင်ငံတော် အစိုးရ၏ မြန်မာ့လေကြောင်း လေယာဉ်များနှင့် တပ်မတော် လေယာဉ် များဖြင့် ဆန်၊ ဆီ၊ ဆားအပါအဝင် ကုန်စည် များအား အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။
 အဆိုပါ လမ်းတံတားများ ပြုပြင်ရေးအတွက် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ ယာဉ်/ယန္တရားများဖြင့် နိုဝင်ဘာလဆန်းမှ စတင်ဆောင်ရွက် နိုင်ရန် တပ်မတော် စစ်ကြောင်းများက လုံခြုံရေး ဆောင်ရွက်ပေး လျက်ရှိစဉ် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ နိုဝင် ဘာ ၁၅ ရက်အတွင်း ကေအိုင်အေ အဖွဲ့၏ အကြမ်းဖက် မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထိတွေ့မှု (၆)ကြိမ်ဖြစ်ပွားခဲ့ပြီး မိမိစစ်သည် လေးဦး နိုင်ငံအတွက် အသက်ပေးလှူခဲ့ရကာ စစ်သည် ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ပူတာအိုနယ်မြေရှိဒသခံပည်သူများ ကျန်းမာရေးနှင့် စားဝတ် နေရေး အခက်အခဲများ ပြေလည်စေရန် အတွက် နိုင်ငံတော်အစိုးရ၊ ကချင်ပြည် နယ်အစိုးရနှင့် တပ်မတော်တို့ပူးပေါင်း၍ မြစ်ကြီးနား-ပူတာအို လမ်းကြောင်း ပြုပြင်ရေး ဆောင်ရွက်လျက် ရှိသည်ကို ကေအိုင်အေအဖွဲ့က ရန်လိုစွာဖြင့် တစ်ဖက် သတ် တိုက်ခိုက် နေမှုများအပေါ် ဒေသခံ ပြည်သူ များက နာကြည်းဒေါသ ဖြစ်လျက် ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment