Pages

Pages - Menu

Friday, November 30, 2012

ပျိုမေတို့ အဖြူဆင်းပြီး ယားယံခြင်း မဖြစ်ရလေအောင်

နိုင်လွန် အတွင်းခံဘောင်းဘီ ဝတ်တတ်တဲ့ အမျိုးသမီး အများစုဟာ မိန်းမကိုယ်မှ ယားယံပြီး အဖြူဆင်းတာ ဖြစ်တတ်
ပါတယ်။ နိုင်လွန် သားဖြစ်ပြီး တင်းကျပ် နေတဲ့အတွက် ချွေးစုပ်ယူမှုမရှိဘဲ မိန်းမ ကိုယ်နေရာမှာ စွတ်စို နေတတ်တာ
ကြာင့် မှိုပိုးတွေ အကြိုက်တွေ့ပြီး ပွားများနိုင်တာမို့ပါ။ ချည်သား အတွင်းခံ ဘောင်းဘီကို ပြောင်းလဲ ဝတ်ဆင်လိုက်
တာနဲ့ ပူလောင်ပြီး ယားယံမှုက ၇၅ ရာခိုင်နှုန်း သက်သာ သွားနိုင်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်သူတွေက အောက်ပါ တို့ကို ပြုလုပ်ဖို့ အကြံပေးထားပါတယ်။
ဒိန်ချဉ်များများစားပေးပါ

ကိုယ်ဝန်ဆောင်တာ ဒါမှမဟုတ် သန္ဓေတားဆေး သောက်တာတွေကြောင့် ဟော်မုန်း အပြောင်းအလဲဖြစ်ပြီး ခုခံအား
စနစ် ကျဆင်းတာ၊ ပဋိဇီဝ ဆေးမှီဝဲတာ ဒါမှမဟုတ် သကြားပါဝင်မှုများတဲ့ အစာတွေ စားတာကြောင့် မိန်းမကိုယ်တွင်း မှိုပိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပွားများလာကာ လူ့အကျိုးပြု ဘက်တီးရီးယားတွေ လျော့နည်းသွားပြီး မှိုပိုးတွေ ဝင်ရောက်လာတာပါလို့ Yale ဆေးတက္ကသိုလ် သားဖွားနဲ့ မီးယပ်ပါမောက္ခ Mary Jane Minkin က ပြောပါတယ်။
 
 လေ့လာမှုတစ်ခုအရ Lacidophilus Bacteria ပါဝင်တဲ့ ဒိန်ချဉ် (အချိုမပါဝင်တဲ့)ကို နေ့စဉ်တစ်ခွက် စားသုံးသူတွေဟာ
 ခြောက်လ အကြာမှာ မှိုပိုးပြန်လည် ကူးစက်မှု သုံးပုံနှစ်ပုံ လျော့သွားတယ်လို့ သိရပါတယ်။

အနံ့အသက် မပါသော တစ်သျှူးအပျော့စားကို သုံးပါ

ရေမွှေးနံ့ရှိနေတဲ့ Pads တွေ၊ Tampon တွေ၊ ချောဆီတွေဟာ မိန်းမကိုယ်တွင်း အက်စစ်ဓာတ်တွေ လျော့နည်းစေတာ
ကြောင့် မှိုပိုးဝင်ရောက်နိုင်ခြေ မြင့်မားစေပါတယ်။ 
 
ဒါ့အပြင် ရေမွှေးမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက မိန်းမကိုယ်မှ နူးညံ့တဲ့ တစ်သျှူးတွေကို ဆွပေးတာကြောင့် မှိုရောဂါပိုး ဝင်ရောက်ဖို့ အခြေအနေ ပေးသလို ဖြစ်သွားပါတယ်လို့ Dr.Minkin က ပြောပါတယ်။

အညိုရောင် ပေါင်မုန့်စားပါ 
 
နေ့စဉ် အဖြူရောင် ပေါင်မုန့်နှစ်ချပ်ထက် ပိုစားသုံးသူတွေဟာ မှိုပိုးပြန်လည် ဝင်ရောက်နိုင်ခြေ ပိုများပါတယ်လို့ Michi
gan တက္ကသိုလ်မှ မကြာခင်က လေ့လာမှုအရ သိရပါတယ်။ ပေါင်မုန့်ဟာ အခွံသန့်စင်အောင် ချွတ်ထားတဲ့ ကာဗိုဟိုက်
ဒရိတ် ဖြစ်တာမို့ သွေးတွင်းသကြားဓာတ် အဆင့်မြင့်တက်နိုင်ပါတယ်။
 
မှိုပိုးဟာလည်းသကြားများရင် ပိုပေါက်ဖွားတတ်ပါတယ်။ဒါကြောင့် ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အညိုရောင်ပေါင်မုန့်
ကို စားပါ။ သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်တွေက ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်း သကြားအဆင့်
ကို တည်ငြိမ်မှု ဖြစ်စေပါတယ်။

By Good Health
snatureenergycare Blog

No comments:

Post a Comment