Pages

Pages - Menu

Sunday, November 11, 2012

ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ နှစ်ဦး သေဆုံး


စစ်ကိုင်းမြို့နယ် ညောင်ပင်ပန်း ရဲစခန်းမှူး ဒုတိယ ရဲအုပ် ဥာဏ်တင် တာဝန်မှူး ဆောင် ရွက် နေစဉ် ရွာမဇရပ် အနီးတွင် နိုဝင်ဘာ ၇ ရက် နံနက် ၆ နာရီက ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မန္တလေး-မုံရွာ ကားလမ်း မိုင်တိုင် အမှတ် (၃၄/ဝ)နှင့် (၃၄/၁) အကြားတွင် မုံရွာဘက်မှ မန္တလေး ဘက်သို့ ယာဉ်မောင်း ဦးလှစော မောင်းနှင် လာသော ယာဉ်အမှတ် သ/....(ဗင်ကား အဖြူရောင်)နှင့် မန္တလေးဘက်မှ မုံရွာဘက် သို့ ယာဉ်မောင်း ဦးကြည်ဝင်း မောင်းနှင်လာသည့် ယာဉ်အမှတ် ၁ယ/... (မတ်တူး)မော်တော်ယာဉ် သည် မျက်နှာချင်းဆိုင် အရှောင်တွင် တိုက်မိပြီး သ/...(ဗင်)မော်တော်ယာဉ် ပေါ်တွင် လိုက်ပါ လာသော ဒေါ်ခင်စန်းဝင်း ၅၂ နှစ်၊ ညီမဖြစ်သူ ဒေါ်ခင်စန်းမာ ၃၅ နှစ်(ဘ)ဦးညို သီဟရပ် မြင်းမူမြို့ နေသူတို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံး သွားသည်။
ယာဉ်မောင်း ဦးလှစော ၅၂ နှစ် (ဘ)ဦးသိန်းအောင် သီဟရပ် မြင်းမူမြို့ နေသူမှာ မျက်နှာနှင့် နှာခေါင်း အထက် ပေါက်ပြဲဒဏ်ရာ၊ ခြေထောက် နာကျင် ဒဏ်ရာများ ရရှိ သွားပြီး ယာဉ် အမှတ် ၁ယ/...(မတ်တူး) မော်တော်ယာဉ် ပေါ်မှ ယာဉ်မောင်း ဦးကြည်ဝင်းမှာ ဘယ်ခြေထောက် ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ယာဉ်ပေါ် လိုက်ပါလာသူ ဒေါ်ညွန့်ခင် ၆၂ နှစ်(ဘ)ဦးဘဟိန်း ချမ်းမြ သာစည် တောင်ရွာသစ် မန္တလေး နေသူမှာ ဘယ်ခြေ၊ ညာခြေ နာကျင်ဒဏ်ရာ၊ အတူ လိုက်ပါလာ သူ  ဒေါ်သန်သန်းစိုး မှာ မည်သည့် ဒဏ်ရာမှ မရရှိဟု သိရသည်။
ထို့ကြောင့် ယာဉ်ကို မဆင်မခြင် မောင်းနှင်ခဲ့သော ယာဉ်မောင်း ဦးလှစောနှင့် ဦးကြည်ဝင်း တို့အား စစ်ကိုင်း အမှတ်(၁) ရဲစခန်းမှ(ပ) ၆ဝ၁/၂ဝ၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄(က)/၃၃၈ တို့အရ အရေးယူ စစ်ဆေးလျက် ရှိကြောင်း သိရသည်။     
 
မြ၀တီ

No comments:

Post a Comment