Pages

Pages - Menu

Friday, November 2, 2012

ပျားဖွတ်ရန် ပျားအုံလိုက်ရှာရင်း သစ်ပင်တွင်ကြိုးဆွဲချသေဆုံးနေသော လူသေအလောင်းတစ်လောင်းကိုမြင်တွေ့

 
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ ခရိုင်၊အရာတော်မြို့နယ်၊ဇရစ် ကျေးရွာ၏ အရှေ့ဘက် နှစ်ဖာ လုံခန့်ရှိ သနပ်ခါးခြံဝင်းတစ်ခုတွင်   ပျားဖွတ်ရန် ပျားအုံလိုက်ရှာသူ တစ်ဦးက သစ်ပင်တွင်ကြိုးချသေ ဆုံးနေသော လူသေအလောင်းတစ်လောင်းအားအောက်တိုဘာ(၂၇)ရက်၊ညနေ(၅)နာရှိအချိန် ခန့်က တွေ့ရှိခဲ့ကြောင်း အရာ တော်မြို့ခံတစ်ဦးက ပြောကြားသည်။
““ဦးအောင်ဝင်းရဲ့သနပ်ခါးခြံ ဘက်မှပျားလိုက်ဖွတ်သူတစ်ဦးက ကြိုးဆွဲချပြီးသေဆုံးနေတဲ့လူသအလောင်း
ကိုတွေ့ခဲ့ရတာဖြစ်  ပါတယ်””ဟု ၎င်းင်းမြို့ခံတစ်ဦးကဆို ပါတယ်။

သစ်ပင်တွင်လူတစ်ဦးကြိုးဆွဲ  ချသေဆုံးနေခြင်းကို သက်ဆိုင်ရာ သို့ ဆက်သွယ်မေးမြန်းရာတာဝန် ရှိသူတစ်
ဦးက ““သေဆုံးသူက ဇရစ် ကျေးရွာနေ ကို—–အသက်(၄၀) နှစ်ဆိုသူဖြစ်ပါတယ်။

ပျားဖွတ်သွား တဲ့သူက လူသေအလောင်းကိုတွေ့ ရတာကြောင့် ကျေးရွာအုပ်ချုပ်  ရေးမှူးဦးဝင်းဌေးကသက်
ဆိုင် ရာ ရဲဌာနကိုအကြောင်းကြားခဲ့တာ  ဖြစ်ပါတယ်။သေမှုသေခင်းအမှတ်  စဉ် ၁၂/၂၀၁၂အရ အရာတော် ရဲစခန်းက ဆောင်ရွက်ထားပါတယ်”” ဟု တာဝန်ရှိသူ ရဲအရာရှိတစ်ဦး  ကပြောကြားခဲ့ပါသည်။

အရာတော်
Hot News Journal

No comments:

Post a Comment