Pages

Pages - Menu

Friday, November 2, 2012

မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင် ကုမ္ပဏီလီမိတက် ဖွဲ့စည်း တည်ထောင်ပြီးဖြစ်ကြောင်း အများပြည်သူသို့ ကြေညာ

မြန်မာ့ဆက်သွယ်ရေးကွန်ရက်အများပိုင်ကုမ္ပဏီလီမိတက်ကိုနိုင်ငံတော်အစိုးရမှ ချမှတ်ထားသောမူဝါဒများနှင့်အညီဆက်သွယ်ရေး
ဝန်ဆောင်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကဏ္ဍအနေဖြင့် ပါဝင်ပူးပေါင်းဆောင် ရွက် ရန် အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေနှင့်
အညီ၂၀၁၂ ခုနှစ် အောက်တိုဘာ၂၄ ရက်တွင်ကုမ္ပဏီမှတ်ပုံတင်အမှတ်၃၀၅၂/၂၀၁၂-၂၀၁၃ ဖြင့်ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်
ကြောင်း အများပြည်သူအား ကြေညာအပ်ပါသည်။
ကုမ္ပဏီရုံးခန်းတည်နေရာ- ငါးလွှာ၊ ဆရာစံပလာဇာ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်နှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
မြို့။ကုမ္ပဏီသည် နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်သွယ်ရေး၊ ဝန်ဆောင်
မှုလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထား၍ ဆက်သွယ်ရေး ဝန်ဆောင်မှု

လုပ်ငန်းများဆောင်ရွက်ရန်၊မိုဘိုင်းဖုန်း၊ ကြိုးဖုန်း၊ ရုပ်မြင်သံကြား၊ သတင်းနှင့် ဆက်သွယ်ရေး၊ အင်တာနက် ဝန်ဆောင်မှုများပေးရန်၊ ဆက်သွယ်ရေးကွန်ရက် ဒီဇိုင်းရေးဆွဲခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့
ကို လုပ်ကိုင်ဆောင်ရွက်ရန် ရှိပါသည်။


အစုရှယ်ယာတစ်စုလျှင်ကျပ်တစ်သောင်းသတ်မှတ်ထားပြီးအများပြည်သူ၏အစုရှယ်ယာများကိုမကြာမီကာလအတွင်းဖိတ်ခေါ်မည်ဖြစ်
ပါကြောင်းအသိပေးကြေညာအပ်ပါသည်ဟု၂၀၁၂ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။


ခေတ်လှုငယ်သတင်း

No comments:

Post a Comment