Pages

Pages - Menu

Thursday, October 4, 2012

ကိုရီးယားနိုင်ငံ IAC ၏ အကူအညီဖြင့် မြန်မာနိုင်ငံတစ်ဝန်း အင်တာနက် ရရှိရန် ဆောင်ရွက်မည်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက် ရရှိနိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကိုးရီးယားနိုင်ငံ အမျိုး သား သတင်းအချက်အလက် အဖွဲ့အစည်း (National Information Society Agency) ၏ လက်အောက်ခံ သတင်းအချက်အ လက် ရယူသုံးစွဲမှု စင်တာ (Information Access Center - IAC) နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန် ပျူတာအသင်းချုပ် (MICT Park) နှစ်ပတ်လည် အခမ်းအနားတွင် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း က ပြောကြားခဲ့သည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် IAC နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီးနောက် အောက်တိုဘာလ ဒုတိယအပတ်အတွင်း လုပ်ငန်းများ စတင်ပြီး အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
အဆိုပါ ဆောင်ရွက်မူတွင် အင်တာနက် အသုံးပြုမှုနည်းစနစ်များကိုပါ သင်တန်းများ ပြုလုပ်ပို့ချပေးခြင်း၊ သုတေသန ဆောင်ရွက်မှု များ ပြုလုပ်ခြင်းနှင့် အခြားဆွေးနွေးပွဲများလည်း ပြုလုပ်ဆောင်ရွက်သွား မည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
“အဲ့ဒီလို ဆောင်ရွက်မှုတွေမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်တာနက် အသုံးပြုနိုင်ရန် အတွက် သင်တန်းပေးမှုတွေနဲ့ ပတ် သက်တာတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။” ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အဆိုပါ နှစ်ပတ် လည် အခမ်းအနားတွင် ပြောကြားခဲ့သည်။
 
ထို့အပြင် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း ထပ်မံလုပ်ဆောင်သွားမည် လုပ်ငန်းစဉ်များလည်း ရှိနေသေးကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ အင်တာနက် Bandwidth မှာ စတင်ချိတ်ဆက် အသုံးပြုခါစက 45Mbps သာရှိခဲ့သော်လည်း ယခုအခါ၌ 14 GB အထိ ရှိလာခဲ့ပြီဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံက SE ME WE 3 အင်တာနက်ဆက် ကြောင်း လိုင်းအား သုံးစွဲနေခြင်းဖြစ်ပြီး SE ME WE 5 သို့ အဆင့်မြင့်တင်ရန် ကြိုးပမ်းနေချိန်ဖြစ်သည်။
 
ထိုသို့ ဆောင်ရွက်ရာတွင် e-government ၊ e-commerce နှင့် e-education အစသည်များအား ဆောင်ရွက်နိုင်ရန်အတွက် အင်တာနက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းက ထုတ်ဖော်ပြောကြားခဲ့သည်။
 
ရွှေလုံး

No comments:

Post a Comment