Pages

Pages - Menu

Thursday, November 15, 2012

သမ္မတ အိုဘားမား မြန်မာခရီးစဉ် မြောက်ကိုရီးယား အန္တရာယ် ပူပန်

အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှု မှာ မြောက်ကိုရီး
ယား ဖြစ်ကြောင်း သံတမန် သတင်းရပ်ကွက်တခုက ပြောသည်။ သမ္မတ အိုဘားမား၏ အတွက် လုံခြုံရေးကို
အမေရိကန် Secret Service များက ၎င်းတို့ဘာသာ လုပ်ဆောင်ခွင့်မြန်မာဘက်က ပေးထားပြီးလက်နက်များ
ပါ မိမိအစီအစဉ်ဖြင့် သယ်ယူတင်သွင်းခွင့် ပြုထားကြောင်းလည်းနေပြည်တော် သတင်းရပ်ကွက်တခုက ဆို
သည်။ “ယခုအချိန်အထိ သမ္မတအိုဘားမား ဘယ်မှာတည်းမယ်။ နေရာ အတိအကျတွေကို အမေရိကန်ဘက်က မ
ပေးဘူး” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

မြောက်ကိုရီးယား ပညာရှင်အချို့ မြန်မာနိုင်ငံထဲတွင် ရှိနေဆဲဖြစ်သည်ဟု အကဲခတ်များက ထင်မြင်ချက် ပေး
ထား ကြသည်။

မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတအနေဖြင့် ပထမဆုံး ရောက်လာမည့် ခရီးစဉ်အတွင်း ရန်ကုန်မြို့သို့ သွား
ရာက် မှာဖြစ်သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသော်လည်း နေပြည်တော်သို့ သွားရောက်မည် မသွား
ရောက်မည်ကိုမူ လျို့ဝှက်ထားဆဲ ဖြစ်သည်။

သီးခြား အတည်မပြုနိုင်သော်လည်း သတင်းရပ်ကွက်များအရ သမ္မတ အိုဘားမားမှာ မြန်မာသမ္မတ ဦးသိန်း
စိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံမည်
ဟုဆိုသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ နိုဝင်ဘာလ ၁၉  ရက်နေ့ နံနက်တွင် ရောက်ရှိလာမှာ ဖြစ်ပြီး ထိုနေ့ မွန်းလွဲ
ပိုင်းတွင် ပင် လေဆိပ်မှ ပြန်လည်ထွက်ခွာမည်ဟု ရန်ကုန်ရှိ အမေရိကန် သံရုံးထုတ်ပြန်ချက်တွင် တွေ့ရ
သည်။

အိုဘားမားခရီးစဉ်တွင် လုံခြုံရေး စိုးရိမ်ရလျှင် ဖျက်သိမ်းရန်အထိပါ စဉ်းစားထားသော်လည်း မြန်မာဘက်
ကတော့ နေပြည်တော်ကို အရောက်လာစေချင်သည်ဟု သံတမန် သတင်းရပ်ကွက်က ပြောသည်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော တောင်ကိုရီးယားသမ္မတချန်ဒူးဝှမ်ကိုလုပ်
ကြံ သတ်ဖြတ်ရန် မြောက်ကိုရီးယားက လျို့ဝှက်စေလွှတ်ကာ လုပ်ဆောင်ခဲ့ရာတွင် တဦးကို လက်ရ ဖမ်းမိခဲ့
သည်။ သူက မြောက်ကိုရီးယား စစ်ဘက် အရာရှိဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ရန်ကုန်မြို့ အာဇာနည်
ကုန်းတွင် ဗုံးခွဲလုပ်ကြံမှုကြောင့် တောင်ကိုရီးယား အစိုးရအဖွဲ့ဝင်များ အပါအဝင် ၂၁ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။
 
 
မဇ္ဈိမသတင်းဌာန

No comments:

Post a Comment