Pages

Pages - Menu

Friday, October 26, 2012

အမေရိကန်လေဆိပ်များတွင် Scan ဖတ်စက်သစ်များ ပြောင်းလဲတပ်ဆင်

အမေရိကန်လေဆိပ်များတွင် Scan ဖတ်စက်သစ်များ ပြောင်းလဲတပ်ဆင်

အမေရိကန် အစိုးရသည် လေဆိပ်များတွင် တပ်ဆင်ထားသော ကိုယ်လုံးပေါ် Scanဖတ်စက်များကို ပြောင်း
လဲ တပ်ဆင်မှု စတင်နေကြောင်းသိရှိရသည်။ယခုအခါအချို့သော လေဆိပ်များတွင် လက်ရှိ သုံးစွဲနေသော
Scanဖတ်စက်များ အစား အမျိုးအစားသစ် စက်ကိရိယာများကို လဲလှယ်မှု စတင်နေကြောင်း သတင်းများက ဆိုသည်။ အစောပိုင်းက အသုံးပြုသော Scanဖတ်စက်များသည် အဝတ်အစားများကို ဖောက်ထွင်း မြင်ရလေ့ရှိရာ Privacy ပေါက်ကြားမှုများ ရှိနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ယခုScanဖတ်စက် အသစ်များတွင်မူ ကာတွန်းဆန်ဆန် ကောက်ကြောင်းများဖြင့်သာ ရုပ်လုံးဖော် ပြသတော့မည် ဖြစ်သည်။

ပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများက ယခုနည်းပညာသစ်သည် ခရီးသည်များ၏ Privacyဆိုင်ရာ စိုးရိမ်ရမည့် အခြေအနေကို ကျော်လွှားနိုင်မည် ဖြစ်သဖြင့် စစ်ဆေးမှုများတွင် ပိုမို မြန်ဆန်လာမည်ဟု ယူ
ဆနေသည်။ "X-Rayပုံစံ Sacnဖတ်စက် တစ်မျိုးပါပဲ။

ဒါပေမဲ့ Privacyပိုင်းကို ပိုထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ ဆက်ရင်ဆိုင်ရမယ့် အခြေ
အနေကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတဲ့ မေးခွန်းမျိုးပါ"ဟု အမေ
ရိကန် Civil Liberties Unionမှ Privacyဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဂျေးစတန်လေက ပြောကြားခဲ့သည်။

ယခင် Scanဖတ်စက်များကို ချက်ချင်း အနားပေးဦးမည် မဟုတ်ဘဲ သေးငယ်သော လေဆိပ်များသို့ ရွှေ
့ပြောင်း တပ်ဆင်သွားမည်ဟု သိရသည်။

သို့သော်လည်း လေဆိပ်ကြီးများတွင်မူ ခရီးသည်များ၏ တောင်းဆိုမှုကြောင့် Privacyဆိုင်ရာ ကဏ္ဍတွင် ပိုမို အားကောင်းစွာ အလေးပေး ပြောင်းလဲလာခြင်းဟု သိရှိရသည်။

Source: Yahoo

No comments:

Post a Comment