Pages

Pages - Menu

Monday, November 12, 2012

ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မြန်မာ စစ်တပ်နဲ့အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတို့တိုက်ပွဲဖြစ် ပွား


မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ်ရခိုင်ပြည်နယ်မာင်တောမြို့မြောက်ပိုင်းမှာမြန်မာစစ်တပ်နဲအမည်မသိလက်
နက်ကိုင်တပ်ဖွဲ့တစ်ခုတို့အကြားမနေ့ညနေက ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ် လို့ ဒေသ ခံတွေ က ပြောပါတယ်။
တိုက်ပွဲဟာနစကနယ်မြေ(၁) လို့သတ်မှတ်ထားတဲ့အောင်သေပြ အပိုင် ဗန္ဓုလ ကျေးရွာ အနီးမှာ ယ မန်နေ့ ညနေ ၈ နာရီခွဲကနေ ၁၁ နာရီထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
 
တိုက်ပွဲဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ အောင်သပြေကျေးရွာ သားတဦးက နိရဉ္စရာကို အခုလို ပြောပြပါ တယ်။

ည၈နာရီကျော်မှာဘင်္ဂလာဒေခ်ျ့နယ်မြေထဲကဓါတ်မီးတွေနဲ့ လူတချို့ ၀င်ရောက်လာရာကနေ စတင် တိုက် ပွဲဖြစ်ပွားတယ်လို့သိရပါတယ်။ဗန္ဓုလနယ်မြေနယ်စပ်မိုင်တိုင်အမှတ်(၅၂)(၅၃)အကြားမှာဖြစ်ပွားခဲ့တာ ဖြစ်
ပါတယ်။ ညဥ့် ၁၁ နာရီထိ သေနတ်သံတွေ ကြားနေရပါတယ်။ လက်နက်ကြီးသံတွေလည်း ကြား ရပါတယ်။ ဒီမှာ သတင်းဖြစ်နေတာကတော့ ဟိုဘက်က ၀င်လာတာက ကုလား ပြောက် ကျားတွေ လို့ ပြောပါတယ်။”
မိုးချုပ်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် ဘယ်အဖွဲ့အစည်းနဲ့ ဖြစ်ပွားတယ်ဆိုတာ အတိအကျ မသိရသေး သ လို အထိအခိုက် ဘယ်လောက်ရှိတယ်ဆိုတာလည်း မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
 
တိုက်ပွဲဖြစ်ပွားပြီးသိပ်မကြာခင်မှာဘဲအောင်သပြေရွာမှာရှေ့တန်းစခန်းထိုင်နေတဲ့ဗျူဟာမှူး ကိုယ်တိုင် ကား ၃စီးနဲ့ အတူ တိုက်ပွဲ ဖြစ်တဲ့ နယ်စပ်ကို လိုက်သွားခဲ့တယ်လို့ ပြောပါတယ်။
နိုဝင်္ဘာလ ၆ ရက်နေ့က အခု တိုက်ပွဲ ဖြစ်ပွားရာ နေရာ နယ်စပ်အနီးမှာ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုရဲ့ ၀င်ရောက် တိုက်ခိုက်တဲ့အတွက် ဂျီအီးတပ်သား တစ်ဦး ကျဆုံးပြီး သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်ခံ သွားခဲ့ ရပါတယ်။
 
အဲဒီနေ့က စပြီး နယ်စပ်မှာ မြန်မာဘက်က စစ်တပ် တပ်ရင်း (၆) ခုခန့် တိုးချဲ့ချထားပြီး ဖမ်း ဆီး ခေါ်ေ ဆာင်ခံ သွားရတဲ့ တပ်သားတွေကို လိုက်ရှာဖွေနေတဲ့ အတွက် အခြေအနေဟာနယ်စပ်မှာ တင်းမာနေခဲ့ တာ ဖြစ်ပါတယ်။
 
တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသမှာ ရခိုင်နဲ့ တောင်ပေါ်သား ကျေးရွာ (၇) ရွာခန့်ရှိပြီး အဲဒီအထဲမှာ ဗန္ဓုလ၊ တပ်ေ ချာင်း၊ အောင်သပြေ၊ ဒိန်းညိုစတဲ့ ရွာတွေပါဝင်ပြီး အိမ်ခြေပေါင်း  ၅၀၀နီးပါးခန့်ရှိတယ်လို့ သိရ ပါ တယ်။
 
တိုက်ပွဲ ဖြစ်ပွားနေတဲ့ အတွက် ဒေသခံတွေကတော့ စိုးရိမ်မူတွေ တိုးပွားနေပြီး သူတို့ရဲ့ အလုပ်တွေ ကို လည်း သွားေ ရာက် မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။
narinjara

No comments:

Post a Comment